Wednesday, March 23, 2011

သူ့ကြောင့်ပိုစ့်အသစ်ဖြစ်ပေါ်သည်။

ဒီနေ့ရာဇဂြိုဟ်ကိုသွားတယ်...နယ်ကဘော်ဘော်ကြီး ဦးနာဂရောက်လာတယ်လေ။သူ့ကိုဂျိန်းဘုရားကျောင်းလိုက်ပို့
လိုက်တယ်။့ဂျိန်းဘုရားမဟာဝီရမွေးခဲ့တဲ့နေရာလို့ပြောကြတဲ့ကုဏ္ဍလ
ပူဆိုတဲ့နေရာကိုပေါ့။ရောက်တုန်းဓါတ်ပုံတွေဘာတွေရိုက်ပေါ့။
ဘော်ဘော်ကြီးကိုလဲရွီးရသေးတယ်... အရှင်ကံကောင်းလွန်းလို့ဂျိန်းဘုရားကိုဖူးတွေ့ရတာ..
.ဘုရားဖူးလာတဲ့သူတွေထဲမှ အရှင်တစ်ယောက်သာဖူးခွင့်ရသည်မဟုတ်လား....ဆိုတော့ သူကလုံးဝသဘောတူတဲ့အနေနှင့်..ဟုတ်တယ်..ဟုတ်တယ်ဆိုပြီး
ခေါင်းတွေတဆတ်ဆတ်ညိတ်လို့ပေါ့..... ဒါကိုတော့သူလဲ
မငြင်းနိုင်တာအသေအချာပေါ့။အတူလာတဲ့သူ၉၀ကျော်ထဲကကိုယ့်
ဘော်ဘော်ကြီးပဲ၈ျိန်းကျောင်းကိုရောက်ရတာလေနော့။
ပျော်ဘွယ်ကဦးဝိစိတ္တဆိုတဲ့ဂု၇ုကြီးလဲပါတာပေါ့။ရာဇဂြိုဟ်ရောက်
တော့မိုးကချုပ်လုပြီ ကမန်းကတန်းအမှာစကားတွေပြောရတယ်လေ။ နယ်ကလူတွေကိုသတိရကြောင်းသာကြောင်းမှာကြောင်းပြောရတယ်
လေ။ကုလားပြည်မှာကလူကြုံရှိတုန်းလေးမှာရတာမလား။
အင်တာနက်ခေတ်ဆိုပေမဲ့ ရွာကလူတွေကဘယ်မှာအင်တာနက်ကိုဘယ်သိမှာလဲ။
အခုလိုကြုံတုန်းအမှာပါးရတာပေါ့။နယ်ကရှေးဟောင်းနှောင်းဖြစ်
တွေတောင် ၀အောင်မပြောရပါဘူးဗျာ။သူတို့တွေလဲ တစ်နေကုန်အောင် မာရသွန်ဘုရားဖူးသွားထားကြတာဆိုတော့ ကိုယ့်လူကလဲတော်တော်ပန်းနေပြီလေ။ဒါကြောင့်အလိုက်သိရတာပေါ့။
အလိုက်မသိအားမနာ...ဘုန်းကြီးနံပါတ်တစ်လို့...ပြောကြတဲ့အထဲ ကိုယ်ပါရောရောင်ပြီးမပါချင်ဘူးလေ။ရောက်တုန်း ဆုံတုန်း တတ်နိုင်သလောက်ကူညီလိုက်တယ်လေ။သူလဲကိုယ်အတွက် ကော်ဖီ
မစ်တွေအပင်ပန်းခံပြီးသယ်လာပေးတယ်။ဒီအတွက်လဲ ကျေးဇူးပါနော့။
ဒီမှာက အမေရိကန်ကလင်ကွန်းကြီးကလဲကော်ဖီမစ်ကိုမသယ်ပေးနိုင်သလို...
ဂရုကြီးမစ္စတာဂန္ဓီကလဲမစွမ်းနိုင်ဘူးမဟုတ်လား...ဒီတော့လဲတကူးတက
သယ်လာပေးတဲ့သူကို ကျေးဇူးတွေလွတ်တင်ရတာပေါ့ဗျာ။စကား
တွေအများကြီးပြောချင်တယ် နယ်ကမိဘဆရာသမားသူငယ်ချင်းတွေအကြောင်းကိုလဲ မေးချင်တယ်။
အချိန်ကမရတော့ မြန်မြန်ဆန်ဆန်သိချင်တာလေးတွေ အပြေးအလွားမေးလိုက်ပြောလိုက်နှင့်ပဲပြန်ခဲ့ရတယ်။ကိုယ့်လူကလဲ သူကုလားပြည်ရောက်နေတဲ့ အကြောင်းနယ်ကလူတွေကိုကြွားချင်တယ်ထင်ပါရဲ့ ကုလားပြည်ရောက်ကတည်းက ဟမ်းဖုန်းအကြောင်းဟမ်းဆက်အကြောင်းဆင်းကဒ်အကြောင်းတွေကြီး တဒိုင်းဒိုင်းပြောနေလို့ သူ့အတွက်လဲဖြစ်သလိုဖုန်းကဒ်လေးရအောင်စီစဉ်လိုက်ရသေးတယ်။
ကော်ဖီမစ်မျက်နှာကရှိသေးတယ်မလား.....အဟဲ။
သူသာဒီပိုစ့်ကိုဖတ်မိလို့ကတော့ဆဲနေမလားမသိဘူး။မတတ်နိုင်ဘူး ပိုစ့်မတင်နိုင်တာကြာပြီလေ။သူရောက်လာမှပိုစ့်အသစ်လေးတစ်ခုရတယ်လေ။အဲဒါကြောင့်ကြံဖန်ပြီးကျေးဇူးတင်ရတာပေါ့။ စာမေးပွဲနီးနေလို့နောက်မှအကောင်းစားလေးတွေရွေးပြီးရေးတော့မယ်။
  လျော့လို့တော့မရဘူး။ကြက်မကြီးဖင်ကွဲချင်ကွဲပါစေပေါ့နော့။အဟီး.............

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး