Wednesday, January 27, 2010

လူ(၄)ဦးရဲ့အမြင်

 လူလေးဦးကော်ဖီပန်းကန်တစ်းလုံးကိုမြင်ပုံက ဒီလိုပါ.....
၁။အင်္ဂလိပ် လူမျိုး က ခွက်ကို  cupတဲ့
၂။တရုတ်လူမျိုးက  pieတဲ့
၃။ပြင်သစ်လူမျိုးက tasseတဲ့
၎။အင်ဒိုနီးရှားလူမျိုးကcawanတဲ့ .....
လူတွေဟာကိုယ့်အဘိဓါန်ကို ကိုယ်ကိုးကားပြီးသူ့အခေါ်မှန်တယ်....တစ်ခြားသူတွေရဲ့အခေါ်ကမှားတယ်လို့
ငြင်းခုန်နေကြတာပါ။အဲဒီလူတွေကြားထဲကိုဗုဒ္ဓဘာသာတစ်ဦးကယောက်လာပြီး၊
ကော်ဖီပန်းကန်ထဲကကော်ဖီကိုကောက်ယူပြီးမော့သောက်လိုက်တယ်...ပြီးတော့  ....ကိုယ့်လူတို့..ဒီပန်းကန်ကိုဘယ်လိုပဲခေါ်ခေါ် လိုရင်းကကော်ဖီသောက်ဖို့အသုံးပြုထားတဲ့အရာပဲ။ ငြင်းခုန်နေလို့အကျိုးမရှိဘူး..သောက်စရာကိုသောက်လိုက်မှ..
အဆာပြေမယ်၊လန်းဆန်းမယ်လေ။

ဒါဟာ....သဘာဝတရားရဲ့ အပေါ်မှာ ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်နှင့် ၊ထားတဲ့စိတ်ထားပဲ......
                             ( ချမ်းမြေ့ဆရာတော်)

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး