အရှင်ဇနက (မော်လူး)
အားလုံးကိုကြိုဆိုပါတယ်
Sunday, July 1, 2012
Monday, October 31, 2011
Sunday, October 30, 2011
မှတ်လိုက..မှတ်လေ
အိန္ဒိယအကြောင်းဆက်ရေးပါဦးမည်။
အိန္ဒိယနိုင်ငံသည်လူဦးရေသန်းပေါင်း(1.21)သန်းကျော်ရှိသည်။
၂၀၁၁.အင်တာနက်စစ်တမ်းဖော်ပြချက်အရ(1,210,193,422)ဟုသိရ သည်။ဤမျှလောက်များပြားလှသောလူဦးရေအတွက်စားဝတ်နေရေးကို
ဖြေရှင်းရန်မှာမလွယ်ကူပေ။သို့အတွက်ကြောင့်ဆယ့်နှစ်ရာသီစိုက်ပျိုး
ကြရပေမည်။တစ်နေ့တစ်ခြားလူဦးရေတိုးပွါးများပြားနေသည်နှင့်အမျှ၊
နည်းပညာများလည်းတိုးတက်ခေတ်မှီအောင်ကြံ ဆောင်တီထွင်ပြုလုပ်နေကြသည်။လူတိုင်းလူတိုင်းလက်ကိုင်ဖုန်းသုံးစွဲ
နိုင်စေရန်မိုလ်ဘိုင်းဖုန်းများကိုလည်းဈေးနှုန်းချိုသာ၊သက်သက်သာ
ဖြင့်နေရာတကာဝယ်ယူသုံးစွဲနိုင် ကြသည်။အစိုးရတက္ကသိုလ်နှင့်ကောလိပ်ကြီးများ၊အထက်တန်း
ကျောင်းများ၊ပရိုတ်ဗိတ်ကျောင်းများနေရာတိုင်းတွင်တည်ထောင်ဖွင့်
လှစ်ထားကြသည်။စားဝတ်နေရေးအတွက်လူတိုင်းချွေတာစုဆောင်းကြ
သည်။အစိုးရဘဏ်များ၊ပုဂ္ဂလိကဘဏ်များတွင်တိုးမပေါက်
အောင်ကြိတ်ကြိတ်တိုး၍ငွေသွင်း၊ငွေထုတ်လုပ်နေသူများမှာစနေ၊
တနင်္ဂနွေပိတ်ရက်များမှအပ၊နေ့စဉ်နှင့်အမျှပင်။နေစရာအိမ်တို့ကို
များသောအားဖြင့်ပြီးစီးအောင်မဆောက်လုပ်ကြ။ အဆောက်အဦးပြီးလျင်နိုင်ငံတော်ကိုအခွန်ဆောင်ရသည်ဟုပြောသံ ကြားဖူးသည်။နေအိမ်ကိုအုတ်များဖြင့်အကြမ်းထည်သာတည်
ဆောက်ထားတတ်ကြပြီး၊အပြင်ဘက်ခြမ်းကိုနောက်ချီး(နွားချီး)
အပြားလေးများကပ်ထားသည်မှာအိန္ဒိယ၏ဟုမ်းတက်ကရေးရှင်း
တစ်ခုသဘွယ်။နံရံဆေးသုတ်၍ကြော်ငြာဆိုင်းဘုတ်လုပ်ထားသည် များမှာနေရာအနှံ့အပြားတွင်တွေ့နိုင်သည်။စားစရာအတွက်ဂျုံမုန့်
(အာသာ)ကိုရေနှင့်အလောတော်၊မနည်းမများ၊ကွက်တိကျအောင်
ရောသမ၍၊နယ်ပြီးလျင်၊ဒယ်အိုးကင်းအပြားပေါ်တွင်ဖုတ်ကင်ရသော
ရိုတီ(ခေါ်)ချာပါတီကိုဆပ္ပဂျီခေါ်သောအာလူး၊ကုလားပဲ၊
မဆလာများများ၊ငရုပ်သီးစပ်စပ်၊ဆီမပါဘဲချက်ထားသည့်သက်
သတ်လွတ်ဟင်းလျှာဖြင့်မြိန်ရှက်၊နှစ်သက်စွာပွဲတော်တည်နေကြသည်မှာ၊ မြင်သူသွားရည်ကျစရာပါပေ။ပြီးလျင်...
ရေတစ်ဖလားကိုခေါင်းမော့၍၊အာမထိလျှာမထိ၊တစ်ဂွပ်ထဲဂွပ်ချ
လိုက်တတ်သည်။ကုလားထီးများကတော့၊ ခိုင်နီး(တန်ဗာကူ)ဆေးရွက်ကြီးကိုသေးသေးမြင်မြင်လှီးဖြတ် ထားသောအရာအား၊ဘယ်လက်ဝါးပေါ်တင်၊ညာဘက်လက်မလေးဖြင့်၊
ကျူနား(ထုံး)အနည်းငယ်ဖြင့်နှစ်မိနစ်ခန့်ထိုးခြေပွတ်နှိပ်ပြီးလျင်၊
ပါးစောင်တွင်ထည့်ကာ၊ဆိုင်ရာအလုပ်ဆီသို့ဒိုးကြလေကုန်၏။
ကျာဝါးခေါ်ဆန်ထမင်းကိုတော့ည(၁၀)နာရီနောက်ပိုင်းတွင်သာ
စားကြသည်ကများသည်။စားပြီးလျင်တော့ကျိုးပေရောပေါ့။
ထူးဆန်တာတစ်ခုတော့တွေ့ရသည်။ ထိုအရာကားဈေးများတွင်ကဗလာခေါ်အဝတ်စားများနှင့်
အန်ဓ(ကြက်ဥ)ကလွဲရင်၊ မည်သည့်အရာဖြစ်ဖြစ်ချိန်ခွင်ထဲချိန်ရောင်းတတ်ကြသည်။
ဖရဲသီး၊ပန်းသီး၊ဂေါ်ဖီထုပ်၊သရက်သီး၊မြေပဲဆံ၊ငရုပ်သီး၊
မုန်လာဥဘာဖြစ်ဖြစ်၊အလုံးလိုက်ရောင်းသည်မရှိ။
ငှက်ပျောသီးပင်အလုံးရေဖြင့်မရောင်း၊ချိန်ခွင်နှင့်ချိန်ရောင်းကြသည်။
အုန်းတံတံမြက်စီး(နာလိယဂျာရူး) ကိုပင်ချိန်ခွင်တွင်ချိန်ရောင်းသည် မှာထူးဆန်းအံ့ဘွယ်ပါလားကိုကုလားတို့ရယ်၊
အိန္ဒိယသားကုလားများသည်အလုပ်လုပ်ရာတွင်၊ဘယ်သောခါမျှ၊ရေးကြီးသုတ်ပြာ၊ အလျင်စလိုမြန်မြန်ဆန်ဆန်မလုပ်ကြပါ။'အေးရာအေးကြောင်း၊ဒါမျိုးပဲကောင်း၊"
ဆောင်ပုဒ်လက်ကိုင်ထားလေသလားမသိ။ရုံးများ၌Tomorrowသည်
တပတ်လောက်ကြာချင်ကြာတတ်ပြီး၊နှစ်ပတ်လည်းဖြစ်ချင်ဖြစ်နိုင်သည်။
ဧမိနစ်(ခဏ)ဆိုလျင်တစ်နာရီလောက်ကြာမည်ဟု။ ဂဏှာဟိ=မှတ်လေလော့။မယုံမရှိလေနဲ့၊ကိုယ်တွေ့။
ဆောင်ပုဒ်လက်ကိုင်ထားလေသလားမသိ။ရုံးများ၌Tomorrowသည်
တပတ်လောက်ကြာချင်ကြာတတ်ပြီး၊နှစ်ပတ်လည်းဖြစ်ချင်ဖြစ်နိုင်သည်။
ဧမိနစ်(ခဏ)ဆိုလျင်တစ်နာရီလောက်ကြာမည်ဟု။ ဂဏှာဟိ=မှတ်လေလော့။မယုံမရှိလေနဲ့၊ကိုယ်တွေ့။
Saturday, October 29, 2011
ဗန်းမော်ဆရာတော်ကြီးရဲ့စကား၊ကုလားပြည်မှာမှားခဲ့ပြီ
ပြူတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။AdmissionOfficeနှင့်
SilbharaAramaHostelအကြားမြက်ခင်းပြင်တွင်ကုလားမကြီးသုံးလေး
ယောက်နှင့်မူလတန်းအရွယ်၊ရှစ်နှစ်၊ကိုးနှစ်ခန့်ကလေးမလေး
လေးယောက်တို့နွားစာအတွက်မြက်ရိတ်နေကြသည်။
သူတို့၏တံဇဉ်မှာဗမာတံဇဉ်လိုမဟုတ်၊လက်ကိုင်အောက်တွင်
တလက်မခန့်နိမ်ပြီးပြုလုပ်ထားကြသဖြင့်၊မြက်ရိပ်လျှင်မြေကြီး
အထိကပ်၍ရိတ်နိုင်သည်။ရိတ်သူလက်ကိုမထိခိုက်၊မရှနိုင်။
ကုလားပြည်တွင်အလကားလွင့်ပစ်လိုက်ရသည့်အရာကမရှိ
သလောက်ရှားသည်။နွေရာသီတွင်ပူပြင်းခြောက်သွေ့လွန်း
သဖြင့်သစ်ရွက်ခြောက်များကြွေချိန်တွင်၊ဗမာပြည်ကဲ့သို့
သန့်ရှင်းရေးအလုပ်သမားများ၊စည်ပင်သာယာဝန်ထမ်းများ
အထူးမလိုအပ်ပါ၊ကြွေနေသောသစ်ရွက်များ၊သစ်ကိုင်းခြောက်များ
ကိုလောင်စာအတွက်အားလုံးပြောင်သလင်းခါသွားအောင်၊
ကုလားမကြီးငယ်တို့ကသိမ်းဆည်းသွားကြသည်သာ။
ဌာနကတရားဝင်ခန့်ထားသောဝန်ထမ်းများကအနည်းငယ်
ကြည့်ကောင်းအောင်လုပ်လိုက်ရုံသာ။နွားစာအတွက်မြက်ရိတ်
နေသူများကိုနေရာအတော်များများတွင်တွေ့နိုင်သည်။
စပါးခင်း၊ပြောင်းခင်းနှင့်ဂျုံခင်းများကိုရိတ်သိမ်းကြ
လျင်လည်းဗမာပြည်ကဲ့သို့ရိုးပြတ်တောသည်ကျန်သည်မရှိ။
မြေကြီးမှကပ်၍ရိတ်သိမ်းကြသည်။ကောက်ရိုး၊ပြောင်းရိုး၊
ဂျုံရိုးတို့ကိုဖြတ်တောက်လှီးဖြတ်ခုတ်စဉ်း၍၊ဖွဲနုတို့ဖြင့်
ရောသမမွှေကာနွားစာ၊မြင်းစာအဖြစ်အသုံးပြုကြသည်။
အိန္ဒိယတွင်နွားများကိုတယုတယမွေးမြူကြသည်။
လယ်ယာလုပ်ငန်းနှင့်ဝန်တင်ဆောင်ရန်အတွက်၊
အဓိကထားခြင်းတော့မဟုတ်။နွားနို့အတွက်အဓိကထားမွေး
မြူကြသည်ကများသည်။နွားမွေးခြင်းသည်အိန္ဒိယ၏
လူမှုရေးဇာတ်စနစ်နှင့်လည်းဆက်နွယ်နေပါသေးသည်။
အိန္ဒိယ၏များပြားလှသောဇာတ်စနစ်ထဲတွင်နာမည်၏နောက်၌
(ပရာဆတ်၊ယာတော်)စသည်ဖြင့်မှည့်ခေါ်ထား
သောဇာတ်တစ်ခုရှိသည်။ထိုအနွယ်ဝင်လူတို့သည်
နိုင်ငံတော်သမတကြီး၊ဝန်ကြီးချုပ်ကြီးပင်ဖြစ်လင့်ကစား။
အနည်းဆုံးနွား တစ်ကောင်တော့မွေးထားကြရသည်ဟုကြားဖူးသည်။
SilbharaAramaHostelအကြားမြက်ခင်းပြင်တွင်ကုလားမကြီးသုံးလေး
ယောက်နှင့်မူလတန်းအရွယ်၊ရှစ်နှစ်၊ကိုးနှစ်ခန့်ကလေးမလေး
လေးယောက်တို့နွားစာအတွက်မြက်ရိတ်နေကြသည်။
သူတို့၏တံဇဉ်မှာဗမာတံဇဉ်လိုမဟုတ်၊လက်ကိုင်အောက်တွင်
တလက်မခန့်နိမ်ပြီးပြုလုပ်ထားကြသဖြင့်၊မြက်ရိပ်လျှင်မြေကြီး
အထိကပ်၍ရိတ်နိုင်သည်။ရိတ်သူလက်ကိုမထိခိုက်၊မရှနိုင်။
ကုလားပြည်တွင်အလကားလွင့်ပစ်လိုက်ရသည့်အရာကမရှိ
သလောက်ရှားသည်။နွေရာသီတွင်ပူပြင်းခြောက်သွေ့လွန်း
သဖြင့်သစ်ရွက်ခြောက်များကြွေချိန်တွင်၊ဗမာပြည်ကဲ့သို့
သန့်ရှင်းရေးအလုပ်သမားများ၊စည်ပင်သာယာဝန်ထမ်းများ
အထူးမလိုအပ်ပါ၊ကြွေနေသောသစ်ရွက်များ၊သစ်ကိုင်းခြောက်များ
ကိုလောင်စာအတွက်အားလုံးပြောင်သလင်းခါသွားအောင်၊
ကုလားမကြီးငယ်တို့ကသိမ်းဆည်းသွားကြသည်သာ။
ဌာနကတရားဝင်ခန့်ထားသောဝန်ထမ်းများကအနည်းငယ်
ကြည့်ကောင်းအောင်လုပ်လိုက်ရုံသာ။နွားစာအတွက်မြက်ရိတ်
နေသူများကိုနေရာအတော်များများတွင်တွေ့နိုင်သည်။
စပါးခင်း၊ပြောင်းခင်းနှင့်ဂျုံခင်းများကိုရိတ်သိမ်းကြ
လျင်လည်းဗမာပြည်ကဲ့သို့ရိုးပြတ်တောသည်ကျန်သည်မရှိ။
မြေကြီးမှကပ်၍ရိတ်သိမ်းကြသည်။ကောက်ရိုး၊ပြောင်းရိုး၊
ဂျုံရိုးတို့ကိုဖြတ်တောက်လှီးဖြတ်ခုတ်စဉ်း၍၊ဖွဲနုတို့ဖြင့်
ရောသမမွှေကာနွားစာ၊မြင်းစာအဖြစ်အသုံးပြုကြသည်။
အိန္ဒိယတွင်နွားများကိုတယုတယမွေးမြူကြသည်။
လယ်ယာလုပ်ငန်းနှင့်ဝန်တင်ဆောင်ရန်အတွက်၊
အဓိကထားခြင်းတော့မဟုတ်။နွားနို့အတွက်အဓိကထားမွေး
မြူကြသည်ကများသည်။နွားမွေးခြင်းသည်အိန္ဒိယ၏
လူမှုရေးဇာတ်စနစ်နှင့်လည်းဆက်နွယ်နေပါသေးသည်။
အိန္ဒိယ၏များပြားလှသောဇာတ်စနစ်ထဲတွင်နာမည်၏နောက်၌
(ပရာဆတ်၊ယာတော်)စသည်ဖြင့်မှည့်ခေါ်ထား
သောဇာတ်တစ်ခုရှိသည်။ထိုအနွယ်ဝင်လူတို့သည်
နိုင်ငံတော်သမတကြီး၊ဝန်ကြီးချုပ်ကြီးပင်ဖြစ်လင့်ကစား။
အနည်းဆုံးနွား တစ်ကောင်တော့မွေးထားကြရသည်ဟုကြားဖူးသည်။
အိန္ဒိယနိုင်ငံသည်အလွန်ကြီးမားကျယ်ဝန်းပြီး၊လူဦးရေထူထပ်များ
ပြားသည်။သူတို့ကိုယ်သူတို့ဘာရတ(မဟာဘာရတ်)
နိုင်ငံသားများအဖြစ်ဂုဏ်ယူတတ်ကြသည်။
ဒီမိုကရေစနစ်အပြည့်အဝအထွန်းကားဆုံးနိုင်ငံဖြစ်သည်။
လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ကိုးကွယ်မှုပေါင်းစုံနှင့်
ဇာတ်စနစ်ပေါင်းစုံနေထိုင်လျက်ရှိသည်။မြို့ပြနှင့်
ကျေးလက်သည်ကွာဟမှုကြီးကြီးမားမားမတွေ့ရတတ်ပေ။
ပြည်တွင်းလေကြောင်းလိုင်းများ၊ဟိုက်ဝေးလမ်းမ
ကြီးများ၊မီးရထားများဖြင့်မိမိသွားလိုရာတနိုင်ငံလုံးရှိမြို့ရွာကျေး
လက်ဇနပုဒ်အထိလွယ်ကူစွာသွားလာနိုင်သည်။ဆက်သွယ်ရေး
စနစ်ကောင်းမွန်သဖြင့်တယ်လီဖုန်းများ၊မိုဘိုင်းများ၊အင်တာနက်စနစ်
များ၊ကေဗယ်စနစ်များ၊ဝါယာလက်စနစ်များကိုလှည်းနေ၊
လှေအောင်းမြင်းဇောင်းမကျန်လူတိုင်းထိတွေ့သိရှိနိုင်
ပြုလုပ်ထားသည်မှာအံ့ဘွယ်ပါပေ။နေရာတိုင်းသောက်ရေသုံးရေ၊
စိုက်ပျိုးရေများရရှိအောင်အစိုးရကပြုလုပ်ပေးထားသဖြင့်၊
ဆယ့်နှစ်ရာသီ၊ရာသီပေါ်သီးနှံများစိုက်ပျိုးနိုင်ကြသည်။
လယ်မြေကွက်များသည်အမြဲတမ်းစိမ်းလန်းလျက်၊သီးနှံစိုက်ခင်း
များအဖြစ်တွေ့မြင်ရသည်။မိုးရာသီမှစတင်၍စပါး၊စပါးပြီးလျင်ဂျုံ၊
ဂျုံပြီးလျင်အာလူး..ကုလားပဲ၊ခရမ်းချဉ်.မုံလာဥစသည်စသည်ဖြင့်
တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည်။စိုက်ပျိုးသလောက်လဲအထွက်နှုန်း
တွေတိုးကြသည်။ခေတ်မှီနည်းပညာများ၊ဓါတ်မြေသြဇာများ၊
သဘာဝဓါတ်မြေသြဇာ(လူချီး)များ၏အထောက်အကူကြောင့်
လဲဖြစ်မည်ထင်သည်။ကျေးရွာများရှိလယ်ယာအခင်း၊ကံသင်း၊
လမ်းမများသည်သူတို့၏အပေါ့အလေး၊အခင်းကြီးအခင်းလေး၊
နောက်ဖေးရှေးဖေး၊သွားရာနေရာများဖြစ်၍ဗမာပြည်လိုတောထိုင်
ခြင်းမဟုတ်၊လူမြင်ကွင်းတွင်ထိုင်ကြသောကြောင့်ကွင်းထိုင်
ဟုပင်ဝေါဟာရကိုပြောင်းရမလိုဖြစ်နေသည်။
"ရှက်ခြင်းသည်မျက်နှာကရှက်သည်။ဖင်ကမရှက်"ဟုရှေးအင်းဝခေတ်က
အရွဲ့တိုက်တတ်သောဗန်းမော်ဆရာတော်ကြီး၊ငယ်စဉ်ကိုရင်ဘဝက
ဆွမ်းခံသွားရင်းကုဋီတက်ချင်လာသဖြင့်၊လမ်းဘေးသပိတ်ခေါင်းစွပ်ပြီး
ကုဋီတက်ရင်းအော်ပြောလိုက်သောစကားသည်မမှန်တော့။
"ကုလားပြည်တွင်မှားခဲ့ပြီကောဆရာတော်"..လို့သာလျှောက်ထားလိုက်
ချင်သည်။ယိုသူမရှက်မြင်သူရှက်ဆိုသောမြန်မာစကားပုံတော့
ကုလားတို့တိုင်းပြည်တွင်ယနေ့အထိသွေးထွက်အောင်မှန်ကန်
နေဆဲပါပဲလေ။နောင်လဲဆက်လက်မှန်ကန်နေဦးမည်ထင်ရဲ့။
ဤလက်နက်သည်ကားကုလားတို့၏လက်လွပ်ရေးတိုက်ပွဲတွင်၊
အစွမ်းထက်လှသောလက်နက်ဆန်းကြီးတစ်ခုအဖြစ်ပါဝင်ခဲ့သည်
ဟုဆိုသည်မဟုတ်လား။
Wednesday, October 19, 2011
ဘဝမှာဆရာအတင်မမှားစေနဲ့
“အရှင်ဘုရားတို့..ဒီနေရာဟာလွန်ခဲ့တဲ့..A.D5ရာစုခန့်ကကမ္ဘာကျော်
နာလန္ဒာတက္ကသိုလ်အဟောင်းကြီးရဲ့နေရာပေါ့။မဟာယာနရဟန်းတော်
အရှင်နာဂအဇ္ဇုနဆိုတဲ့သူကတည်ထောင်သွားခဲ့တာလေ။
နာလန္ဒာတက္ကသိုလ်အဟောင်းကြီးရဲ့နေရာပေါ့။မဟာယာနရဟန်းတော်
အရှင်နာဂအဇ္ဇုနဆိုတဲ့သူကတည်ထောင်သွားခဲ့တာလေ။
ဟောဒီဘက်ကရွာကလေးကတော့မြတ်စွာဘုရားရှင်ရဲ့သာသနာမှာ
ပညာအရာမှာအတော်ဆုံး၊အသာဆုံး၊အမြတ်ဆုံး၊ဧတဒဂ်ရတော်မူတဲ့
အရှင်သာရိပုတြာရဲ့ဇာတိချက်ကြွေမွေးရပ်မြေနာလရွာ(သို့မဟုတ်)
နာလကရွာလေးပေါ့”…ဟုစသည်ဖြင့်နာလန္ဒာတက္ကသိုလ်မှရဟန်းတော်
တစ်ပါးကရှင်းလင်းပြောပြနေပါသည်။စာရေးသူ၏စိတ်အစဉ်တွင်၊
အရှင်သာရိပုတြာနှင့်အရှင်မဟာမောဂ္ဂလာန်တို့၏
ပုံရိပ်များကိုတစ်ဖြည်းဖြည်းမြင်ယောင်လာမိပါတော့သည်။
မိမိ၏စိတ်အစဉ်သည်လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်မှ
လက်ဝဲရံ၊လကျာ်ရံအဂ္ဂသာဝကြီးများဖြစ်တော်မူမည့်ဥပတိဿနှင့်
ကောလိတပုဏ္ဏားလုလင်ငယ်လေးတို့၏အကြောင်းများ၊သိဉ္စည်းဆရာ
ကြီးကိုဆရာအဖြစ်ကိုးကွယ်ဆည်းကပ်နည်းခံနေပုံများအရှင်အဿဇိနှင့်
ဆွမ်းခံရွာတွင်တွေ့ဆုံခိုက်…ယေဓမ္မာဟေတုပ္ပဘဝါ..အစချီသော
ဂါထာကိုဟောပြရှင်းလင်းနေပုံများ၊စသည်တို့ကိုမြင်ယောင်ရင်း
ကျွန်ုပ်တို့၏ဘဝတစ်သက်တာတွင်၊ဆရာသည်အဓိကအခန်းကဏ္ဍမှ
ပါဝင်လျှက်ရှိနေကြောင်းတွေးတောနေမိပါတော့သည်။
ကျွန်ုပ်တို့၏ဘဝတွင်လူတိုင်းလူတိုင်းမှာဆရာရှိခဲ့ကြပါသည်။
"ဆရာကာပြန်၊အာခေါင်လှံစူး။ဆရာများ
စသည်ဖြင့်ဆရာနှင့်ပတ်သက်၍စကားပုံများစွာရှိခဲ့သည်မဟုတ်ပါလား။
လူသားတစ်ယေက်၏ဘဝတွင်ဆရာအမျိုးမျိုးတွေ့ကြုံရပေမည်။
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာစသည်ဖြင့်
ဆရာမရှိသောသူဟူ၍၊လောက၌ရှိမည်မဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော်…
'လက်ဦးဆရာ၊မည်ထိုက်စွာ၊ပုဗ္ဗာစရိယ၊မိနှင့်ဘ.'.
ဟုဆိုရိုးရှိခဲ့သောကြောင့်ပင်ဖြစ်ပါ၏။
ကျွန်ုပ်တို့အားလူ့လောကသို့မွေးဖွားပေးလိုက်သောမိဘနှစ်ပါးသည်
ပင်လက်ဦးဆရာများဖြစ်နေသောကြောင့်ပါတည်း။
ဤနေရာတွင်လက်ဦးဆရာမည်သောမိဘနှစ်ပါးအကြောင်းကိုမတင်ပြလိုပါ။
ကျွန်ုပ်တို့အားအသိပညာ၊အတတ်ပညာများကိုသင်ကြားပို့ချပေး
သောဆရာများအကြောင်းကိုသာတင်ပြရေးသားလိုပါသည်။
ကျွန်ုပ်တို့၏ဘဝတွင်ဆရာသည်အရေးကြီးသောအခန်းကဏ္ဍမှ
ပါဝင်နေပါ၏။ထို့ကြောင့်ဆရာသည်အနန္တောအနန္တငါးပါးတွင်ပါ
ဝင်လျက် ဘုရားနှင့်တစ်ဂိုဏ်းတည်းထားခဲ့ကြသည်။
သို့ရာတွင်ကျွန်ုပ်တို့၏ဘဝတွင်ဆရာတင်မမှားမိကြစေဖို့
အလွန်အရေးကြီးလှပေသည်။ဆရာစစ်ဆရာမှန်ကိုကိုးကွယ်
ဆည်းကပ်မိဖို့အထူးလိုအပ်ပါသည်။
အရှင်ဒေဝဒတ်ကိုကိုးကွယ်ဆည်းကပ်မိသောကြောင့်မိမိ၏ဖခင်
အရင်းခေါက်ခေါက်ဗိမ္ဗိသာရမင်းကြီးကို ရက်ရက်စက်စက်၊ပြစ်မှားသတ်ဖြတ်ခဲ့ပြီး၊
ပိတုဃာတကကံကြီးကိုပင်ကျူးလွန်မိခဲ့ရပေသည်။
ယင်းအပြစ်အကုသိုလ်ကံ၏အကျိုးဆက်အဖြစ်၊သေလွန်သောအခါ
၊လောဟကုမ္ဘီငရဲ၌နှစ်ပေါင်းခြောက်သောင်း၊
ကျရောက်ပြီးဆင်းရဲဒုက္ခများစွာတွေ့ကြုံခဲ့ရပေသည်။
နောက်ပိုင်းတွင်ဆရာဇီဝက၏ကျေးဇူးကြောင့်ဆရာစစ်ဆရာမှန်၊ကိုးကွယ်ရာအမှန်၊
မြတ်ဗုဒ္ဓနှင့်တွေ့ကြုံဆုံဆည်းခွင့်၊တရားနာခွင့်ရခဲ့သော်လည်း၊
"ကံတရား၌နာမ်စားမရှိတော့ပြီ။အနာသိသော်လည်းဆေးမရှိတော့။
အလာကောင်းသော်လည်းအခါနှောင်းခဲ့ပြီ"
မဟုတ်ပါလား။အလားတူပင်အဟိသခေါ်အင်္ဂုလိမာသည်၊ပင်ကိုယ်က
စိတ်ကောင်းနှလုံးကောင်းရှိသူလေးပင်ဖြစ်ပါ၏။ဒိသာပါမ္ခောဆရာကြီး၏
လှည့်ကွက်အောက်တွင်လူဆိုးလူမိုက်၊လူကြမ်း၊တောပုန်းဓားမြကြီးဖြစ်ခဲ့ရသည်။
လူများစွာကိုသတ်ဖြတ်လျှက်မိမိ၏ကျေးဇူးရှင်မွေးမိခငိကိုပင်သတ်ဖြတ်ဖို့
ရန်အားထုတ်ကြိုးစားခဲ့သည်။မြတ်ဗုဒ္ဓ၏အနှိုင်မဲ့မေတ္တာကရုဏာ
တော်ကြောင့်သာ၊သူ၏ဘဝ၌ပြင်၍မရတော့မည့်အမှားကိုမကျူးလွန်
မိခဲ့ခြင်းပင်ဖြစ်ပါတော့၏။
.ဘဝတွင်ဆရာကောင်းဆရာမြတ်၊ဆရာစစ်ဆရာမှန်တို့
ကိုရွေးချယ်ရှာဖွေရပေရမည်။ဆည်းကပ်ကိုးကွယ်ရပေမည်။
ဆရာတိုင်းသည်ဆရာကောင်း။ဆရာမြတ်များမဖြစ်နိုင်ကြပါ။မိမိဘဝကိုချောက်ထဲတွန်း
ချသည့်အင်္ဂုလိမာ၏ဆရာမျိုး၊
ဘဝသံသရာဝယ်အပါယ်ငရဲသို့ပို့ဆောင်ပေးတတ်သည့်
အဇာတသတ်၏ဆရာအရှင်ဒေဝဒတ်တို့လိုဆရာမျိုးများလည်းများစွာရှိတတ်ပေသည်။
ဆရာတိုင်းသည်ဆရာကောင်း။ဆရာမြတ်များမဖြစ်နိုင်ကြပါ။မိမိဘဝကိုချောက်ထဲတွန်း
ချသည့်အင်္ဂုလိမာ၏ဆရာမျိုး၊
ဘဝသံသရာဝယ်အပါယ်ငရဲသို့ပို့ဆောင်ပေးတတ်သည့်
အဇာတသတ်၏ဆရာအရှင်ဒေဝဒတ်တို့လိုဆရာမျိုးများလည်းများစွာရှိတတ်ပေသည်။
ဘဝတွင်ဆရာအတင်မှားကြသူများလည်းရှိကြပါလိမ့်မည်။
ကျွန်ုပ်တို့၏ကိုးကွယ်ရာမြတ်ဗုဒ္ဓသည်ပင်၊သစ္စာလေးပါးကိုရှာဖွေစဉ်၊
အာဠာရနှင့်ဥဒကရသေ့ကြီးတို့၏နည်းလမ်းအမှားလမ်းစဉ်အလွဲများ
ကိုကျင့်သုံးလုပ်ဆောင်ခဲ့ဖူးသည်။သမထလမ်းစဉ်ဖြင့်၊ကိလေသာ
မကုန်ခမ်းနိုင်၊ဒုက္ခအပေါင်းချုပ်ငြိမ်းရာ၊နိဗ္ဗာန်သို့မရောက်နိုင်ဟုသိသဖြင့်၊
အာဠာရနှင့်ဥဒကရသေ့ကြီးတို့၏နည်းလမ်းအမှားလမ်းစဉ်အလွဲများ
ကိုကျင့်သုံးလုပ်ဆောင်ခဲ့ဖူးသည်။သမထလမ်းစဉ်ဖြင့်၊ကိလေသာ
မကုန်ခမ်းနိုင်၊ဒုက္ခအပေါင်းချုပ်ငြိမ်းရာ၊နိဗ္ဗာန်သို့မရောက်နိုင်ဟုသိသဖြင့်၊
ထိုဆရာကြီးများထံမှအချိန်မှီဖဲခွါခဲ့ဖူးသည်မဟုတ်လော။
အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့သည်လည်း၊
သိဉ္ဇည်းဆရာကြီးထံမှဖဲခွါ၍၊
ဆရာစစ်ဆရာမှန်မြတ်ဗုဒ္ဓထံချည်းကပ်ခဲ့ကြလေသည်။
တရားထူးတရားမြတ်ကိုတွေ့ရှိ
ကျင့်ကြံအားထုတ်ခဲ့သဖြင့်ဒုက္ခချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့
ပင်ဆိုက်ရောက်ခဲ့ရပေသည်။ ကျွန်ုပ်တို့သည်ဆရာသင်ကြား၊
ဆိုဆုံးမသည့်အတတ်ပညာ၊အသိပညာတို့ကိုမိမိတို့၏
ကိုယ်ပိုင်အသိဥာဏ်ဖြင့်ဆင်ခြင်စဉ်းစားလျှက်လုပ်ဆောင်သင့်လှပေသည်။
ထို့ကြောင့်ပင်မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ကာလာမသုတ္တန်၌မာသမဏောဂရုဟူ၍၊ဟောကြားတော်မူခဲ့သည်မဟုတ်ပါလား။
တရားထူးတရားမြတ်ကိုတွေ့ရှိ
ကျင့်ကြံအားထုတ်ခဲ့သဖြင့်ဒုက္ခချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့
ပင်ဆိုက်ရောက်ခဲ့ရပေသည်။
ဆိုဆုံးမသည့်အတတ်ပညာ၊အသိပညာတို့ကိုမိမိတို့၏
ကိုယ်ပိုင်အသိဥာဏ်ဖြင့်ဆင်ခြင်စဉ်းစားလျှက်လုပ်ဆောင်သင့်လှပေသည်။
ထို့ကြောင့်ပင်မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ကာလာမသုတ္တန်၌မာသမဏောဂရုဟူ၍၊ဟောကြားတော်မူခဲ့သည်မဟုတ်ပါလား။
ဆရာသည်လည်းပုထုဇဉ်လူသားပေမို့အမှားနှင့်မကင်းနိုင်ကြပါ။မိမိအားအသိပညာ၊
အတတ်ပညာများသင်ကြားပြသပေးသောဆရာသည်သပ္ပုရိသူပနိဿယ
(စိတ်လည်းလှ၊ပညာလည်းပြည့်ဝသည့်)ဆရာဟုတ်မဟုတ်ကိုဆန်းစစ်ဖို့
အလွန်အရေးကြီးပါသည်။
အလွန်အရေးကြီးပါသည်။
ကျွန်ုပ်တို့သည်ဆရာကောင်းဆရာမြတ်ကိုရှာဖွေဆည်းကပ်ရာ၌၊မြတ်ဗုဒ္ဓ၏လမ်းညွှန်ချက်ကို
ဂရုပြုသင့်ပေသည်။မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော၊သိင်္ဂါလောဝါဒသုတ်၌
ဆရာဟူသည်မိမိတပည့်အား…
ဂရုပြုသင့်ပေသည်။မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော၊သိင်္ဂါလောဝါဒသုတ်၌
ဆရာဟူသည်မိမိတပည့်အား…
၁။အသိပညာ၊အတတ်ပညာများကိုသင်ကြားပို့ချပေးရမည်။
၂။အမြဲဆုံးမသွန်သင်ပေးရပေမည်။
၃။မိမိ၏အတတ်ပညာ၊အသပညာများကိုအကုန်အစင်သင်ပြပေးရပေမည်။
၎။မိမိတပည့်အပေါ်ကျရောက်လာမည့်ဘေး၊အန္တရာယ်များကိုတားဆည်း
ကာကွယ်ပေးရမည်။
၅။ပညာသင်ကြားရန်သင့်တော်လျှောက်ပတ်သောနေရာဋ္ဌာနများသို့
လွေတ်အပ်နှံပေးရမည်။
အထက်ပါအချက်ငါးချက်နှင့်ပြည့်စုံသည့်ဆရာသည်ဆရာကောင်းဆရာမြတ်ဟု
မှတ်ယူရပေမည်။
ဆရာကောင်းဆရာမြတ်များနှင့်တွေ့ကြုံ
ဆရာကောင်းကိုဆည်းကပ်ကိုးကွယ်ခဲ့ရသောကြောင့်သာလျင်မိမိဘဝ
တသက်တာတွင်အိပ်မက်ပင်မြင်မက်ခွင့်မရှိပါသောနိုင်ငံရပ်ခြား၊
တိုင်းတစ်ပါး၌ပညာသင်ကြားခွင့်ကိုရခဲ့ပေသည်။
ဆရာသမားတို့၏ကူညီထောက်ပံ့၊ချီးမြောက်မှုဖြင့်မကြောင့်မကျ၊စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာဖြင့်နေနိုင်ခွင့်ကိုလည်းရရှိခဲ့ပေသည်။ အရှင်ဒေဝဒတ်လိုဆရာမျိုး၊
အဂုင်္လိမာလ၏ဆရာမျိုးနှင့်သာတွေ့ကြုံခဲ့ရပါမူ၊ကျွန်ုပ်တို့၏ဘဝသည်
မတွေးဝံ့အောင်နစ်နာဆုံးရှုံးမှုများ၊
ပျက်စီးမှုများ၊ဆင်းရဲဒုက္ခများနှင့်သာတွေ့ကြုံဘွယ်ရှိပေသည်။ထို့ကြောင့်ကျွန်ုပ်တို့၏
ဘဝမှာဘဆရာအတင်မမှားရလေအောင်ဆင်ခြင်တုံတရားလက်ကိုင်
ဆရာသမားတို့၏ကူညီထောက်ပံ့၊ချီးမြောက်မှုဖြင့်မကြောင့်မကျ၊စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာဖြင့်နေနိုင်ခွင့်ကိုလည်းရရှိခဲ့ပေသည်။
အဂုင်္လိမာလ၏ဆရာမျိုးနှင့်သာတွေ့ကြုံခဲ့ရပါမူ၊ကျွန်ုပ်တို့၏ဘဝသည်
မတွေးဝံ့အောင်နစ်နာဆုံးရှုံးမှုများ၊
ပျက်စီးမှုများ၊ဆင်းရဲဒုက္ခများနှင့်သာတွေ့ကြုံဘွယ်ရှိပေသည်။ထို့ကြောင့်ကျွန်ုပ်တို့၏
ဘဝမှာဘဆရာအတင်မမှားရလေအောင်ဆင်ခြင်တုံတရားလက်ကိုင်
ထားကာချည်းကပ်၊ကိုးကွယ်သင့်ပါကြောင်းတင်ပြလိုက်ရပေတော့သည်။
Thursday, October 13, 2011
ဘလော့ဂ်ဂါသူငယ်ချင်းအတွက်
ဘလော့ဂ်ဂါတစ်ယောက်အနေဖြင့်၊မိမိပိုစ့်ကိုအများသူငါဖတ်ဖို့ရေးမည်
ဆိုလျင်အောက်ပါအချက်ငါးချက်နှင့်ပြည့်စုံရမယ်တဲ့။
(၁)ခေတ်အခြေအနေ(situation)
(၂)စာရေးသူရဲ့ရည်ရွယ်ချက်၊စေတနာ(intention)
(၃)အကြောင်းအရာ(matter)
(၄)ချဉ်းကပ်နည်း၊သို့မဟုတ်၊ဇောင်းပေးခြင်း(approach)
(၅)အကြောင်းအကျိုး၊ရှေ့နောက်ဆီလျှော်ခြင်း(consistency)
ဒါတွေနှင့်ပြည့်စုံရမယ်တဲ့။စာဖတ်သူလဲ၊အဲဒီအချက်(၅)ချက်ကို
ရှာဖွေဖတ်ရှု့ရမယ်တဲ့။
အဲဒီငါးချက်ကပေါ်ပေါ်လွင်လွင်၊ထင်ထင်ရှားရှားရှိမနေဘူး။
ပေါ်ပေါ်လွင်လွင်ထင်ရှားရှားရှိနေပြန်လျှင်လည်းဒေါသသင့်တယ်။
(ဦးရွှေအောင်)
အထက်ပါစာပိုဒ်လေးကိုဘလော့ဂ်တစ်ခုတွင်ဖတ်လိုက်ရတော့
ကျုပ်ဘလော့ဂ်လေးမှာပိုစ့်တင်ဖို့လက်တွန့်သွားတယ်ဗျာ။တကယ်ပါ။
ကိုယ်ဖန်တီးစိတ်ကူးထားတဲ့စာကိုလူအများရှေ့ချပြဖို့က၊
အဆင့်အတန်းမှီတဲ့ပိုစ့်ဖြစ်ဖို့တော့လိုတယ်။
ကျုပ်လဲအဆင့်မှီချင်တယ်ဗျာ။စာရေးခြင်းအတတ်ပညာကို၊
ကျုပ်မကျွမ်းကျင်ဘူး။ဘောလ်ပင်ကိုင်ပြီးစာရေး
စားလို့ကတော့ သေချာပေါက်ထမင်းငတ်ကိန်းပဲ..
ဆိုတာဗေဒင်မေးဖို့မလိုဘူးလေ။
ဝါသနာတစ်ခုတည်းကိုအရင်းတည်လို့ ကိုယ်ရေးတတ်သလိုရေးတင်လိုက်တယ်။မဂ္ဂဇင်း၊ဂျာနယ်
တွေဆီပို့လိုက်ရင် အယ်ဒီတာကြီးတွေရဲ့လက်ချက်နဲ့ ကျုပ်စာတွေမြောင်းထဲရောက်ကုန်မှာပေါ့။
ဒီတော့လဲ…ကိုယ်ပိုင်ဘလော့ဂ်လေးဖန်တီးလို့၊ရောက်တတ်ရာရာ၊
စာလေးတွေတင်လိုက်၊ရေးလိုက်တယ်ပေါ့ဗျာ။ရေးစရာမရှိတဲ့အခါ၊
သူများစာတွေကော်ပီကူးပြန်တင်လုပ်ရတာပေါ့။
ခေတ်ကြီးကလဲ ကော်ပီခေတ်လေ။သီချင်းတွေလဲကော်ပီတွေ၊
ကခပ်များများ၊မဟုတ်လား။ဒီတော့လဲ..ခေတ်မှီချင်တဲ့၊ ကျုပ်လဲ၊ကော်ပီရတော့တာပေါ့၊နားလည်ပေးပါ…ပရိတ်သတ်ကြီးရယ်.
.နော်
.နော်
ဇရာနှင့်ယှဉ်သောသံဝေဂ
သင့်ရဲ့အသက်တွေကြီးနေပြီ၊
လောဘတွေကြီးနေတုန်းလား?
သင့်ရဲ့သွားတွေကျိုးကုန်ပြီ၊
ဒေါသ..မန်မာနတွေကျိုးပြီလား?
သင့်ရဲ့နားတွေလေးကုန်ပြီ၊
မောဟတွေလေးနေတုန်းလာ?
သင့်ရဲ့ဆံပင်တွေဖြူကုန်ပြီ၊
စိတ်ဓါတ်တွေဖြူစင်ရဲ့လား?
သင့်ရဲ့အသားအရေတွေတွန့်လာပြီ၊
မကောင်းမှုတွေလုပ်ရမှာတွန့်ရဲ့လား?
သင့်ရဲ့အားအင်တွေယုတ်လျော့လာပြီ၊
ရာဂစိတ်တွေလျော့ရဲ့လား?
သင့်ရဲ့မျက်စိတွေမှုန်ဝါးနေပြီ၊
နိဗ္ဗာန်လမ်းကိုလျှောက်ဖို့မှုန်ဝါးနေဆဲလား?
မင်းမြတ်နိုး(ကဒုံကနိ)
အပ္ပမာဒ၊အတွဲ(၄)၊အမှတ်(ဂ)။မှတ်သားဖို့ကောင်းလို့ပါ။
ဒါကြောင့်ကော်ပီကူးတင်လိုက်တာ။နေရာတကာကော်ပီမို့
လို့ခေတ်မှီအောင်ကော်ပီလုပ်လိုက်တာ။
ဟုတ်တယ်…စဉ်းစားဆင်ခြင်စရာတစ်ခုပါပဲ။
ဘာပဲဖြစ်ဖြစ်မသိတာထက်စာရင်သိထားတာကောင်းတာပေါ့။
အသိမှာသတိကပ်နိုင်ရင်မဂ်ဖိုလ်နိဗ္ဗာန်အထိတောင်ရောက်နိုင်တယ်လေ။
ကဲ…ပို့လိုက်ပြီဗျာ။ဂိတ်ဆုံး။မဆင်းတာတော့…ခင်ဗျာတို့ရဲ့တာဝန်ပဲ။
ကျုပ်နှင့်မဆိုင်ဘူး။
Thursday, October 6, 2011
မသိခြင်းရဲ့အခြားမဲ့
တွယ်တာမြတ်နိုးတိတ်တခိုးနှင့်၊တဖက်သတ်တန်ဘိုးထားစွဲလန်းလို့
အသဲကျွမ်းမျှချစ်ခဲ့ရပါတယ်သီရိရယ်၊တကယ်တော့ကျုပ်ကတောမှာမွေး.၊
အသဲကျွမ်းမျှချစ်ခဲ့ရပါတယ်သီရိရယ်၊တကယ်တော့ကျုပ်ကတောမှာမွေး.၊
တောမှာကြီး..တောမှာပဲနေနေတဲ့တောသားအစစ်၊ရေမရောဘူးဗျာ။
ရာဇဂြိုဟ်၊ဝေသာလီ၊သာဝတ္ထိ၊ဗာရာဏသီ…ဆိုတဲ့မြို့ကြီးပြကြီးဆိုတာ
ကျုပ်ကြားရုံကြားဖူးတာပါ။မရောက်ဖူးလို့ရောက်ဖူးအောင်ဆိုပြီးသွားဖို့
လည်းကျုပ်ဘယ်တုန်းကမှအားမထုတ်ခဲ့ဘူး။လူတစ်ချို့ပြောတာ
ကြားဖူးပါရဲ့။ဘာတဲ့ဗျာ..မြို့ကြီးသူတွေဟာခန္ဓာကိုယ်ပိန်သေးသေး၊
ဆေးဆိုးပန်းရိုက်မျက်နှာတွေနဲ့မော်ဒယ်ဂဲလ်လေးတွေကွတဲ့။
မယ်တော်ပဲကဲသလား? မော်ဒယ်ပဲဂဲလ်သလားတော့ကျုပ်မသိပါဘူး။
သူတို့ပြောတာကြားရတော့၊ကျုပ်တစ်ယောက်တည်းပြုံးမိသေးတယ်။
"အပျိုပိန်ပိန်၊ရေမှာစိမ်တော့အီကြာကွေး၊အီကြာကွေး"..လို့
ကလေးတွေအော်သံကိုလဲကြားမိလိုက်သလို၊အင်းပိန်ကပ်ကပ်ပြားချပ်
ချပ်နှင့်ဆိုတော့ဝါးခြမ်းပြားအဝတ်ပတ်ထားသလိုများ
ဖြစ်နေမလားပေါ့။ဒါတွေထားလိုက်ပါလေ…ကျုပ်စိတ်မဝင်စားပါဘူး။
အလှအပနှင့်အနုအရွ၊သမုဒယဆိုတာတွေက
ကျုပ်ဘဝနှင့်မဆီရေးချမဆိုင်။
ပြောဦးမယ်…ကျုပ်အလုပ်ကနံနက်စောစောထ၊ကိုယ်လက်သန့်စင်၊
ပြီးတာနှင့်တိတ်ဆိတ်ငြိမ်သက်တဲ့အရပ်မှာထိုင် နှာသီးဝကထွက်လေ
ဝင်လေကိုမှတ်သား၊ပြီးတော့ရွာထဲဆွမ်းခံဝင်ပေါ့။ပြောရင်ဆွမ်းခံ
ဝင်တော့လည်းကျုပ်ကဟိုဟိုသည်သည်၊မကြည့်လေတော့
"ဘယ်သူ၊ဘယ်အချိန်၊ဘယ်နေရာမှာ၊ဘာလုပ်လုပ်လို့၊ဘာကြောင့်၊
ဘာဖြစ်သွားတယ်ဆိုတဲ့..ဘ.ခြောက်လုံးကိုလည်းကျုပ်မသိခဲ့ပါဘူး"။
ကျောင်းပြန်ရောက်လို့နေ့ဆွမ်းချိန်စောနေသေးရင်၊ကျောင်းပတ်ဝန်း
ကျင်တံမြက်လှဲမယ်။သောက်ရေသုံးရေတွေဖြည့်မယ်။
နေ့ဆွမ်းစားပြီးရင်တော့....
အင်း…ခဏလောက်အနားယူတတ်တယ်ပေါ့။ပြီးရင်တော့၊
တစ်နေ့လုံးစင်္ကြံလျှောက်လိုက်၊တရားမှတ်လိုက်၊တစ်ခါတစ်ခါစာ
အုပ်လေးတွေကြည့်လိုက်နဲ့ပေါ့။အဲဒါကျုပ်ရဲ့တစ်နေ့တာလုပ်ငန်းပဲ။
ကျုပ်ကတစ်ယောက်ထဲနေသူဆိုတော့အဖော်မရှိ၊ပြောစရာစကားလဲနတ္ထိ
၊ကဲ…ကျုပ်ဘဝလေးဘယ်လောက်အေးဆေးတည်ငြိမ်လိုက်ပါသလဲ။
ကျုပ်ဒီဘဝလေးမှာပျော်တယ်။ကျုပ်ဒီဘဝလေးကိုမြတ်နိုးတယ်ဗျာ။
ဟော….ဖြစ်ချင်တော့ဒီဇင်ဘာ(၉)ရက်ဆိုးချက်ကရင်နင့်စရာစရာလို့
ပြောရင်တောင်ရမယ်။ဟုတ်တယ်…အဲဒီနေ့ပေါ့။
ကျုပ်ဘဝမှာမေ့ပျောက်လို့မရတဲ့နေ့တစ်နေ့၊ကျုပ်အဖြစ်က
ဆန်းတယ်ပြောမလားပဲ။ဆွမ်းခံရင်းငှက်သင့်တာမဟုတ်ဘူးဆရာ၊
ဆွမ်းခံပြန်မှာငှက်သင့်တာလို့ဆိုရမလိုပါ။ခင်ဗျားသိပ်နားမရှင်းဘူးထင်ပါ့။
ဒီလိုဗျာ….ခါတိုင်းနေ့တွေလိုပါပဲ၊ဆွမ်းခံရွာကအပြန်ကျုပ်ရဲ့ရွာနှင့်အ
ဝေးတောကျောင်းလေးမှာအဂန္တုကိုယ်တော်တစ်ပါးရောက်နေတယ်။
ကျုပ်လည်းအာဝါသိကဝတ္တရားအတိုင်းပြုစုလို့၊သာကြောင်းမာ
ကြောင်းနုတ်ဆက်စကားဆိုကြရင်း၊စကားတွေကစပ်မိစပ်ရာ
ဟိုရောက်သည်ရောက်ပေါ့။ဟုတ်တယ်..စကားဆိုတဲ့သဘောက?စ'မိရင်
ကားရောပဲ။ဒါကြောင့်..စကားခေါ်တာဖြစ်မှာ။အာဂန္တုကိုယ်တော်ကြီးရဲ့
စကားတွေထဲမှာသာဝတ္ထိ၊ဝေသာလီ၊ဗာရာဏသီဆိုတဲ့မြို့ကြီးတွေဟာ
သိပ်ကြီးကျယ်ခန်းနားတဲ့အကြောင်း၊ရာဇဂြိုလ်မြို့ကြီးကတော့ပို၍ပို၍
သာယာကြောင်း၊ဥယာဉ်ပန်းခြံတွေ၊ခေတ်မီမိုးပျံအဆောက်အဦကြီးတွေ
၊ရှော့ပင်းစင်တာကြီးတွေနှင့်နတ်ဘုံနတ်နန်းတမျှပါပဲတဲ့။
(တော်တော်သိတဲ့..ကိုယ်တော်ကြီး..ဒီလိုပဲလျှောက်သွားနေသလား?
မသိပါဘူး)ပြီးတော့...အလှအပတွေပေါင်းစုလို့၊လှချင်တိုင်းလှနေသူ
ကတော့ရာဇဂြိုဟ်မြို့ပြရဲ့အလှနတ်ဘုရားမလေးသီရိမာကေလေးပါပဲတဲ့။သူမရဲ့အပြုံး၊သူမရဲ့အလှ
သူမရဲ့အပြုစုအယုအယတွေကြောင့်အနယ်နယ်က.မင်း၊သူဌေး၊သူကြွယ်၊
လူကုံထံကုန်သည်၊ပွဲစားတွေဟာသူမနှင့်တစ်ညတာတစ်ခဏသာပျော်ပါး
ဖို့အသပြာတစ်ထောင်ကိုရက်ရက်ရောရော၊ရှောရှောရှူရှူ၊ကြည်ကြည်
ဖြူဖြူပေးဝံ့ကြသတဲ့လေ။ရာဇဂြိုဟ်မြို့ပြရဲ့ဂုဏ်သတင်းဟာလည်း
အလှနတ်သမီးလေးသီရိမာကြောင့်၊အိမ်နီးချင်းသာဝတ္ထိ၊ဝေသာလီ၊
ဗာရာဏသီ၊ကောသမ္ဘီနှင့်မလ္လာတိုင်းအစရှိတဲ့မြို့ကြီးတွေအထိ၊
အချင်းချင်းမေးလို့သတင်းမွေးနေတယ်..ဆိုပါသကောမောင်...။
ဒါတင်ဘယ်ဟုတ်သေးလို့လဲ။သူကလေးကနေ့စဉ်သံဃာရှစ်ပါးကို
သူမအိမ်ပင့်ဖိတ်ပြီးကိုယ်တိုင်ကိုယ်ကျဆွမ်းဆက်ကပ်လှူဒါန်းသေး
သတဲ့ဗျ။ရုပ်လှရုံမက၊စိတ်စေတနာ၊သဒ္ဓါတရားကလည်းသိပ်ပြီးဖြူစင်
လှပပါပေရဲ့......တဲ့။ဒီမှာ….ကျုပ်အရမ်းစိတ်ဝင်စားသွားပြီ။
ကျုပ်ကိုယ်တိုင်သီရိလေးရဲ့အလှအပကိုခံစားကြည့်ချင်လာတယ်။
သူလေးရဲ့အလှကိုစိတ်ကူးမှာပုံဖော်တွေးကြည့်မနေတော့ပဲ၊
ပြေးလို့သာကြည့်လိုက်ချင်ပါတော့တယ်။
"ကိုယ်တော်….ဒီတောကျောင်းမှာခေတ္တခဏစောင့်ရှောက်နေပေးပါလား?
တပည့်တော်ရာဇဂြိုဟ်မြို့ကြီးကိုသွားချင်တယ်၊
သိပ်ကြာခင်တပည့်တော်ပြန်လာခဲ့ပါ့မယ်"…လို့ကတိပေးစကားမှာ
ကြားရင်းကျောင်းကလေးကို၊အာဂန္တုကိုယ်တော်နှင့်လွဲထားခဲ့လိုက်တယ်။
ပြင်ဆင်စရာအထူးမရှိလေတော့၊သပိတ်တစ်လုံးသင်္ကန်းသုံးထည်နဲ့ပဲ၊
ရာဇဂြိုဟ်ရွှေမြို့တော်ကြီးဆီ၊ကျုပ်..ကြွချီလို့လှမ်းခဲ့တယ်ပေါ့။
ကြားခဲ့ဖူးတဲ့အတိုင်းပါပဲ။ရာဇဂြိုဟ်မြို့ကြီးကတော့တိုက်မြင့်မြင့်ကြီးတွေ၊
ဘုံခုနှစ်ဆင့်ပြဿာဒ်ကြီးတွေနှင့်မြင်းရှစ်ကောင်.ကတဲ့ရထား၊မြင်း(၁၂)က
တဲ့ရထားတွေနှင့်။အို…လူတွေလူတွေ၊များပြားစည်ကားလိုက်ပုံက၊
ပုရွက်ဆိတ်အုံ...တုတ်နှင့်ထိုးထားတဲ့အတိုင်းပါကလား။
တောသားကျုပ်အတွက်တော့အံ့သြစရာတွေချည်း၊
အထူးအဆန်းတွေချည်းဖြစ်လို့ပေါ့။
(၂)
ဒီလိုနှင့်ဝေဠုဝန်ကျောင်းတော်ကြီးကိုရောက်ခဲ့ပါပြီ။
ဆွမ်းစားကျောင်းဘုန်းတော်ဆီသွားပြီ၊ကျုပ်နာမည်ကို
စာရင်းပေးသွင်းခဲ့တယ်။အာဂန္တုဦးစားပေးစနစ်မို့ထင်ပါရဲ့။
နောက်တစ်နေ့အရုဏ်ဆွမ်းစားစာရင်းရှစ်ပါးမှာကျုပ်နာမည်ပါ
လာခဲ့တယ်။
"အို…ပျော်လိုက်တဲ့ဖြစ်ခြင်း၊မနက်လင်းရင်
ချက်ခြင်းဆိုသလို၊ပက်ပင်းကြီးကိုသီရိလေးနှင့်တွေ့ရတော့မှာမို့
သက်ပြင်းတွေတောင်အခါခါချမိပါရဲ့"......။
အဲဒီညက.....တစ်ညလုံးကျုပ်အိပ်လို့မပျော်ခဲ့ဘူး။
ကျုပ်ရဲ့အတွေးကမ္ဘာမှာသီရိသာနေရာယူလို့၊ဟိုလိမ့်သည်လူး၊
စိတ်ကူးနဲ့ရူးခဲ့ရတဲ့ညပေါ့။အာရုံမတက်ခင်ကတည်းကနိုးထနေတဲ့
ကျုပ်ရယ်လေ။သပိတ်သင်္ကန်းယပ်တောင်တွေကိုပြင်ဝတ်ရုံပြီးကျုပ်
စောင့်နေလိုက်တယ်။ခေါင်းဆောင်မထေရ်ကြီးနှင့်အတူ..ကျုပ်အပါအဝင်
ရှစ်ပါး၊ဆွမ်းစားဖို့သီရိဂေဟာကိုရောက်ခဲ့ပါပြီ။အိမ်ကြီးကခမ်းနားကြီး
ကျယ်လိုက်ပါဘိတောင်း….။အိမ်ရှေ့မြက်ခင်းစိမ်းစိမ်းလေးတွေထဲမှာ
ဖြူနီဝါပြာ၊ရောင်စုံပန်းကလေးတွေနှင့်အတူ၊လိပ်ပြာငယ်ကလေးတွေ
ပျားပိတုန်းလေးတွေက၊ဟိုသည်ပျံဝဲလို့လေ။ဟင်…ကျုပ်ရင်တွေခုန်နေ
ပါလား၊ကဗျာဆရာကြီးတွေကဖွဲ့ဆိုကြတယ်။ရင်ခုန်ရင်အချစ်ပဲတဲ့…။
ဒါဆို…ကျုပ်ကသီရိကိုမမြင်မတွေ့ခင်ကတည်းက၊ရင်ထဲကနေသံယော
ဇဉ်ရစ်ချည်လို့ဖြစ်တည်နေခဲ့ပြီလား။အိမ်ကြီးထဲရောက်ရောက်တယ်
ဆိုရင်ပဲ၊ကျုပ်လဲမသိမသာ..ဟိုဟိုဒီဒီစူးစမ်းကြည့်လိုက်မိတယ်။
ဆွမ်းဆက်ကပ်ဖို့ပြင်ဆင်နေသူအားလုံးကတော့ငယ်ငယ်ချောချော
အမျိုးသမီးတွေချည်းပါပဲ။ဒီအထဲမှာသီရိများပါလေမလားလို့ပေါ့။
အသားဖြူနှာတံပေါ်ပေါ်၊သွားတက်လေးနှင့်ဟာလေးကသီရိလား?...။
ဟိုဘက်ကမျက်နှာဝိုင်းဝိုင်းပြုံးလိုက်တိုင်း၊ပါးချိုင့်လေးနှင့်ဟာလေးက
သီရိများလား..?။အားလုံးကတော့သူ့အလှသူအလှကိုယ်စီရှိကြလေရဲ့။
ဒါပေမဲ့…သိတယ်မဟုတ်လား။သူတို့အလှလေးတွေကကျုပ်ရင်ခုန်သံ
ကိုမမြန်စေခဲ့ဘူး။ဒါဆိုသေချာတယ်၊သီရိမဟုတ်ဘူးပေါ့။သီရိဘယ်မှာလဲ?.
သီရီဘယ်မှာလဲ?.ဆိုပြီးကျုပ်ကိုကျုပ်မေးခွန်းတွေထုတ်ရင်းအလုပ်တွေ
ရှုပ်လို့။ဒီလိုနှင့်ဆွမ်းဆက်ကပ်ပြီးလို့၊သပိတ်ထဲမှာလဲကောင်းမွန်တဲ့ဆွမ်း
ဟင်းလျာတွေအပြည့်လောင်းလှူအပြီး၊ခေါင်းဆောင်မထေရ်ကြီးက
ဆွမ်းအနုမောဒနာတရားဟောကြားတော့မယ်။
အဲဒီအချိန်အမျိုးသမီးနှစ်ယောက်တွဲလို့အိပ်ခန်းအပြင်ဘက်ထွက်
လာတဲ့၊အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်ဆိုရင်ပဲ….
"ဟာ..အားပါး…သိပ်လှပါလား။ကပိုကရို၊မဖီးမလိမ်း၊မချယ်မသဘဲ၊
သဘာဝပင်ကိုယ်ပကတိအလှလေးပါလား။မကျန်းမာပုံရပေမဲ့၊နေ
လောင်ပန်းလေးတစ်ပွင့်နှယ်။ကျုပ်ရင်ခုန်သံတွေဆူညံကုန်ပြီကွယ်။
မင်းလေးရဲ့အလှဟာ၊မခူးမဆွတ်ရသေးတဲ့၊ဖူးပွင့်အစုံနှင်းဆီငုံလေးလိုပါပဲ
။မသွေးမထောက်၊အကွက်မဖောက်ရသေးတဲ့၊ကျောက်မြက်ရတနာ
အရိုင်းတုံးလေးတစ်လိုပါပဲ။မသောက်မသုံးရသေးတဲ့၊လန်းဆန်းသစ်သစ်
ပျားသကာစစ်လိုပါပဲလား။ကျုပ်အသဲကျွမ်းမတတ်၊စွဲလမ်းရပါပြီကော
သီရိလေးရယ်….။ကျုပ်ရင်ခွင်မှာ၊ထာဝရထွေးပိုက်လို့၊နမ်းရှိုက်ခွင့်ရ
ပါရစေလား။ကျုပ်အဖြစ်ကိုဘယ်သူမြင်ဘယ်သူသိနိုင်မလဲ၊
တဖက်သတ်အဖြစ်နှင့်၊အသက်မကချစ်မိခဲ့သူကကျုပ်ရယ်ပါ။”
(၃)
ခေါင်းဆောင်မထေရ်ကြီးရဲ့ဆွမ်းအနုမောဒနာတရား ပြီးဆုံးသွားခဲ့ပါပြီ။
အမှန်အတိုင်းဝန်ခံရရင်၊ဘာတွေဟောပြောသွားတယ်ဆိုတာ.....
ကျုပ်မသိလိုက်ဘူး။ကျုပ်...အတွေးအာရုံထဲမှာနှစ်မျောနေခဲ့တယ်လေ။
ဆွမ်းကိစ္စပြီးလို့ကျောင်းတော်ကိုပြန်ရောက်ခဲ့ပေမဲ့..ကျုပ်နှလုံးသားနှင့်
အသိစိတ်တွေကတော့..သီရိလေးနှင့်အတူသီရိဂေဟာကြီးမှာကျန်ရစ်လို့
နေခဲ့ပါပြီ။ကျုပ်ဆွမ်းကိုစားလိုစိတ်မရှိတော့သလိုအချင်းချင်းလဲစကားပြော
လိုစိတ်မရှိတော့ဘူး။သပိတ်ကိုအိပ်ယာဘေးအသာချ၊အပေါ်ရုံသင်္ကန်း
ကိုခေါင်းမြီးခြုံပြီး၊ကျုပ်အာရုံကျုပ်အတွေးမှာသီရိလေးဟာကျုပ်ရဲ့
ကမ္ဘာပဲပေါ့။ကျုပ်စိတ်ကူးကျုပ်အိပ်မက်မှာသီရိလေးဟာရွှေမင်းသမီးလေ။
အရာအားလုံးကိုကျုပ်မေ့နေခဲ့တယ်။
(တကယ်..အဟုတ်ပြောတာ၊ခင်ဗျားရီနဲ့ဗျ။)
"ကိုယ်တော်ထ…ထ။မြတ်ဗုဒ္ဓကရဟန်းတော်အားလုံးသီရိဂေဟာ
ကိုကြွရမယ်လို့အမိန့်ရှိလိုက်တယ်"…ဆိုတဲ့အနီးကရဟန်းတစ်ပါးရဲ့
လှုပ်နိုးသံကိုကြားတော့မှလေးငါးရက်အစာမစားပဲနေခဲ့တဲ့ကျုပ်၊
အလိုလိုခွန်အားတွေပြည့်လို့..၊သီရိဆိုတဲ့အသံကြားရုံနှင့်ကျုပ်စိတ်နှင့်
ကျုပ်နှသားတွေအလိုလိုလန်းဆန်းတက်ကြွလို့ပါလား။
အချစ်ရဲ့စွမ်းအင်သတ္တိတွေထင်ပါရဲ့။ကျုပ်လဲရဟန်းတော်တွေနှင့်
အတူသင်္ကန်းကိုသပ္ပါယ်လို့သီရိဂေဟာဆီ၊မြတ်ဗုဒ္ဓရဲ့နောက်တော်ပါးက
လိုက်ခဲ့ရတယ်ပေါ့။ဟေ….လူအုပ်ကြီးကမနည်းပါလား။
အင်း..ဒီမှာဘာပူဇာ၊ဘာပွဲတော်များရှိပါလိမ့်?လူတွေကများပြားလှ
ချည့်လား..လို့ကျုပ်တွေးနေမိတယ်။"ကိုယ်တော်ရေဒီနေ့ရာဇဂြိုဟ်မြို့
ကြီးရဲ့အလှကျက်သရေဆောင်သီရိမာကွယ်လွန်ဆုံးပါးသွားတာ(၇)
ရက်မြောက်နေ့ပေါ့။သီရိမာရဲ့ရုပ်အလောင်းကိုတစ်မြို့
လုံးတစ်အိမ်တစ်ယောက်မလာမနေရ။လာရောက်ကြည့်ရှူရမယ်။
မလာရောက်သူကို......ရှစ်အသပြာဒဏ်ရိုက်မယ်လို့
မင်းမြတ်ဗိမ္ဗိသာရကအမိန့်ထုတ်ထားတယ်လေ။
ဒါကြောင့်လူတွေအရမ်းများနေတာပေါ့ဘုရား"…
လို့ရဟန်းတစ်ပါးရဲ့တိုးတိုးပြောသံကိုကြားလိုက်မိတယ်။
အဲဒီစကားသံကကျုပ်နားထဲကိုသံရည်ပူအလား၊ပူလောင်ပြင်းရှစွာစီး
ဝင်သွားခဲ့တယ်။အို….သီရိလေးဆုံးပါးသွားပြီဆိုပါလား။
တကယ်မဟုတ်ပါစေနဲ့။ကျုပ်နားကြားလွဲတာပဲဖြစ်ပါစေ..
လို့စိတ်ထဲ၊အကြိမ်ကြိမ်ဆုတောင်းနေမိခဲ့တယ်။
ကျုပ်ဆုတောင်းမပြည့်ခဲ့ပါဘူး။သီရိလေးကတော့........တမလွန်
မှာငြိမ်းချမ်းစွာအိပ်စက်နေရှာပေါ့။
"ကျုပ်ရဲ့... စိတ်ကူးယာဉ်ကမ္ဘာလေးပြိုပျက်ခဲ့ရပါပြီ…
ကျုပ်ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးလွင့်ပြယ်ပျက်သုဉ်းခဲ့ရပါပြီ…
ကျုပ်အိပ်မက်တွေအရည်ပျော်ကုန်ပြီ..အရည်တွေပျော်ကုန်ပါပြီဗျာ"…
…ကျုပ်ရင်ထဲမှာငိုကြွေးနေတယ်။ကျုပ်မျက်ဝန်းမှာငွေရောင်ပုလဲတို့
ခနေတယ်။ကမ္ဘာကြီးတစ်ခုလုံးချာချာလည်နေသလိုပဲ။
ကျုပ်ဦးဏှောက်အသိဥာဏ်တွေမှားယွင်းစွာ..မူးယစ်ရီဝေနေခဲ့ပါပြီ။
မြတ်ဗုဒ္ဓကဗိမ္ဗိသာရမင်းကြီးကိုခေါ်တော်မူလိုက်ပြီး…
မြတ်သောမင်းကြီး..သီရိမာရဲ့ရုပ်အလောင်းကိုပရိသတ်အပေါင်းမြင်နိုင်
စေရန်အလို့ငှါရှစ်ပေခန့်မြင့်တဲ့နေရာမှာထားပါလော့…
လို့မိန့်တော်မူလိုက်ပါတယ်။
စေရန်အလို့ငှါရှစ်ပေခန့်မြင့်တဲ့နေရာမှာထားပါလော့…
လို့မိန့်တော်မူလိုက်ပါတယ်။
မင်းကြီးလည်းမြတ်ဗုဒ္ဓစေခိုင်းချက်အတိုင်း..အားလုံးစီစဉ်ပြင်ဆင်ထား
လိုက်ပါတယ်။သိပ်မကြာလိုက်ပါဘူး..အသံတစ်ခုကထွက်ပေါ်ကြေငြာ
နေပါပြီ။
"ကြွရောက်လာတဲ့ပရိသတ်ကြီးခင်ဗျား…ကျေးဇူးပြု၍နားဆင်ပါ။
အားလုံးသိကြတဲ့အတိုင်း..ယခုသီရိမာလေးဟာအသက်ရှင်စဉ်က
သူမနှင့်တစ်ညတာပျော်ပါးနေထိုင်ဖို့အသပြာတစ်ထောင်ပေးကြ
ရပါတယ်။ယခုအခါ..ဟောဒီကသီရိမာနှင့်အမြဲတမ်းမခွဲတမ်း၊
ရာသက်ပန်ထာဝရအတူတကွနေထိုင်ဖို့ရန်အတွက်မည်သူမဆို
အသပြာတစ်ထောင်ပေးဝယ်၍..အပြီးအပိုင်လာရောက်
ယူနိုင်ပါပြီခင်ဗျား"
တဲ့။ပရိသတ်ကြီးကတော့တုပ်တုပ်ပင်မလုပ်။
ကျောက်ရုပ်ကြီးတွေစီချထားသလိုမလုပ်မယှက်ငြိမ်သက်လျက်။
တိတ်ဆိတ်ငြိမ်သက်ခြင်းကအပ်ကျသံတောင်ကြားရမတတ်ပါပဲ။
ခဏအကြာ..လူတစ်ချို့ကတီးတိုးတီးတိုးသဖန်းပိုးဆိုသလို…
ဒီလူအသေကောင်၊မသာကောင်၊အလောင်းကောင်အသုဘကြီးကို
ဘာလုပ်ဖို့အသပြာတစ်ထောင်နှင့်ရောင်းနေရတာလဲ။
သေသွားမှတော့မြေမြုပ်လိုက်ရောပေါ့၊မီးရှို့လိုက်ရောပေါ့၊
ဒါမှမဟုတ်လည်းမြစ်ထဲမျောလိုက်ရော့ပေါ့…လို့ဆိုသူကဆို
။လေတစ်တစ်ချက်အဝေ့မှာခွေးသေကောင်ပုတ်နံ့လိုဆိုးဆိုးဝါးဝါး၊
ပုတ်အဲ့အဲ့၊စူးရှရှအနံတစ်ခု။တစ်ချို့ကနှာခေါင်းပိတ်သူပိတ်၊
ပျို့အန်သူတွေအန်လို့…သီရိမာရဲ့ခန္ဓာကိုယ်ပေါ်လွမ်းခြုံထားတဲ့
ပိတ်ဖြူကြီးကိုခွါချလိုက်တဲ့အခါမှာတော့ညိုမဲဖူးရောင်ပုတ်ပွနေတဲ့
အသုဘအလောင်းကောင်တစ်ခု။တစ်ချိန်ကလိုချင်သူတွေဝိုင်းဝိုင်းလည်၊
ချစ်ခင်သူတွေများပြားခဲ့ဖူးသူသီရိမာလေး...
ခုတော့လဲ…အားလုံးကလှည့်လို့ပင်မကြည့်ချင်ကြတော့ပါလား။
သီရိမာရဲ့ရုပ်အလောင်းကိုအသပြာတစ်ထောင်ပေးဝယ်လို
သူမရှိတော့အသပြာ(၅၀၀)၊အဲဒီနောက်တစ်စတစ်စလျော့ချလာ
လိုက်တာအလကားအပြီးပိုင်ပေးပါမယ်ဆိုတဲ့အထိ။
လူချင်သူမရှိလက်ညိုးထောင်သူမရှိတော့။ပုတ်ပွနံစော်ပြီးမသထီစရာအနံ့
အဆင်းနှင့်ပိုးလောက်တို့ကတစ်ဖွားဖွား၊လမ်းမပေါ်ကားတိုက်
ထားတဲ့ခွေးသေကောင်ပုတ်တစ်ခုလိုတန်ဘိုးမဲ့နေတဲ့သီရိမာရဲ့
ခန္ဓာကိုယ်ကြီးဘယ်သူကများနှစ်သက်လိုချင်စွဲလမ်းနေတော့မှာတဲ့လဲ။
အလှအပဆိုတာထာဝရမဟုတ်၊ခဏတာတည်မြဲခြင်းရယ်ပါလား။
သြော်….ကျုပ်လား၊မပြောပါနဲ့တော့ဗျာ။ဒီလောက်ပုပ်ပွနံစော်နေတာကြီး
ကျုပ်လဲဟောဒီကသီရိမာဆိုတာကြီးကိုမလိုချင်တော့ပါဘူး။
မရယူမပိုင်ဆိုင်ချင့်ပေါဘူးဗျာ။ဒီတော့မြတ်ဗုဒ္ဓက…
”ဟောဒီက....သီရိမာလေးကိုကြည့်ကြကုန်လော့...
ရှု့ကြကုန်လော့၊အသက်ရှင်စဉ်တုန်းကရယူလိုချင်သူတွေသိပ်ပေါများ
ခဲ့တယ်။ခုတော့..အလကားယူပါဆိုတာတောင်လက်ညိုးထောင်
ခေါင်းညိတ်မဲ့သူမရှိတော့ဘူး။တကယ်တော့ဟောဒီကခန္ဓာ
ကိုယ်အတ္တဘောကြီးဟာငှက်ပြောတုံး…လက်ပံတုံးကြီးလိုပဲ၊
အကာအတိသာဖြစ်တယ်၊ပြင်ပကအလှအပတွေချယ်သထားတဲ့
မစင်အိုးကြီးတစ်လုံးနှင့်သာတူတော့တယ်။ပြီးတော့....
"ဆံပင်၊မွေးညှင်း၊ခြေသည်းလက်သည်း၊သွား၊အရေ၊အကြော၊အရိုး
၊ခြင်ဆီ၊အညှို့၊နှလုံး၊အသည်း၊အမြှေး၊အဖျဉ်း၊အဆုပ်၊အူသိမ်၊အူမ၊
အစာသဏ်၊အစာဟောင်း၊ဦးဏှောက်၊သည်းခြေ၊သလိပ်၊ချွေး၊အဆီခဲ၊
မျက်ရည်၊ဆီကြည်၊တံတွေး၊နှပ်၊အစေး၊ကျင်ငယ်…
လို့ခေါ်တဲ့ရွံရှာဖွယ်အရာတွေနှင့်ပြည့်နက်လို့သာနေတော့တယ်။
ဒါတွေကိုမြင်အောင်ဥာဏ်မျက်မျက်စိနှင့်မြင်အောင်ကြည့်ရှု
ဆင်ခြင်ပွါးများကြရမယ်၊ရုပ်နာမ်တို့ရဲ့ပျက်စီတတ်ခြင်းသဘော၊
မမြဲတဲ့သဘော..ကိုသိအောင်အားထုတ်ကြရမယ်။ဖြစ်ပြီးရင်ပျက်စီးရမယ်
၊လောကမှာအဖြူရှိရင်၊အမဲဆိုတာရှိမယယ်၊အလင်းရှိရင်၊အမှောင်ဆို
တာရှိတယ်။သေခြင်းရှိရင်၊မသေချင်းဆိုတာရှိတယ်။
အဲဒီမသေခြင်းကတော့၊အမတဆိုတဲ့နိဗ္ဗာန်တရားပါပဲ…တဲ့။
မသေခြင်းဆိုတဲ့နိဗ္ဗာန်ကိုကုသိုယ်တရားတွေအပေါ်မှာ
မမေ့မလျော့တဲ့အပ္ပမာဒခေါ်သတိတရားနှင့်သာရောက်နိုင်၊
ရရှိနိုင်တယ်”.......
စတဲ့တရားတော်ကိုဟောကြားလိုက်ပါတယ်။
မြတ်ဗုဒ္ဓရဲ့တရားစကားတိုင်းကတော့ပရိသတ်ကြီးရဲ့နှလုံးသား၊
အထူးအားဖြင့်ကျုပ်ရဲ့နှလုံးသားတိုက်ရိုက်၊တည့်တည့်ကြီးထိခဲ့ပါပြီကော။
ဟုတ်တယ်ဗျ…မသိမှုအဝိဇ္ဇာတရားတွေက၊ကျုပ်တစ်ကိုယ်လုံးဖုံးလွမ်း
နေခဲ့တယ်လေ။ခုတော့ဒါတွေကိုကျုပ်သိသွားပြီ။လိုချင်တဲ့တဏှာ၊
စွဲလမ်းတတ်တဲ့ဥပါဒါန်တွေကို..ကျုပ်အကြွင်းမရှိလုံးဝ၊ဖြတ်တောက်ပစ်
လိုက်ပြီ၊မှားမှန်းသိခဲ့လို့.....ကျုပ်ပယ်ခွါစွန့်ပစ်လိုက်ပြီ…
ကျုပ်သီရိမာကိုမတွယ်တာတော့ဘူး၊မစွဲလမ်းတော့ဘူး၊
မမြတ်နိုးတော့ဘူး။ဒီအချိန်မှာ....သီရိမာလေးကိုမှမဟုတ်ပါဘူး..
ဘယ်ပုဂ္ဂိုလ်..ဘယ်ယောကျာ်း…ဘယ်မိန်းမကိုမှမတွယ်တာ၊မမြတ်နိုး၊
မစွဲလမ်းတော့ပါဘူး။မုန်းသွားလို့လား?…လို့မမေးပါနဲ့။
ကျုပ်မှာ...ချစ်ခြင်းမုန်းခြင်းဆိုတာတွေ၊မရှိတော့ဘူးလေ။
အပြောင်းအလွဲမြန်သူကြီးရယ်..လို့တမလွန်ကသီရိလး…
ကျုပ်ကိုအပြစ်မတင်ပါနှင့်တော့။အရာအားလုံးရဲ့မမြဲတဲ့သဘော၊
ဆင်းရဲတဲ့သဘော၊အစိုးမရတဲ့သဘောတွေကို
ကျုပ်ရှင်းရှင်းလင်းလင်း၊ကွင်းကွင်းကွက်ကွက်ကြီးကိုနားလည်
သိရှိခဲ့ပြီလေ။ဒါတွေ....ကျုပ်မသိခင်ကလိုချင်တပ်မက်ခဲ့တယ်။နှစ်သက်
မြတ်နိုးခဲ့ဘူးတယ်၊အခုတော့....
မြတ်ဗုဒ္ဓက…လမိုက်ညသန်းခေါင်ယာမ်မှာ၊မျက်စိလည်လမ်းမှားလို့
ချောက်ကမ်းပါးကြီးထဲကျတော့မဲ့..ကျုပ်ကိုဓမ္မအလင်းရောင်ပေးပြီး၊
လမ်းမှန်ကိုညွှန်ပြခဲ့လို့သာ၊ကျုပ်ဘဝ..ဒုက္ခနှင့်နိဂုံးမချုပ်ခဲ့ရတာပေါ့။
ကျုပ်ကိုလဲ..သံသရာဝဲဂယက်က၊ဆွဲထုတ်ကယ်တင်ခဲ့ပြီးပြီမဟုတ်လား။
သံသရာကိုဆွဲမဆန့်ချင်တော့ပါဘူး။
ကဲ…ဒါပါပဲဗျာ၊ကျုပ်ကိုခွင့်ပြုပါဦး၊ကျုပ်သွားတော့မယ်။
ရာဇဂြိုဟ်မြို့ကြီးနှင့်ဝေးရာ၊သီရိလေးနှင့်ဝေးရာ၊ပြီးတော့အားလုံးနှင့်
ဝေးရာကိုပေါ့။အဲဒီနေရာကတော့၊ကျုပ်နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးတဲ့၊
မြို့ပြနှင့်ဝေးသော ကျေးလက်က..တောရကျောင်းလေးဆီကိုသာပါ...
နေရစ်ခဲ့တော့.ရာဇဂြိုဟ်ရွှေမြို့တော်ကြီးရေ...
နေရစ်ခဲ့ပေဦးတော့….
မှတ်ချက်။…။(M.M.W.A.I)အဋ္ဌမနှစ်၊နှစ်ပတ်လည်စာစောင်တွင်ဖော်ပြီးဖြစ်ပါသည်။
Subscribe to:
Posts (Atom)