Thursday, January 28, 2010

လူတို့ရဲ့ဝါသနာ

ကိုယ်ပိုင်မရေးတတ်သေးလို့ ဟိုကဆွဲကူး ..ဒီကရေးချလုပ်နေရတယ်ဗျာ...
ပျင်းနေပြီလား? ကဲ......
ပုံပြင်လေးတပုဒ်ပြောပြမယ်လေ..ပြီးရင်တော့ မုန့်ကျွေးရမယ်နော်...
တစ်ခါတုန်းကတဲ့....ရှင်ဘုရင်တပါးရှိတယ်.သူကလူတွေရဲ့ ၀ါသနာကို
သိချင်လွန်းလို့ သူ့အမတ်ကြီးတယောက်ကိုစုံစမ်းခိုင်းလိုက်ပါသတဲ့။
ဒါနဲ့ အမတ်ကြီးက နေမကောင်းချင်ယောင်ဟန်ဆောင်ပြီး..နန်းတော်ရဲ့
အပြင်ဘက်မှာထိုင်နေပါသတဲ့။...ရောက်လာသမျှ ကြီးကြီးငယ် ငယ် လူတွေ
အားလုံးက အမတ်ကြီးရဲ့ ရောဂါဝေဒနာအကြောင်း မေးမြန်းကြပြီး...ဆေးမီးတိုကိုယ်စီ
ပေးသွားကြသတဲ့....ဒါကိုကြည့်ရင်....
နောက်ဆုံးတော့ လူတွေရဲ့ဝါသနာဟာ" တဘက်သားအပေါ်မှာ ဆရာလုပ်လိုခြင်းနှင့်
ဆေးကုပေးလိုခြင်းသာဖြစ်ကြောင်း "သိသွားပါတော့တယ်တဲ့။.....
ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ.....

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး