Tuesday, January 26, 2010

ဘာမှန်းလဲမသိ

ခုခေတ် ဗမာစာ ဗဗာစကားတွေကလဲ ဘာမှန်းကိုမသိအောင်ပါဘဲ။။
တချို့ကပြောတာရှိသေးတယ်။ လန်,ထွက်နေတာပဲတဲ့။ပြီးတော့လဲအလန်းလေးပဲတဲ့။
တခါ ဘာတဲ"့ ရစ်ချာကြီးမလုပ်နှင့် "တဲ့။ကိုင်း ..ရင်ဘတ်ကြီးကတက်နေတယ်ဆိုပါကလား၊
မူးလိုက်တာနော်...သဘောပေါက်အောင်လို့ပြောပြတာတဲ့.....
သူပြောလိုက်မှရှုပ်နေတာပဲ....ဘ၀က ခါးတယ်ကွာတဲ့....ကိုအငဲကြီးကတော့...အချစ်ဟာဂါး..ဂါး..ဂါး
အချစ်ဟာဂါးလွန်းတယ်ဟေ့...ဆိုပြီးအော်နေတာပဲလေ။သူတို့ခါးလဲခါးလိုက် သူတို့ဂါးလဲဂါးလိုက်ပေါ့နော့...
ဒါနဲ့စကားမစပ် ပြောရအုံးမယ်ကျုပ်တို့တက်နေတဲ့တက္ကသိုလ်ကြီးမှာ ဦးထိကေဆိုတာရှိတယ်..
သူ့ရဲ့လက်သုံးစကားကတော့ လာကြ လာကြ အချိန်သိပ်မရှိဘူး။
ကိုယ်ကရီတိုင်းယားမယူခင် ပညာတွေအကုန်ပေးခဲ့မှာ...ပြီးတော့နော်ဝေနှင့်ဂျီနီဗာ
ကို အစည်းအဝေးသွားရအုံးမှာတဲ့။ ပြီးရင်လဲတစ်ဆက်ထည်း" လန်နိုင်ငံ" တွေဆီ ခရီးဆက်ရ
အုံးမှာတဲ့.....ဘာလန်နိုင်ငံတွေတုန်းဆရာထိရဲ့ ဆိုတော့ ...မင်းတို့တော်တော်ညံ့ကြသေးတာကိုးကွ..
တဲ့ လန်နိုင်ငံဆိုတာ ဖင်လန်၊ပိုလန်၊အင်္ဂလန်၊နယ်သာလန်နှင့် ဆွစ်ဆလန်နိုင်ငံတွေကိုပြောတာကွတဲ့...
မှတ်သားလောက်ပါတယ်ဆရာထိရယ်.....ပြီးတော့ ကိုယ့်ကိုလဲနာမည်ပေးသေးတယ်ဗျ...ဘာတဲ့ တော့ကျ
ဆိုလား ဘာဆိုလားဗျာ...အကြောင်းတော့ရှိမှာပေါ့နော်...မပြောတော့ပါဘူး...ကိုယ့်အကြောင်းနှင့်ကိုယ်
ပဲထားလိုက်ရအောင်နော်...တစ်ခါတစ်ခါ ဆရာထိကိုယ်တိုင် ဖောင်ဒေးရှင်းချထားတာကွ..ဒီလောက်တော့ရှိမှာပေါ့တဲ့.....ဟုတ်မှာပါပဲ။ တခါတလေတော့လဲ ဆရာထိမှာပြောစရာတွေကရှိလာပြန်တယ်....သူက အသင်းရွေးတတ်သလို ကွင်းလဲရွေးတတ်ပြီး ချင်းတောင်ရွေးသေးသဗျ....မယုံမရှိလိုက်နဲ့။ကိုယ်တွေ့...ဘာတွေတင်ထားတာလို့မေးရင် ကျုပ်တို့
ဂုရုကြီးဆရာထိပဲသိမှာ ....သိချင်သူများ www.ဆရာထိ ဆီမှာ နည်းခံကြပေတော့။ရီတိုင်းယားမလုပ်ခင်လေးပေါ့......

နောက်ဆုံးတော့ ဘာဘာ ဘာမှမသိတော့ဘူး....ဘိုင်ဘိုင်...

2 comments:

  1. အားပေးပါတယ်ဗျာ..ဆက်ပြီးများများလေးတင်နိုင်ပါစေဗျ..အမြဲလာပြီးဖတ်မှတ်
    လေ့လာမယ်။ကျွန်ုကတော့မသိတာလေးတွေတော့ပြောပြမပေးနိုင်လို့..မသိတာ
    လေးတွေတော့သင်ပေးဗျနော။

    ReplyDelete
  2. ကောင်းပါတယ်အမြဲတမ်းဗဟုသုတတိုးနိုင်မဲ့ဟာလေးတွေရှာပြီးတော့တင်ထား
    ပေးပါအုံး.................ဆက်လက်အားပေးနေမယ်

    ReplyDelete

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး