Monday, April 19, 2010

ဒီလိုပါပဲ

ကျုပ်ရဲ့ကွန်ပျူတာအစုပ်လေးကလဲ တော်တော် ဒုက္ခပေးပါသည်။
အရေးအကြောင်းဆိုပျက်နေတာက များပါသည်။
ဒါကြီးကိုစိတ်လဲညစ်လှပါပြီ။ သံယောဇဉ်လဲတွယ်နေမိပြန်သည်။
ကုလားကိုပေးရတာလဲ အသစ်တလုံးစာလောက်မက နှစ်လုံးစာလောက်ရှိရော့မည်။


ဘာဖြစ်ဖြစ် ချစ်နေမိတော့လဲ..မခွဲနိုင်မခွါရက်ဖြစ်နေမိသည်။
လူစိတ်သည် နားလည်ရန်ခက်ပါသည်။ တွယ်မိတွယ်ရာ တွယ်တတ်သည့်
သဘောရှိသည်။ရောက်ရာဘ၀လေးကို မြတ်နိုးနေတတ်ပြန်သည်။
အမှိုက်တရားများကို ခုံခုံမင်မင်တရှိုက်မက်မက်ရှိတတ်ပြန်ပါသည်။

ကိုယ်ယုံကြည်ရာကို စွဲလမ်းတတ်သည်။
မှားသည်မှန်သည်ကို ဂရုမစိုက် ကိုယ်ထင်ရာ ကိုယ်လုပ်နေရလျှင်
ပျော်မွေ့နေတတ်ပါသည်ကော...

ကျုပ်ကလဲ ဘလောဂါဖြစ်ချင်လွန်း၍ ဘလော့ တစ်ခု ဖန်တီးလိုက်သည်။
ကိုယ့်ဘလော့ ကို ဘယ်သူမှဝင်မကြည့်သော်လဲ ...ကွန်ပျူတာအစုပ်လေးနှင့် တစ်ယောက်
ထည်း တဂျောက်ဂျောက် နှင့် အလုပ်တွေ ရှုပ်နေတတ်ပါသည်။

ခုတစ်လော ကျန်းမာရေးက ကွန်ပျူတာရောလူပါ ဆေးစား ဆေးထိုးခြင်းဖြင့် ခရီးဆက်နေရသည်။
ဒါလဲခပ်ကောင်းဖြစ်တော့သည်။ အိပ်ချိန်စားချိန် မှန်လာသည်။ သို့သော်လဲ...
အင်တာနက်ချိတ်ဆက်ထားသဖြင့် သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ(၀ါ)
သုံးသုံး မသုံးသုံး လစဉ်ကြေးရူပီး(၃၀၃) ရူပီးကိုတော့ ကိုရွှေကုလားကို ဆက်သရသည်။

တော်တော်လေးလဲ ကောင်းပါသည်။(စိတ်ပျက်ဖို့)
လိုင်းကောင်းတာ မကောင်းတာသူအလုပ်မဟုတ်။