Friday, February 19, 2010

အေး......အဲဒါပဲမောင်ရေ......

မကြာမီနွေရောက်တော့မည်....
ကုလားတို့၏တိုင်းပြည၊်
ဗီဟာပြည်နယ်ရဲ့နွေနေကိုကော့နေအောင်ခံစားရတော့မည်.
.တွေးမိတိုင်း ဒီနွေနေကိုဘယ်လိုကျော်ဖြတ်ရပါ့မလဲ?
လို့ စဉ်းနေမိတယ်....ဗီဟာရဲ့နွေနေကတော့
ကြောက်ဖို့ကောင်းသည်ပေါ့...တိဗက်လားမားတွေလဲ၊
2လပိုင်းရောက်တာနှင့် ဗုဒ္ဓဂယာမြေမြတ်မဟာကြီးကို
တဖြေးဖြေးနုတ်ဆက်ထွက်ခွာ ကုန်ပြီလေ...
ကိုယ်တို့တစ်တွေကတော့ ဘယ်ကိုသွားလို့ ဘာတွေလုပ်ကြမလဲ..
.နွေနေပူကြောင့် အပူလိုင်းတွေရဲ့ ၇န်ကိုရှောင်ရှားဖို့
တနေရာကိုတော့ရွေးချယ်ရတော့မှာပါ....
သစ်ရွက်တွေကကြွေကျ မြေခကြတော့....
တယောက်ယောက်ကိုလွမ်းသလိုလို..အဟား...ငယ်ချစ်ဦးလေးရှိခဲ့ရင်တော့
အကောင်းသား၊ဒီအချိန်ဆိုတအားလွမ်းလို့ကောင်းပေါ့၊ခုတော့...
ရွာကိုပဲပြန်ချင်သလိုလို....ဟိုဟာလေးသွားလုပ်ချင်တာလိုလို.....
..ဒီဟာလေးသွားလုပ်ချင်တာလိုလို...
လိုလိုပေါင်းများစွာနှင့်ပေါ့...နွေဦးလေရူးတွေတိုက်ရင်.....
ကိုယ့်ရင်မှာလဲဟာတာတာနှင့်ရယ်ပါ......
အလွမ်းဓါတ်ခံရှိသူတွေတော့ လွမ်းလို့သိပ်ကောင်း...
ဆွေးဖို့ လွတ်ကောင်းပေါ့...
အမိမြန်မာပြည်မှာတော့ တူးပို့ တူးပို့ နှင့် သင်္ကြန်တေးလေးတွေက
ပျံလွင့်လို့နေကြပေမည်....ရွေဝါရောင် ပန်းပိတောက်တို့
လမ်းတလျောက်မှာ ဝေေ၀ဆာဆာ အစွမ်းကုန်ပွင့်ကြပေရော့မည်...
လွမ်းတော့ လွမ်းပါသည်......
.ဘယ်အရပ်ဘယ်ဌာနီ ဘယ်ဆီကိုရောက်ရောက်ပန်းပိတောက်တို့ ပွင့်ကြလေတိုင်း၊ရင်လှိုင်းခပ်သံက ခပ်ခပ်ပြင်းပြင်း........သူ့ကိုသတိရနေတတ်ခြင်းကလဲနာတာရှည်ဝေဒနာတစ်ခုလိုပါပဲ....
အော်...ခုတော့လဲ..
တနယ်စီခြားရုံတင်မက ဘ၀တွေပါ ဝေးကြရပြီနော်......
ပြင်ပကနေပူလေပူတွေက ကိုယ့်ရင်က
အပူကိုတော့ မီလိမ့်မည်မထင်ပါလေ...
ရိုးတန်ကျဲကျဲ သစ်ပင်အိုက နွေရဲ့သင်္ကေတ ဥသြငှက်လေးရယ်.......
မင်းဘ၀လဲ အထီးကျန်လွန်းလှတယ်နော်...
အာ......ရှုပ်တယ်ကွာ...မလွမ်းတော့ဘူး.......တော်ပီ.....နေခဲ့တော့...
မင်းလဲမင်းဘ၀နှင့်မင်း..ငါလဲငါ့ဘ၀နှင့်ငါ..
ဒါတွေကိုသေချာတွေးရင်..မသေချာသေးတဲ့အနာဂါတ်..ပြဇာတ်ကမဆုံးသေးဘူး...
မထူးပါဘူးလို့ရေစုန်မျောလိုက်ရင်း၊သေကုန်သော အိပ်မက်မြစ်တွေကို
တောင်ပံတပ်ပြီး အပျံခိုင်းလိုက်ရမလား သူငယ်ချင်း...
.အဟဲ..မော်ဒန်များဆန်သွား
သလားမသိဘူး...နဲနဲတော့ရူးကြည့်တာပါ...ကဲ...အဲဒါပဲမောင်ရေ.........