Saturday, February 27, 2010

ပြောကြည့်တာပါ

သူငယ်ချင်း........
discovery ကိုကြည့်ဖူးပါတယ်နော်....အဲဒီမှာဘာတွေမြင်ရသလဲဆိုတော့
ခြင်္သေ့တွေ၊ကျားတွေဟာ သမင်လေးတွေ ဒရယ်လေးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်စားသောက်ကြတယ်ကွနော်....အဲ....ခြင်္သေ့တွေကရော ကျားတွေကပါ
သူတို့အချင်းချင်းတော့ သေလောက်အောင်ဘယ်တော့ မတိုက်ခိုက်ကြဘူးကွာ....
တခါတခါ ဗိုလ်လုတဲ့သဘော၊အားပြိုင်တဲ့သဘောလောက်တော့ အနိုင်အရှုံးပေါ်ရုံ
အခြေအနေလောက်တော့ တိုက်ခိုက်တတ်ကြပါတယ်..
သူတို့ထက်အင်အားကြီးတဲ့ ဆင်တို့လို သစ်ကုလားအုပ်တို့လိုသတ္တ၀ါမျိုးကိုတော့
စုပေါင်းပြီးတိုက်ခိုက်ကြတာကိုတွေ့ရဖူးပါတယ်...သူတို့တိုက်ခိုက်ခံကြရတဲ့သတ္တ၀ါ
အားလုံးဟာလဲ..နောက်ဆုံးတော့သူတို့တွေရဲ့ အစာဖြစ်သွားကြတာချည်းပါပဲ၊
အဲဒါလေးသတိပြုမိပါသလား? ငါတို့လူတွေကျတော့ဒီလိုမဟုတ်ဘူးကွ...
ကျားတို့ ခြင်္သေ့တို့က တခြားတိရိစ္ဆာန် သတ္တ၀ါလေးတွေကိုသတ်ဖြတ်တာက
တကြိမ်မှာ တကောင်လောက်ပဲ သတ်ဖြတ်နိုင်တာပါ။လူတွေကျတော့ တကြိမ်
တည်းနှင့်အသက်ပေါင်းများစွာကို ခေတ်မီနည်းပညာတွေ၊လက်နက်တွေနှင့်
မျိုးတုန်းအောင်သတ်ဖြတ်ပြစ်တတ်တယ်ကွ...သက်ရှိသတ္တ၀ါတွေထဲမှာ လူဟာ
အသိဥာဏ်အရှိဆုံး..စဉ်းစားတွေးခေါ်တတ်ဆုံး...အယဉ်ကျေးဆုံး..အလိမ္မာဆုံးဆိုတာ
ဘယ်သူဘယ်လိုမှမငြင်းနိုင်ဘူးနော်...တဘက်ကကြည့်ရင် ကျေးဇူးအကန်းတတ်ဆုံး၊
အယုတ်မာဆုံး၊အကောက်ကျစ်ဆုံး၊အမိုက်မဲဆုံးသတ္တ၀ါကိုပြပါဆိုရင်လဲ...လူတွေကိုပဲ
လက်ညိုးထိုးပြရလိမ့်မယ်ထင်တယ်...ကမ္ဘာ့သမိုင်းကိုပဲကြည့်ကြည့်....
လူ့သမိုင်းကိုပဲလှန်လှန် အမှန်တကယ်တွေ့ရမှာကတော့ လူသားတွေလူမဆန်စွာ
တိုက်ခိုက်သတ်ဖြတ်ကြတဲ့အာဏာလုတဲ့စစ်ပွဲတွေ၊နေရာလုတဲ့စစ်ပွဲတွေမှာလူတွေဟာ
အသက်ပေါင်းများစွာကို စတေးခဲ့၊ပေးဆပ်ခဲ့ကြရတယ်ဆိုတာပါ။
မျိုးနွယ်မတူဇာတ်ကွဲဘာသာခြား၊တိုင်းတပါးကတိုက်ခိုက်တယ်ဆိုတာ လူသမိုင်း
တလျှောက်မှာ စာမျက်နှာအတော်များများ နေရာယူထားတာမို့..အံ့သြဖို့တော့
မရှိပါဘူး...
ငါတို့မြန်မာနိုင်ငံသား(ငါတို့ဗမာလူမျိုးတွေ)ကျတော့ တိုင်းရင်းသားညီကိုအရင်း
အချင်းချင်းတွေ တိုက်ခိုက်နေကြတယ်...တနိုင်ငံတည်းသားတွေ၊တမြေတည်းနေ၊
တရေတည်းသောက်ခဲ့ကြသူတွေဟာ..အချင်းချင်းမသိရင် သူပုန်တဲ့လား?
မယုံရင် ရန်သူတဲ့လား? ဒီလိုစိတ်ဓါတ်တွေ မွေးအပ်ပါသလား...
အတူလက်တွဲပြီး အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ဖူးသူတွေ..
လွတ်လပ်ရေးကို အတူယူခဲ့ဖူးသူတွေပါ။ တယောက်ကျေးဇူး တဦးမေတ္တာ
ဆိုတဲ့ လှပတဲ့ စကားလုံးတွေဟာ ဗီဒိုထဲမှာ စာအုပ်ထဲမှာပဲ ရှိနေသင့်ပါသလား?
လက်တွေ့ဘ၀ထဲမှာ အံမ၀င်တဲ့ ၀ါကျတကြောင်းဖြစ်နေပါသလား?
ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်အသိုင်းအ၀ိုင်း၊ကိုယ့်အဖွဲ့အစည်းကို
ကမ္ဘာ့အလယ် မျက်နှာငယ်အောင်၊တပိုင်းစီ တစစီ စုပ်ပြတ်သတ်ပြီး
မြောင်းထဲရောက်အောင် ဘာလို့ ငါတို့တွေလုပ်နေကြသလဲ.....

ထိုနေ့ကား....ဤနေ့မဟုတ်ပါလေ...

what is a blog?တဲ့
A blog is a personal diary.လို့ဖွင့်တာဆိုတော့ ကိုယ်လဲရောက်တတ်ရာရာ ဟိုအကြောင်း ဒီအကြောင်းတွေကိုလွတ်တင်လိုက်တာပဲ။သူများအကြောင်းကိုယ့်အကြောင်းပေါ့။အကြောင်းသုံးပါးမက၊
လေးပါး၊ငါးပါးတွယ်လိုက်တာပေါ့။
ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး၊လုပ်ချင်တာတစ်ခုတည်းရယ်ပါ၊ဘာမှမကျွှမ်းကျင်ပါဘူး။
ပိုင်နိုင်တာမရှိပါဘူး။လုပ်ချင်တာပဲသိတယ်နော်၊
ဒီတော့လဲကျုပ်ကရေးချင်တာရေးလိုက်မယ်၊တင်ချင်တာတင်လိုက်မယ်၊ခင်ဗျားတို့ကဖတ်ချင်ရင်လာဖတ်။
မဖတ်ချင်ရင်လွှင့်ပြစ်လိုက်၊တိုင်ဖက် ပက်လက်လန်..မြောင်းကြားကျွမ်းစိုက်နေပါစေပေါ့။
ကိုယ့်ပို့စ်တွေကိုပြောပါတယ်..ခင်ဗျားတို့အကြောင်းလဲပါနိုင်သလို...ကျုပ်ဘ၀ရဲ့ငယ်ကျိုးငယ်နှာတွေလဲပါမှာပဲ။
လက်သရမ်းတယ်ပြောပြော....လန်းသရက်တယ်ဆိုဆို...ဘယ်လိုပဲမှတ်ချက်ပေးပေး အတွေးအိပ်မက်ကိုတော့...ဟော့ဒီဘလော့ဂ်ကနေ ဆက်လက်ပြီးတင်နေပါရစေလား ...အဟား.....
ဒီနေ့နီကိုရဲ ရဲ့မကြည်ပြာနှင့်တွေ့တယ်....ရဲဝင်းဆိုတဲ့ အူကြောင်ကြောင်ငနဲကို အားမရဘူး...ထိုသို့ချစ်ရပါသောမကြည်ပြာကို....စွဲသွားတယ်..တော်တော်လေးကောင်းပါတယ်..
တခါတခါတယောက်တည်းအသံထွက်အောင်တောင်ရီမိတယ်...တချို့ဟာတွေကစာရေးဆရာရဲ့စိတ်ကူးတွေပါ..
အပြင်မှာတကယ်မဟုတ်လောက်ပါဘူး...အူကြောင်ကြောင်နိုင်ယုံမက အူကြောင်ကြားအဆင့်ထိကြီးတွေဆိုတော့လေ။
ပြီးတော့......ညနေဘက် ဘော်ဘော်တွေနှင့် အညောင်းပြေအညာပြေ ကိုယ်လက်လှုပ်ရှားတယ်။
ရေမိုးချိုးတယ်။ပြီးတော့ချယ်ဆီးနှင့်မန်စီးတီးပွဲကိုတိုက်ရိုက်ကြည့်တယ်.....ချယ်ဆီး2.4နှင့်ရှုံးတယ်..
ပျော်တဲ့သူတွေပျော်ကြတယ်၊တချို့ကစိတ်ညစ်စိတ်ပျက်ကြတယ်...ဒီအသင်းနှင့်ဒီအသင်း ဒီလိုဖြစ်စရာလား
ဘာလားညာလားနှင့်ပေါ့။ဘုရားဟောတောင်ရှိသေးတာပဲလေနော့။
စိန္တိတမ္ပိ ၀ိနဿတိ၊ အစိန္တိတမ္ပိ ဘ၀တိ၊ ဆိုတာလေ။ ဟုတ်တယ်ပေါ့....လောကကြီးမှာ ဒီလိုကြီးလဲဖြစ်တတ်ပါကြောင်း....မဖြစ်နိုင်ဘူးဆိုတာတွေဟာ တခါတခါ ဖြစ်တတ်ပါကြောင်း....
ဖြစ်နိုင်ချေရှိသော အရာများသည်လည်း တစ်ခါတစ်ရံတွင်ပျက်တတ်ပါကြောင်း....
မိတ်ဆွေအပေါင်းနှင့် ရောင်းရင်းအပေါင်းတို့ ....ရာသက်ပန် အမှန်အကန်မှတ်သားကြကုန်ရာသတည်း။
                         သာဓု.........သာဓု.........သာဓု........သုံးသာဓုပါဗျား.......