Wednesday, January 27, 2010

စဉ်းလဲခြင်း

အဆိပ်ပါသော ပျားရည်
ငါးမြှားချိပ်ပါသောငါးစာ
လှည့်စားမှုပါသောအချစ်
ယစ်ဆေးပါသောအဖျော်ယမကာ
မာယာပါသောမျက်လုံး
မိုင်းဗုံးပါသောစာအိပ် 
မုန်းစိတ်ပါသောချိုသာစား 
မုသားပါသောကတိသစ္စာ
အကောက်ဥာဏ်ပါသောချီးမြောက်ခြင်း
ညွတ်ကွင်းပါသောတည်ကြက်
သန်လျက်ပါသော ကတ္တီပါအိပ်
လက်ထိပ်ပါသောမင်းဝတ်တရား
ဖွင့်ဟထားသောထောင်ချောက်
ကောက်ကျစ်ထားသောစိတ်နှလုံး
ဖုံးကွယ်ထားသောပင်ကိုယ်သဘောတို့သည်....
လောကအလိုအားဖြင့်... 
စဉ်းလဲခြင်း၏ နိမိတ်ပုံများဖြစ်ကြကုန်၏၊။။။။.............
(ဆန်းလွင်) 

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး