Monday, July 19, 2010

မင်းမှန်တယ်(သို့သော်)သူငယ်ချင်း

ပို့စ်အသစ်တင်မယ်စိတ်ကူးတိုင်း ဘာမှရေးမရအောင်ဖြစ်နေတယ်ဗျာ.ကန်းကုန်အောင်မိုက်တဲ့သစ်ပင်..ဆိုတဲ့ဇာတ်ကားထဲက ဦးကျော်ပြောသလို" ဒီဂေါင်းကို အံ့သြတယ်ဗျာ...ဂေါင်းထဲမှာ အရောင်တွေတွေ့နေရတယ်။အနီရောင်တွေ အနက်ရောင်တွေ အစိမ်းရောင်တွေပြာပြာတာတာအရောင်တွေ...အာ....အရောင်တွေမှမျိုးစုံပဲ"။ တဲ့...
သူပြောတာပါ။ကျုပ်ဂေါင်းထဲမှာတော့ ဘာအရာင်မှရှာမတွေ့ဘူးဖြစ်နေတယ်။ဒီကြားထဲ အင်တာနက်လိုင်းကမကောင်းတော့ ဘာမှကိုလုပ်လို့မရတော့ဘူးကွာ၊ဘာမှကိုလုပ်လို့မရတော့ဘူးကွာ၊
ဘာမှကိုလုပ်လို့မရတော့ဘူးကွာ...လို့ပဲ.ဦးကျော်ကြီးအော်သလို အော်လိုက်ချင်တော့တယ်...အဟုတ်........ဒါကြောင့် အိမ်လွမ်းသူမှာရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုပဲ တင်လိုက်တယ်...

  သူငယ်ချင်း.... 
မင်းဘက်ကကြည့်တော့
ယပလက်
ငါ့ဘက်ကတော့
က...ကြီး
နံပါတ်သရီးလို့သူကပြော
ဟော...ကြားကလူမှာ ဒ..ဒွေးပါတဲ့။.....
 ဂငယ်ပါဆိုနေမှ
ပစောက်ဖြစ်လိုဖြစ်
တစ်လို့ပြောလိုပြော
ရှစ်လို့ပြောလိုပြော
ဟော...စီလို့အခေါ်တပ်သူတွေလဲ
မနည်းပါလား......
ကဲပါ....သူငယ်ချင်း..
ရှင်းမရတဲ့ပုစ္ဆာတော့မဟုတ်ဘူး
အထူးအထွေမဟုတ်တာကို
အရူးတွေလိုငြင်းနေမလား.....
ဘယ်သူမှား ဘယ်သူမှန်သလဲ
သဲကွဲတဲ့အဖြေတစ်ခု
ကိုယ့်ရှု့ဒေါင့်ကိုမှန်တယ်...

တကယ်တော့ကွာ...
ကြက်ဥအစရှာမရသူအတွက်
တူတစ်လက်နှင့်ခွဲကြည့်
အစရှိတယ်ဆိုတာသိလိမ့်မယ်...
လွယ်နေတာကိုရှုပ်အောင်လုပ်
ရှုပ်နေတာကိုထပ်မရှင်း
အခန်းကျဉ်းထဲအိပ်နေမယ်ဆိုရင်
စိတ်လေတယ်သူငယ်ချင်း....
အချင်းချင်းတွေပဲကွာ
အတင်းအဖျင်းတွေအတွက်
သက္ကရာဇ်တွေဆွဲစား
လွဲမှားလွန်းပါတယ်သူငယ်ချင်း....
သို့သော်......
မင်းမှန်တယ်သူငယ်ချင်း...