Sunday, January 31, 2010

မိဘကျေးဇူးဆပ်

ဖြောင့်မှန်သဒ္ဓါ၊မရှိရှာသည့်
မာတာပိတ၊ထိုနှစ်ဝကို
ရတနာသုံးပါး၊ဆည်းကပ်ငြား၍
ပွားများသဒ္ဓါ၊ရှိစေပါလော့

သီလမရှိ၊ဖနှင့်မိကို
ပြည့်စုံသီလာ၊ရှိစေပါလော့

မလှူဒါန်းလို၊နှမြောပို၍
ဝန်တိုလေဘိ၊ဖနှင့်မိကို
စွမ်းသည့်အခါ၊လှူစေပါလော့

ပညာကင်းဘိ၊ဖနှင့်မိကို
တတ်သိပညာ၊ရှိစေပါလော့
မဟာဗုဒ္ဓ၊မိန့်မှာပြသည်
ကျမ်းလှအင်္ဂုတ္ထိုရ်မှာတည်း

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး