Tuesday, January 26, 2010

သူငယ်ချင်းသို့

IT ခေတ်ကြီးထဲမှာ ဒို့တွေအိပ်ပျော်နေလို့မဖြစ်တော့ဘူး.......
ကမ္ဘာကြီးထဲမှာပျော်ဝင်နိုင်အောင် ဒို့တစ်တွေ နိုးထကြဖို့လိုအပ်နေတာ
အမှန်ပဲဟေ့......ဒို့တွေအချိန်တွေကို တကြွပ်ကြွပ်နှင့်ဝါးနေခဲ့တာဘယ်လောက်ကြာခဲ့
ပါပြီလဲ...ကုန်လွန်သွားတဲ့ ဒို့တွေရဲ့ အချိန်တွေကို ပြန်လည်ပြီး လွမ်းဆွတ်တမ်းတမနေ
ကြနှင့်တော့ကွာ...လူကိုအချိန်ကစားသွားသလား?အချိန်ကပဲလူတွေကိုစားသွားသလား?
ဝိ၀ါဒကွဲပြားလို့ ငြင်းခုန်နေကြမှာလား...ဒါတွေထားလိုက်တော့ ရှေ့ဆက်ရမဲ့ ခရီးမှာ
ထီးမပျောက် ဖိနပ်မပြတ်ပဲ...အပြီးမရောက်သေးတဲ့ခရီးတစ်လျှောက်ကို ဘယ်လိုပုံ
ခရီးနှင်ကြမှာလဲ?....စဉ်းစားကြဖို့လိုပြီနော်သူငယ်ချင်းတို့....
   လူ့ဘ၀သက်တန်းတိုတိုမှာ အလွမ်းစကားလဲမဆိုသာအား...အနမ်းများလဲမချိုပါလားလို့
မင်းငြီးတွားနေဦးမှာလား? သွားရမဲ့လမ်းက ကြမ်းချင်ကြမ်း နုချင်နုချင်နု မယ်.. လွယ်ချင်လွယ်ခက်ချင်ခက်မယ်....ဒါတွေဟာကိုယ်တို့ အလုပ်မှမဟုတ်ပဲလေ...
အိပ်မက်တွေကို ကိုယ်စီမက် မနက်ဖန်မှာ ရှင်သန်ဖို့ လူသားတွေအတွက် ကောင်းမွန်တဲ့
အနာဂါတ် လမ်းစဉ်မှာ ဒို့တစ်တွေ တစ်နေရာရာကပါဝင်ကြမယ်လေ သူငယ်ချင်း.....
ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ ဝေးကြပါစေကွာ...သွေးချင်းနီးရင် ဝေးချင်းဆိုတာမရှိဘူး
လို့ ကိုယ်ကြားဖူးတယ်..Try your best whatever you do တဲ့...ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ကြရအောင်နော်.....ဆရာကြီးလုပ်တာတော့မဟုတ်ရပါ

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး