Tuesday, January 26, 2010

သူ့စကား

ငါ့အားဖုံးလွမ်းထားသော လမိုက်ညသန်းခေါင်ယာမ်။
ထိုအမှောင်တိုက်ထဲမှနေ၍ အနိုင်မခံ အရှုံးမပေးလိုသော..
ငါ၏စိတ်ဓါတ်ကိုဖန်ဆင်းပေးသူ နတ် သိကြားတို့အား..
ငါသည် ကျေးဇူးစကားဆိုပါ၏။
လောကဓံတရား၏လက်ခုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်မလှုပ်။မငိုကြွေး။
ကံတရား၏ရိုက်ပုတ်ခြင်းဒါဏ်ချက်ကြောင့် ငါ၏ဦးခေါင်းတို့သည်
သွေးသံတို့ဖြင့်ရဲရဲနီနေ၏။ သို့သော်.....ညွတ်ကားမညွတ်ပြီ။
လောဘ ဒေါသတို့ကြီးစိုးရာဌာန၏အခြားတဘက်၌ကား သေခြင်းတရား
သည် ကြောက်မက်ဖွယ် ငံလင့်နေ၏။
သို့ပင်မူ ငါ့အားမတုန်မလှုပ်သည်ကိုသာတွေ့ရအံ့။
နောင်ကို ဘယ်တော့မှမကြောက်သည်ကိုတွေ့ရပေအံ့။
သုဂတိသွားရာ တံခါးသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ခွေးရေ ပုရပိုက် ၌ ငါ၏အပြစ်တို့ကို မည်မျှပင်ရေးမှတ်ထားသည်
ဖြစ်စေ...ငါကားဂရုမပြု...
ငါသာလျှင် ကံ၏အရှင်သခင်ဖြစ်၍....ငါသာလျှင် စိတ်၏အကြီးအကဲဖြစ်တော့၏။။။။။။
ဗိုလ်ချုပ် အောင်ဆန်း(ပြည်ထောင်စုဗိသုကာဗိုလ်ချုပ်အောင်ဆန်း...မှ)

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး