သညာသိသမားက ငါသိတာတွေအများကြီး..ဟုဂုဏ်ယူဝင့်ကြွား၏။
ပညာရှိကား..ငါမသိတာတွေ အများကြီးရှိသေး၏..ဟု ဦးနှိမ်မာန်လျော့၏။
In the kingdom of blind men the one-eyed is the king.
မျက်ကန်းတို့ရဲ့ တိုင်းပြည်မှာ မျက်စိတစ်ဘက်မြင်သူက ဘုရင်ပဲ...ကွ။
(India)
One evening`s conversation with a wise-man is better then ten years of study.
ဥာဏ်အမျှော် အမြင် ရှိသူနှင့် တညနေခင်း စကားဆွေးနွေးပြောဆိုရခြင်းသည်
ဆယ်နှစ်တာ(မိမိဘာသာ)လေ့လာရသည်ထက်ပို၍ကောင်းသည်။
(china)
ဘ၀ဆိုတာ နိုင်ခြားဘာသာစကားလိုပဲ..အားလုံးအသံထွက်မှားကြသည်။
(နိုင်သစ်နီ)
ကြောက်ရွံ့မှုဆိုတာ အောင်မြင်ရေးအတွက် အကြီးမားဆုံးနှင့် အရိုးရှင်းဆုံး
အဟန့်အတားဖြစ်တယ်။
(နပိုလီယံဟီးလ်)
မင်းဘာလုပ်နေတယ်ဆိုတာ ..မင်းသာသိနေရင်....
ဘာမဆိုအမြဲတမ်းဖြစ်တာပေါ့။။။(ယောနသံဇင်ယော်)
Far aways is far away only if you don:t go there.
ဝေးလံခြင်းဟူသည် သင်ထိုနေရာသို့ မသွားမှ ဝေးလံခြင်းဖြစ်သည်။.....
yesterday:s gone down the river, and we can:t get it back.
မနေ့ကဆိုတာ မြစ်ရေပြင်မှာမျောပါသွားပါပြီ။
ပြန်ရနိုင်တော့မှာမဟုတ်ပါဘူး....
မရနိုင်သော အခွင့်အရေးကိုမျှော်လင့်နေခြင်းထက်..
ရရှိနိုင်သော အခွင့်အလမ်းများ လက်မလွတ်စေရန် ပိုအရေးကြီးပါသည်။
(ဘိက္ခုဓမ္မပိယ U.S.A)
သူဘာမှမလုပ်ဘဲထိုင်နေသည် ဆိုသောစကားသည် မှား၏၊
သူထိုင်နေသောအလုပ်ကို လုပ်သည်...ဟု ယုံလော့။
(ဇော်ဇော်အောင်)
င်္င်္င်္
Wednesday, January 27, 2010
အရာအားလုံးမှာ
မဆိုင်ဘဲရတဲ့..........ဝေစု
မပြုဘဲလှတဲ့.......ကံတရား
မစားဘဲဝတဲ့.......အာဟာရ
မပြိုင်ဘဲရတဲ့......သရဖူ
မလှူဘဲရတဲ့.....ဒါနမျိုး
မထိုးဘဲပေါက်တဲ့...ထီဟူ၍
မည်သူတွေ့ဖူး ၊ဘိန်းစိတ်ကူးသာ
ရူးတန်ရာ၏။.....
မောင်ခိုင်မာ
ဆရာထိအကြောင်း တစေ့တစောင်း
အဲဒါနဲ့သိလား....
ဟ..ဆရာထိ ဘာမှမပြောရသေးဘူးလေ...ဘာမှမသိသေးပါခင်ဗျာ..
ဆရာထိကြီးက လူတွေကိုတွေ့ရင် အခုလိုပဲ ပဋ္ဋိသန္ဓာဦးစွာပြုလေ့ရှိပါတယ်...
ဟ..ဆရာထိ ဘာမှမပြောရသေးဘူးလေ...ဘာမှမသိသေးပါခင်ဗျာ..
ဆရာထိကြီးက လူတွေကိုတွေ့ရင် အခုလိုပဲ ပဋ္ဋိသန္ဓာဦးစွာပြုလေ့ရှိပါတယ်...
"မင်းတို့ ဗမာပြည်မှာ..ဆရာထိဆိုတာကြားဖူးသလား?"တဲ့...ဟုတ်ကဲ့ခင်ဗျာ..
အမှန်အတိုင်း ၀န်ခံရရင် .မကြားဖူးပါဘူးလို့ပဲပြောပါရစေ..
ဆရာထိကလေ နည်းပြကွ..တဲ့..ဘာနည်းတွေပြသလဲမေးရင် လောကီလောကုတ္တရာ
နှစ်ဖြာသော ပညာရပ်တွေကို ဆရာစား မချန် အိပ်သွန်ဖာဖောက် ရှိသလောက် အကုန်
အစုံကိုပြတယ်ဆိုပဲ...အဲသလောက်နာမည်ကျော် ကမ္ဘာကျော်ဆရာထိကို ကိုယ့်လူတို့
မသိတာတော်တော်လေးနာသကွာလို့ ပြောလိုက်ပါရစေတော့....
သူကဖိုက်စတားလက်ရာတွေကို အသေပိုင်တာ...အရှင်ကြတော့မပြောနဲ့..
လွတ်ပိုင်တာ..အဟုတ်...အသာကြည့် ဆရာထိကိုင်လိုက်ရင်မလွဲဘူး...
ဆယ်ပြားစေ့ဒေါင့်ကို ပေကြိုးကိုင်တိုင်းရင် လွဲပေမပေါ့...ဆရာထိတို့ကအဲသလောက်
အပိုအလိုမရှိ..ကွက်တိကျတယ်လေ...ရစ်ချာကြီး..နားထောင်စမ်း lesson(1)ကိုမကြေသေးရင်တော့လဲ..chapter(2)ကိုတက်မပေးနိုင်ဘူးနော်တဲ့..
ဆာတိဖိကိတ်လဲ ရမှာမဟုတ်ပါဘူးတဲ့.....
..သို့သော်လဲပဲ..သို့သော်လဲပဲ ...ဘာဆက်ရမှန်းမသိတော့လို့လုပ်ပါဦး
ဆရာထိ.......
နားထောင်တတ်ဖို့
သူများပြောတာကို ငါဂရုတစိုက်နားထောင်ရမယ်...ဆိုတဲ့ အသိနှင့် နားထောင်ပါ။
သေသေချာချာတွက်ကြည့်ရင် သူများပြောတာကို ဂရုတစိုက်နားထောင်တဲ့ အလေ့အထရှိသူ
သိပ်မများဘူး။များသောအားဖြင့်တော့ "ငါ...ဘာဝင်ပြောလိုက်ရရင်ကောင်းမလဲ?"ဆိုပြီး
ကိုယ့်အလှည့် စောင့်နေသူတွေကပဲများတတ်ပါတယ်...တဲ့
ပြီးတော့ ..သဘာဝကဖန်တီးထားတာကိုပဲကြည့်လေ...ပါးစပ်ကတစ်ပေါက်ထဲဆိုတော့
နည်းနည်းပြောရမယ်ပေါ့။ နားကနှစ်ဘက်ဆိုတော့..အင်း ..များများနားထောင်ရမယ်ပေါ့ဗျာ။
လူထု ဦးလှရဲ့စာပါ။ ဘလော့ဂါကြီးရဲ့ စာလို့ထင်သွားမှာစိုးလို့။
အဟဲ...အထင်ခံရလဲမနည်းပါဘူးနော့.....
စဉ်းလဲခြင်း
အဆိပ်ပါသော ပျားရည်
ငါးမြှားချိပ်ပါသောငါးစာ
လှည့်စားမှုပါသောအချစ်
ယစ်ဆေးပါသောအဖျော်ယမကာ
မာယာပါသောမျက်လုံး
မိုင်းဗုံးပါသောစာအိပ်
မုန်းစိတ်ပါသောချိုသာစား
မုသားပါသောကတိသစ္စာ
အကောက်ဥာဏ်ပါသောချီးမြောက်ခြင်း
ညွတ်ကွင်းပါသောတည်ကြက်
သန်လျက်ပါသော ကတ္တီပါအိပ်
လက်ထိပ်ပါသောမင်းဝတ်တရား
ဖွင့်ဟထားသောထောင်ချောက်
ကောက်ကျစ်ထားသောစိတ်နှလုံး
ဖုံးကွယ်ထားသောပင်ကိုယ်သဘောတို့သည်....
လောကအလိုအားဖြင့်...
စဉ်းလဲခြင်း၏ နိမိတ်ပုံများဖြစ်ကြကုန်၏၊။။။။.............
(ဆန်းလွင်)
လူ(၄)ဦးရဲ့အမြင်
လူလေးဦးကော်ဖီပန်းကန်တစ်းလုံးကိုမြင်ပုံက ဒီလိုပါ.....
၁။အင်္ဂလိပ် လူမျိုး က ခွက်ကို cupတဲ့
၂။တရုတ်လူမျိုးက pieတဲ့
၃။ပြင်သစ်လူမျိုးက tasseတဲ့
၎။အင်ဒိုနီးရှားလူမျိုးကcawanတဲ့ .....
လူတွေဟာကိုယ့်အဘိဓါန်ကို ကိုယ်ကိုးကားပြီးသူ့အခေါ်မှန်တယ်....တစ်ခြားသူတွေရဲ့အခေါ်ကမှားတယ်လို့
ငြင်းခုန်နေကြတာပါ။အဲဒီလူတွေကြားထဲကိုဗုဒ္ဓဘာသာတစ်ဦးကယောက်လာပြီး၊
ကော်ဖီပန်းကန်ထဲကကော်ဖီကိုကောက်ယူပြီးမော့သောက်လိုက်တယ်...ပြီးတော့ ....ကိုယ့်လူတို့..ဒီပန်းကန်ကိုဘယ်လိုပဲခေါ်ခေါ် လိုရင်းကကော်ဖီသောက်ဖို့အသုံးပြုထားတဲ့အရာပဲ။ ငြင်းခုန်နေလို့အကျိုးမရှိဘူး..သောက်စရာကိုသောက်လိုက်မှ..
အဆာပြေမယ်၊လန်းဆန်းမယ်လေ။
( ချမ်းမြေ့ဆရာတော်)
မိတ်ဆွေဟူသည်
မိတ်ဆွေအတု(၄)ယောက်
၁။ကိုယ်ကျိုးအတွက်သာပေါင်းသူ
၂။သတိရသယောင်ဟန်ဆောင်တတ်သူ
၃။ရှေ့တစ်မျိုး နောက်တစ်မျိုးပြောတတ်သူ
၎။မကောင်းမှုအတွက်သာ အဖော်လုပ်တတ်သူ
မိတ်ဆွေစစ်(၄)ယောက်
၁။ဒုက္ခရောက်သောအခါကူညီသူ
၂။စိတ်ချယုံကြည်ရသူ
၃။အမှားကိုပြုပြင်ပေးသူ
၎။အေးအတူ ပူအမျှခံစားသူ
(ဗုဒ္ဓ....ကလျာဏမိတ္တသုတ်)
၁။ကိုယ်ကျိုးအတွက်သာပေါင်းသူ
၂။သတိရသယောင်ဟန်ဆောင်တတ်သူ
၃။ရှေ့တစ်မျိုး နောက်တစ်မျိုးပြောတတ်သူ
၎။မကောင်းမှုအတွက်သာ အဖော်လုပ်တတ်သူ
မိတ်ဆွေစစ်(၄)ယောက်
၁။ဒုက္ခရောက်သောအခါကူညီသူ
၂။စိတ်ချယုံကြည်ရသူ
၃။အမှားကိုပြုပြင်ပေးသူ
၎။အေးအတူ ပူအမျှခံစားသူ
(ဗုဒ္ဓ....ကလျာဏမိတ္တသုတ်)
Subscribe to:
Posts (Atom)