စာပေအမျိုးအစား(၃)မျိုးရှိတယ်တဲ့။ကြားဖူးတာ.... ကြားဖူးတာ....
မကြားဖူးသေးရင်လဲ မှတ်ထားကြကွယ့်....အဟင်းအဟင်း...
(ဆရာကြီးစတိုင်လ်အပြည့်ဖြင့်)
နံပါတ်(၁)ကွမ်းစားစာပေတဲ့...ကွမ်းယာကိုလူတွေဝါးကြတယ်။
အရည်ကိုထွေးထုတ်ပစ်သလို..အဖတ်ကိုလဲ မြိုမချကြဘူးလေ။
သူတို့ပြောတာတော့ အရည်မရ အဖတ်မရပေါ့ကွာ။ဒီလိုပဲသူငယ်ချင်း
အချို့အချို့သော စာပေတွေဟာ စာတပုဒ် စာတအုပ်အဖြစ်သားရေးထားပေမဲ့
အနှစ်သာရကြတော့ဘာမှရှာမရတဲ့ စာပေမျိုးပေါ့ကွာ။....
နံပါတ်(၂)ကြံစုပ်စာပေတဲ့.....အားလုံးသိကြတဲ့အတိုင်းပါပဲ။
ကြံကိုစားသူ ကြံကိုစုပ်သူတွေဟာ ကြံရဲ့အတွင်းမှာရှိတဲ့ အလွန်
ချိုမြိန်ကောင်းမြတ်တဲ့ ကြံရဲ့အရည်ကို စုပ်ယူသောက်သုံးပြီးရင်
ကြံခွန်ကြံဖတ်ကိုတော့ ထွေးထုတ်လင့်ပစ်လိုက်ကြသလို...
အချို့အချို့သော စာပေတွေဟာလည်း စာတပုဒ် စာတအုပ်အဖြစ်ရေးထားပေမဲ့
လိုက်နာပြုကျင့် မှတ်သားဘွယ်အနှစ်သာရကြတော့ ကြံကနေ ကြံရည်ထုတ်ရသလို
အနည်းငယ်ပါတဲ့စာပေမျိုးပေါ့။
အဲနံပါတ်(၃)ကတော့ မလိုင်ထောပတ်တွေပြည့်နေတဲ့ အလွန်ကောင်းမွန် အရသာထူး
တဲ့ ဖာလူဒါ လိုစာပေမျိုးတဲ့။ အရည်သက်သက်သောက်ရင်လဲ ဂွတ်တာပဲ။ အဖတ်သက်သက်
ကိုင်လိုက်ရင်လဲ ရှယ်တာပဲ...ဆိုတဲ့ဟာမျိုးပေါ့။အားလုံးက အနှစ်တွေပြည့်နေတယ်ဆိုပါတော့။
အဲဒီလိုစာပေမျိုးကတော့.......ဗုဒ္ဓရဲ့ အဆုံးအမဒေသနာတော်တွေပဲ ဖြစ်တယ်မဟုတ်ပါလားခင်ဗျာ......
တော်တော်လေးသဘောကျပါတယ်....နောက်လည်းလာဖတ်ပြီးအတုယူဦးမယ်။
ReplyDelete