Tuesday, January 26, 2010

သူ့စကား

ငါ့အားဖုံးလွမ်းထားသော လမိုက်ညသန်းခေါင်ယာမ်။
ထိုအမှောင်တိုက်ထဲမှနေ၍ အနိုင်မခံ အရှုံးမပေးလိုသော..
ငါ၏စိတ်ဓါတ်ကိုဖန်ဆင်းပေးသူ နတ် သိကြားတို့အား..
ငါသည် ကျေးဇူးစကားဆိုပါ၏။
လောကဓံတရား၏လက်ခုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်မလှုပ်။မငိုကြွေး။
ကံတရား၏ရိုက်ပုတ်ခြင်းဒါဏ်ချက်ကြောင့် ငါ၏ဦးခေါင်းတို့သည်
သွေးသံတို့ဖြင့်ရဲရဲနီနေ၏။ သို့သော်.....ညွတ်ကားမညွတ်ပြီ။
လောဘ ဒေါသတို့ကြီးစိုးရာဌာန၏အခြားတဘက်၌ကား သေခြင်းတရား
သည် ကြောက်မက်ဖွယ် ငံလင့်နေ၏။
သို့ပင်မူ ငါ့အားမတုန်မလှုပ်သည်ကိုသာတွေ့ရအံ့။
နောင်ကို ဘယ်တော့မှမကြောက်သည်ကိုတွေ့ရပေအံ့။
သုဂတိသွားရာ တံခါးသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ခွေးရေ ပုရပိုက် ၌ ငါ၏အပြစ်တို့ကို မည်မျှပင်ရေးမှတ်ထားသည်
ဖြစ်စေ...ငါကားဂရုမပြု...
ငါသာလျှင် ကံ၏အရှင်သခင်ဖြစ်၍....ငါသာလျှင် စိတ်၏အကြီးအကဲဖြစ်တော့၏။။။။။။
ဗိုလ်ချုပ် အောင်ဆန်း(ပြည်ထောင်စုဗိသုကာဗိုလ်ချုပ်အောင်ဆန်း...မှ)

ဆရာထိ၏သဘာရှိကြောင်းသက်သေများ

မိတ်ဆွေတို့.....
ကျုပ်တို့ရဲ့ ဆရာထိအကြောင်းဆက်ကြဦးစို့ရဲ့....
ဆရာထိရဲ့ club မှာဆိုရင် နံပါတ်တစ် လုံးကွဲ ။နံပါတ်နှစ် ကောက်။နံပါတ်သုံးနေရမှန်ရမယ်တဲ့ဗျ။
ဆရာထိကပြောပါတယ်..သူ့ကလပ်ကထွက်ရင် ညံ့တယ်လို့ အပြောမခံနဲ့တဲ့။သူလုပ်လိုက်ရင်
ကွက်တိပဲ ..တအားလဲ beauty တယ်တဲ့..တော်ရုံတန်ရုံ language ပေါက်ရုံနှင့်တော့ ဆရာထိကို
သွားမစမ်းနဲ့ကိုယ့်လူ ဖျားသွားမယ်...သူ maker လုပ်ရင်" မချလီ ...ခွန် "ဆိုတာတို့၊ဧကာရတူ ဆို
တာတွေကြားရင် ဆရာထိကို လက်ဖျားပါမက၊နဖူးကနေခြေမအထိခါသွားမယ် ယုံ....
တစ်ခါတစ်လေ သရဇ္ဈာယ်ပုံကို နားထောင်ကြည့်လိုက် After eat ,sleep တဲ့။Afterget up ,coffee လေးနှင့်နှပ် တဲ့။  လွန်စွာအင်မတိ အင်မတန်မှ မှတ်သားနာယူ  လိုက်နာဆောင်ရွက် ပြုလုပ် သင့်ကြောင်း
နောင်လာနောက်သား တို့အကျိုး မျော်ကိုး၍ ဘလော့အက္ခရာတင်လိုက်ရကြောင်းပါဗျာ....
လိုက်မမှီသူများကိုတော့  ဆရာထိရဲ့စကားအတိုင်း (pre primary)နှင့် Day caer ကိုသွားပြီး
ဝ"လုံးရေးကြအုံးတဲ့။မင်းတို့တွေ ၀လုံးရယ် သုညရယ် အိုရယ် ဇီးရိုးရယ် အရင်ကွဲကွဲပြားပြားသိဖို့သင်ပေးရအုံးမယ်တဲ့။လုပ်ချလိုက်ပြန်ပြီ ဆရာရေ....
ဒီနေရာကနေ ဂုရုကြီးဆရာထိကို  ပရနမ်ပါနော်...မကျေနပ်သေးရင်လဲ နံပါတ် ဆယ့်ငါးပါဘန္တေကြီး...
 (နမဆကား)ဟုအသံထွက်ပါရန်.......

သူငယ်ချင်းသို့

IT ခေတ်ကြီးထဲမှာ ဒို့တွေအိပ်ပျော်နေလို့မဖြစ်တော့ဘူး.......
ကမ္ဘာကြီးထဲမှာပျော်ဝင်နိုင်အောင် ဒို့တစ်တွေ နိုးထကြဖို့လိုအပ်နေတာ
အမှန်ပဲဟေ့......ဒို့တွေအချိန်တွေကို တကြွပ်ကြွပ်နှင့်ဝါးနေခဲ့တာဘယ်လောက်ကြာခဲ့
ပါပြီလဲ...ကုန်လွန်သွားတဲ့ ဒို့တွေရဲ့ အချိန်တွေကို ပြန်လည်ပြီး လွမ်းဆွတ်တမ်းတမနေ
ကြနှင့်တော့ကွာ...လူကိုအချိန်ကစားသွားသလား?အချိန်ကပဲလူတွေကိုစားသွားသလား?
ဝိ၀ါဒကွဲပြားလို့ ငြင်းခုန်နေကြမှာလား...ဒါတွေထားလိုက်တော့ ရှေ့ဆက်ရမဲ့ ခရီးမှာ
ထီးမပျောက် ဖိနပ်မပြတ်ပဲ...အပြီးမရောက်သေးတဲ့ခရီးတစ်လျှောက်ကို ဘယ်လိုပုံ
ခရီးနှင်ကြမှာလဲ?....စဉ်းစားကြဖို့လိုပြီနော်သူငယ်ချင်းတို့....
   လူ့ဘ၀သက်တန်းတိုတိုမှာ အလွမ်းစကားလဲမဆိုသာအား...အနမ်းများလဲမချိုပါလားလို့
မင်းငြီးတွားနေဦးမှာလား? သွားရမဲ့လမ်းက ကြမ်းချင်ကြမ်း နုချင်နုချင်နု မယ်.. လွယ်ချင်လွယ်ခက်ချင်ခက်မယ်....ဒါတွေဟာကိုယ်တို့ အလုပ်မှမဟုတ်ပဲလေ...
အိပ်မက်တွေကို ကိုယ်စီမက် မနက်ဖန်မှာ ရှင်သန်ဖို့ လူသားတွေအတွက် ကောင်းမွန်တဲ့
အနာဂါတ် လမ်းစဉ်မှာ ဒို့တစ်တွေ တစ်နေရာရာကပါဝင်ကြမယ်လေ သူငယ်ချင်း.....
ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ ဝေးကြပါစေကွာ...သွေးချင်းနီးရင် ဝေးချင်းဆိုတာမရှိဘူး
လို့ ကိုယ်ကြားဖူးတယ်..Try your best whatever you do တဲ့...ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ကြရအောင်နော်.....ဆရာကြီးလုပ်တာတော့မဟုတ်ရပါ

စာရေးနည်း

၁။လေ့လာကြံဆ
၂။မှတ်သမျှပြန်စဉ်
၃။မဆိုင်လျှင်ပယ်ပစ်
၎။တစ်ထက်မပို
၅။ဝါကျတိုဆင်
၆။ခေါင်းစဉ်ကိုမကျော်ငြား
၇။ဗန်းစကားမသုံး
ဂ။နိဂုံးတွင်မသစ်
၉။ပြီးလျှင်စစ်ပါ
ဤကိုးဖြာ မှတ်မှာစာရေးနည်း။။။။
ချစ်နိုင်(စိတ်ပညာ)

ပညာ

ပညာဆိုတာ စာအုပ်စာတမ်းတွေ ဖတ်ပြီးစာသိသိတာကို ပညာလို့မခေါ်ရပါဘူး။ပညာဆိုတာ အတိုင်းအဆ
မရှိအလွန်ကျယ်ပြောတယ်၊အလွန်လည်းပဲနှက်ရှိုင်းတယ်၊ကမ္ဘာလောကကြီးဆိုတဲ့ကျယ်ဝန်းလှတဲ့ကျောင်းတော်
ကြီးမှာ ငါတို့တွေ ဟာပုခက်ထဲကနေပြီး မြေကြီးထဲရောက်တဲ့အထိ ပညာသင်များ ဖြစ်နေကြမှာပဲ...တဲ့။
   ငါတို့ရဲ့လွပ်လပ်ရးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ရဲ့စကားတစ်ခွန်းပေါ့။
ပညာရှာ တဲ့အခါမှာ ဘယ်တော့မှနောက်ကျခြင်းဆိုတာမရှိဘူး။ လိုချင်စိတ်ရှဖို့ပဲလိုတာမဟုတ်လား?
ပညာရှာ ကိုယ်သာလွန်ကြိုးစား...ဆိုတဲ့ရှေးပညာရှိကြီးတွေရဲ့ စကားအတိုင်း ဒို့တွေ လိုက်နာကြဖို့ပဲလေ။.....
 

ဘာမှန်းလဲမသိ

ခုခေတ် ဗမာစာ ဗဗာစကားတွေကလဲ ဘာမှန်းကိုမသိအောင်ပါဘဲ။။
တချို့ကပြောတာရှိသေးတယ်။ လန်,ထွက်နေတာပဲတဲ့။ပြီးတော့လဲအလန်းလေးပဲတဲ့။
တခါ ဘာတဲ"့ ရစ်ချာကြီးမလုပ်နှင့် "တဲ့။ကိုင်း ..ရင်ဘတ်ကြီးကတက်နေတယ်ဆိုပါကလား၊
မူးလိုက်တာနော်...သဘောပေါက်အောင်လို့ပြောပြတာတဲ့.....
သူပြောလိုက်မှရှုပ်နေတာပဲ....ဘ၀က ခါးတယ်ကွာတဲ့....ကိုအငဲကြီးကတော့...အချစ်ဟာဂါး..ဂါး..ဂါး
အချစ်ဟာဂါးလွန်းတယ်ဟေ့...ဆိုပြီးအော်နေတာပဲလေ။သူတို့ခါးလဲခါးလိုက် သူတို့ဂါးလဲဂါးလိုက်ပေါ့နော့...
ဒါနဲ့စကားမစပ် ပြောရအုံးမယ်ကျုပ်တို့တက်နေတဲ့တက္ကသိုလ်ကြီးမှာ ဦးထိကေဆိုတာရှိတယ်..
သူ့ရဲ့လက်သုံးစကားကတော့ လာကြ လာကြ အချိန်သိပ်မရှိဘူး။
ကိုယ်ကရီတိုင်းယားမယူခင် ပညာတွေအကုန်ပေးခဲ့မှာ...ပြီးတော့နော်ဝေနှင့်ဂျီနီဗာ
ကို အစည်းအဝေးသွားရအုံးမှာတဲ့။ ပြီးရင်လဲတစ်ဆက်ထည်း" လန်နိုင်ငံ" တွေဆီ ခရီးဆက်ရ
အုံးမှာတဲ့.....ဘာလန်နိုင်ငံတွေတုန်းဆရာထိရဲ့ ဆိုတော့ ...မင်းတို့တော်တော်ညံ့ကြသေးတာကိုးကွ..
တဲ့ လန်နိုင်ငံဆိုတာ ဖင်လန်၊ပိုလန်၊အင်္ဂလန်၊နယ်သာလန်နှင့် ဆွစ်ဆလန်နိုင်ငံတွေကိုပြောတာကွတဲ့...
မှတ်သားလောက်ပါတယ်ဆရာထိရယ်.....ပြီးတော့ ကိုယ့်ကိုလဲနာမည်ပေးသေးတယ်ဗျ...ဘာတဲ့ တော့ကျ
ဆိုလား ဘာဆိုလားဗျာ...အကြောင်းတော့ရှိမှာပေါ့နော်...မပြောတော့ပါဘူး...ကိုယ့်အကြောင်းနှင့်ကိုယ်
ပဲထားလိုက်ရအောင်နော်...တစ်ခါတစ်ခါ ဆရာထိကိုယ်တိုင် ဖောင်ဒေးရှင်းချထားတာကွ..ဒီလောက်တော့ရှိမှာပေါ့တဲ့.....ဟုတ်မှာပါပဲ။ တခါတလေတော့လဲ ဆရာထိမှာပြောစရာတွေကရှိလာပြန်တယ်....သူက အသင်းရွေးတတ်သလို ကွင်းလဲရွေးတတ်ပြီး ချင်းတောင်ရွေးသေးသဗျ....မယုံမရှိလိုက်နဲ့။ကိုယ်တွေ့...ဘာတွေတင်ထားတာလို့မေးရင် ကျုပ်တို့
ဂုရုကြီးဆရာထိပဲသိမှာ ....သိချင်သူများ www.ဆရာထိ ဆီမှာ နည်းခံကြပေတော့။ရီတိုင်းယားမလုပ်ခင်လေးပေါ့......

နောက်ဆုံးတော့ ဘာဘာ ဘာမှမသိတော့ဘူး....ဘိုင်ဘိုင်...