အနာဂတ်၏မြေးငယ် မြေးမငယ်လေးများ....တူငယ် တူမငယ်လေးများတို့.....
ငါ၏နေ့စဉ်မှတ်တမ်းသည်..သင်တို့အတွက်လက်ဆောင်ကောင်းပင်ဖြစ်၏။
Remember it in words(Jerry canbridge)
အမှန်အတိုင်းဝန်ခံတာဟာ အခံရခက်ပေမဲ့ အကောင်းဆုံးဖြေရှင်းနည်းပါ။
လူမိုက်ကံကောင်း
ရှေးကုသလ၊ဥာဏမပါ၊
သဒ္ဓါမတ္တ၊ကံကိစ္စကြောင့်၊
စိုးရလူ၌၊ပြည့်စုံကြိုက်လည်း၊
လူမိုက်ကံကောင်း၊နှစ်မွန်းကြောင်းတည်း။(မဃဒေ၀)
လူတွေကိုမော်ကြည့်အားကိုးဘို့မလိုအောင် သင်ပညာတတ်ထားသင့်သည်။
ပြီးလျှင်...လူတွေကို ငုံကြည့်အထင်မသေးတတ်အောင် သင်ပညာတွေပိုတတ်ထားသင့်သည်။
(အမ်.အယ်လ်.မိုရင်းခ်ျ)
မိတ်ဆွေတစ်ရာရှိ၏၊ နည်းလွန်းသေး၏။
ရန်သူတစ်ယေက်ရှိသည်....များလွန်း၏။
ကမ္ဘာတခွင်သို့လှည့်လည်လော့....
ဘ၀တသက်တာဆိုသည်မှာ တခါသာရောက်လာတတ်သောကြာင့်ဖြစ်၏။
ဘ၀တသက်တာအတွင်းမှာလည်း ပျိုရွယ်မှုဟူသည် တစ်ကြိမ်သာရောက်လာမည်ဖြစ်၏။
(ရာဟုလာသံကိစ္စည်း)
အမှားလုံးဝမလုပ်သူသည်....ဘာကိုမျှမလုပ်သောသူဖြစ်သည်။
စာကြည့်တိုက်သာမရှိရင် ကျွန်တော်တို့မှာ ဘာရှိတော့မှာလဲ။
အတိတ်လဲမရှိတော့ဘူး၊အနာဂါတ်လဲမရှိတော့ဘူးလေ။
(ရေးဘရက်ဘာရီ)
ငါ၏သားသည်...ရိုးရိုးသားသားရှုံးနိမ့်သောအခါ..
မာနတရားနှင့် မိမိ၏ဦးခေါင်းကိုမတ်မတ် ထားနိုင်တဲ့သူဖြစ်ပါစေ။
(စစ်သူကြီး..မက်အာသာ)
ကျကျနန အချိန်ယူစဉ်းစာဝေဖန်ပါ။
လုပ်ရမည့်အချိန်ရောက် ပြီဆိုလျင်ကား...တွေးတောမှုကိုရပ်ကာ
အပြတ်လုပ်ကိုင်ပါလေ။
(နပိုလီယံ ဘိုနာဘတ်)
စဉ်းစားမှုမပါဘဲ သင်ယူချင်းဟာအချီးအနီှးဖြစ်၍..
ပညာမရှိပဲ စဉ်းစားခြင်းကတော့ အန္တရယ်ကြီးတယ်။
(ကွန်ဖြူးရှပ်)
မြို့တစ်မြို့ကို လူကောင်းတစ်ယောက်က....အုပ်ချုပ်ခြင်းသည်
ဥပဒေကောင်းများဖြင့် အုပ်ချုပ်ခြင်းထက်ပို၍ ကောင်းမွန်သည်။
(အာရစ္စတိုတယ်)
There are only two good men one dead, the other not yet born.
ကောင်းတဲ့သူနှစ်ယောက်ပဲရှိတယ်။ တစ်ယောက်ကတော့ သေသွားတဲ့လူ၊
အခြားတစ်ယောက်ကတော့မမွေးသေးတဲ့သူပဲ။(china)
Thursday, January 28, 2010
လူတို့ရဲ့ဝါသနာ
ကိုယ်ပိုင်မရေးတတ်သေးလို့ ဟိုကဆွဲကူး ..ဒီကရေးချလုပ်နေရတယ်ဗျာ...
ပျင်းနေပြီလား? ကဲ......
ပုံပြင်လေးတပုဒ်ပြောပြမယ်လေ..ပြီးရင်တော့ မုန့်ကျွေးရမယ်နော်...
တစ်ခါတုန်းကတဲ့....ရှင်ဘုရင်တပါးရှိတယ်.သူကလူတွေရဲ့ ၀ါသနာကို
သိချင်လွန်းလို့ သူ့အမတ်ကြီးတယောက်ကိုစုံစမ်းခိုင်းလိုက်ပါသတဲ့။
ဒါနဲ့ အမတ်ကြီးက နေမကောင်းချင်ယောင်ဟန်ဆောင်ပြီး..နန်းတော်ရဲ့
အပြင်ဘက်မှာထိုင်နေပါသတဲ့။...ရောက်လာသမျှ ကြီးကြီးငယ် ငယ် လူတွေ
အားလုံးက အမတ်ကြီးရဲ့ ရောဂါဝေဒနာအကြောင်း မေးမြန်းကြပြီး...ဆေးမီးတိုကိုယ်စီ
ပေးသွားကြသတဲ့....ဒါကိုကြည့်ရင်....
နောက်ဆုံးတော့ လူတွေရဲ့ဝါသနာဟာ" တဘက်သားအပေါ်မှာ ဆရာလုပ်လိုခြင်းနှင့်
ဆေးကုပေးလိုခြင်းသာဖြစ်ကြောင်း "သိသွားပါတော့တယ်တဲ့။.....
ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ.....

Subscribe to:
Posts (Atom)