Friday, December 17, 2010

ပုထုဇဉ်က္မျန်ုပ်......

ပို့စ်အသစ်တင်မယ်စိတ်ကူးတယ်။ရေးစရာတွေကအများကြီးပါ။ဒါပေမဲ့ ရေးလို့ကောင်းမကောင်း၊
ကိုယ့်ရဲ့စာကြောင့်တဘက်သားထိခိုက်စေမဲ့
 စာတွေဖြစ်နေမလား။တခြားသူအတွက် ဗဟုသုတွေရစေမဲ့စာလား။
ဘာလားညာလားနှင့်တွေဝေနေရင်း တနေ့ပြီးတစ်နေ့အချိန်တွေကို
ကုန်လွန်စေခဲ့တယ်။ရေးရင်တော့ ငါ့အကြောင်းငါရေးမယ်။
မင်းအကြောင်းလဲပါမယ်။အဲ........ပြီးတော့ သူတို့အကြောင်းလဲပါမယ်ပေါ့ဗျာ။
ဒီတော့ သူတို့အကြောင်းရေးရင် သူတို့ခွင့်ပြုချက်မရတော့ ဘယ်သူမှ မကြိုက်ချင်ဘူးလေ။
အဲဒီတော့.ခက်တာပေါ့။ဒီလိုဆိုတော့...ကျုပ်အကြောင်းပဲကျုပ်ရေးမယ်ဗျာ။ကျုပ်ကဘာမှမယ်မယ်ရရ
သိတာမရှိဘူး။စကားပြောလဲ မတတ်ဘူး။ အရိပ်အကဲနားမလည်ဘူး။သူများကမြှောက်ပင့်နေမှန်း
သိသိကြီးနှင့်လဲ သာယာနေတတ်တယ်။တစ်ခါတစ်ခါ အတ္တဆန်ဆန်နေတတ်ပြောတတ်တယ်။ ကိုယ်မှန်တယ်ထင်တဲ့အရာကို မှန်တယ်ထင်တာကို ဇွတ်အတင်းလက်ကိုင်ထားတတ်ပြန်တယ်။တရွာလုံးနှင့်တစ်ယောက်ဖြစ်နေမှန်းသိသော်လဲ
"ဤဟာ ဤ၊ကျွဲဟာကျွဲ" ဟူ၍ သဘောထားတတ်သဖြင့် အများနှင့် မကြာခဏဆန့်ကျင်ဘက်
အဖြစ်သို့ရောက်ခဲ့ရပေါင်းလဲမနည်းပါ။လွတ်လပ်စွာသဘောထားကွဲပိုင်ခွင့်ရှိတယ်လေ။ခက်တာက
ကျုပ်ရဲ့စိတ်ပါ။ဘာဖြစ်ဖြစ် မေ့မေ့ပျောက်ပျောက်ထားတတ်သော်လဲ ပင်ကိုအတိုင်းပြန်မလည်တတ်ပဲ
အချိန်ကြာမြင့်စွာ ရှိမှ နဂိုမူရင်းသို့ပြန်ရောက်တတ်တာ။ဒါကတော့ အရိုးခံမို့ပြင်ချင်သော်လဲ ပြင်ဖို့ခက်နေ
တတ်ပြန်တယ်လေ။မဟုတ်တာ မမှန်တာတွေ သဘာဝမကျတာတွေကို တွေ့လာပြန်တော့ ပင်ကိုစိတ်က
မနေပြန်။ကျုပ်ကို ကျုပ် စင်းလုံးချောလို့ ဆိုတာမဟုတ်။လူမှန်ရင် အမှားနှင့်မကင်း၊အားနည်းချက်နှင့်မလွတ်
မှန်းတော့သိသပေါ့။ တဘက်သတ်အတွေး၊တဘက်သတ်လုပ်ရပ်ကိုတော့လက်မခံ။အရာရာမှာ သူ့ဘက် ကိုယ်ဘက် မျှတအောင်တွေးကြ ပြောကြလျှင်တော့ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။လောကမှာ ကြောက်စရာအကောင်းဆုံးက အချင်းချင်းယုံကြည်မှုကင်းမဲ့ခြင်းနှင့်၊သံသယတွေပဲလို့ ကျုပ်ယူဆတယ်။
မှားချင်လဲမှားမယ်။ဒါ ကျုပ်ထင်မြင်ချက်ပဲ။အဆိုးဆုံးကတော့ သံသယကအစပဲ။ပွင့်လင်းဖို့လိုသလို ညှိနှိုင်းဖို့
လဲလိုတာပဲ။အဲဒီအခါ အတ္တတွေ မာနတွေကို အသာချထားရမှာပေါ့။ဒါပေမဲ့........အဲဒါကို ကျုပ်ကိုယ်တိုင်
လိုက်နာနိုင်အောင် အတော်ကြိုးစားရဦးမယ်။ကျုပ်အတွက် အကြောင်းပြချက်ကတော့ ကျုပ်လဲလေ လောကီသား(သို့မဟုတ်) သာမန်ပုထုဇဉ်လူသားစစ်စစ်ဖြစ်သော ကျုပ်ရယ်ပါ.....လို့။