ဝမ်းတွင်းပျက်ကြေ၊ဖွားဆဲသေနှင့်
သက်ရှည်သားဆိုး၊ဤသုံးမျိုးတွင်
နှစ်မျိုးရှေ့သား၊ကောင်းမြတ်ငြား၏
နောက်သားမမြတ်၊ရှေ့နှစ်ရပ်လည်း
ပြုတတ်ဆင်းရဲ၊တစ်ကြိမ်ထည်းတည့်။
မိုက်မဲသက်ရှေ(ရှည်)၊သားလူပေကား
ဖ၀ါးထပ်ခြေထပ်၊ညှဉ်းဆဲတတ်၏
သားမြတ်ဂုဏ်ရှင်၊တစ်ယောက်ပင်လဲ
မိုးတွင်လနှယ်၊မိုက်မှောင်ပယ်၍
တင့်တယ်ဖိုးထိုက်၊
သားဆိုးမိုက်တို့၊မိုး၌ကြယ်လား
ရာထောင်များလည်း၊အလကားပင်
ကျိုးမထင်သည်၊မစင်မိဘ ညစ်ကြေးတည်း...........(မဃဒေ၀)
No comments:
Post a Comment
သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး