Tuesday, April 20, 2010

အဲဒါ ကံတရား

ဟိုတစ်ဘက်ခန်းက မျိုးကြီးရဲ့ "ငါ့ဘေးမှာ မင်းရှိရင် ကော်ဖီဆိုင်သွားဖို့ သိပ်မလွယ်ဘူး" တဲ့
ပြီးတော့ ဘ၀....ဒီမှာငါ.. တစ်ယောက်ထဲ.....စိတ်ဓါတ် ကျတယ် ဆိုပြီးတော့ ဆောင့်ဆောင့် အော်နေပြန်ရော..
အော်....ကုလားပြည်ပူရတဲ့ အထဲ ဒီငနဲကလဲ  ဘာတွေ မကျေမနပ်ဖြစ်ပြီး အော်နေပါလိမ့်.....
လို့ ကျုပ် စဉ်းစားမိတယ်.....

တကယ်တော့လဲ  လူ့ဘ၀ဆိုတာ  လာတုန်းကလဲ  တစ်ယောက်ထဲ....
ပြန်သွားတော့လဲ တစ်ယောက်ထဲပါပဲ ........အမွာပူးတွေကတော့ လာတုန်းကနှစ်ယောက်လာတာပါလို့
မင်းမကပ်နဲ့လေ။ ကံတရားကို ဥာဏ်များလို့မရဘူးကွာ....သူ့ကံနှင့်သူလာပြီး
သူပြုခဲ့တဲ့ ကံတရားအရ သွားကြမှာပဲ။

ကံတရားကို  ခံစားကြည့်ဖို့  နာမ်စားမရှိဘူးဆိုတာကိုတော့  မယုံလို့မရဘူးမဟုတ်လား။
ကံယုံလို့ ဆူးပုံနှင်းရင် ဆူးစူးမှာပေါ့လို့ လို့ ပြောရင် ကံမခိုင် သံတိုင် အိမ်ဆောက်လဲ
နာဂစ်နှင့် တွေ့တော့ ဘာတတ်နိုင်သေးလဲ...........


ဘုရားဟောရှိတယ်လေ.......သဗ္ဗေသတ္တာ ကမ္မသကာ=ကံလျင်ဥစ္စာ၊သတ္တ၀ါ၊သူငါရှိကြသည်။
ကံလျင်အမွေ၊ခံစံပေ၊ ခွဲဝေယူကြသည်၊
ကံလျင်အကြောင်း၊ဆိုးအကောင်း၊ အကြောင်း မှန်လှသည်။
ကံလျင်ဆွေမျိုး၊ကောင်းအဆိုး၊ကြောင်းအကျိုးမှန်လှသည်။
ကောင်းဆိုးကံသာ၊ကိုးကွယ်ရာ၊သေချာမှန်လှသည်။
ယုတ်မြတ်နှစ်ပါး၊ကံတရား၊ခွဲခြားကျိုးပေးသည်။ 
ကမ္မံသတ္တေ ၀ိဘဇ္ဇတိ ၊ယဒိဒံဟီနပ္ပဏီတတာယ'တဲ့ကွ...

လူတွေမှာ မမြင်နိုင်တဲ့ ကံ အစွမ်းသတ္တိတွေရှိကြတယ်။
မွေးကတည်းကပါလာကြတယ်။ အဲဒီ...ကံအစွမ်းကို ချည်းအားကိုးနေလို့မရဘူး၊
လက်ရှိပစ္စုပ္ပန်မှာလဲ အကျိုးပေးတွေထက်မြက်လာအောင်တော့ ကုသိုလ်ကောင်းမှုတွေ
နှင့် ကြားကန်ပေးရမယ်မဟုတ်လား.....လုလ္လ ၀ီရီယတွေလဲ အမှ်တကယ်လိုအပ်တာပါပဲ။
မပြုပဲလှတယ်ဆိုတဲ့ ကံတရားတော့ မရှိနိုင်ဘူးလေ....... 

ရန်ကုန် ကမ္ဘာအေးမှာနေခဲ့စဉ်က ပြန်/ပွား ဌာနမှူးဆရာတော်ကပြောဖူးတယ်
လောကမှာ လုပ်ကြံဖန်တီးမှုမပါရင် ရှေ့တန်းကိုမရောက်နိုင်ဘူးကွတဲ့....
ကြာလေကြာလေ သဘောတရားနှင့်လက်တွေ့ဟာ ကွာဟလာတယ်
"သဘောတရားပိုင်းက လက်တွေ့ကိုဆန့်ကျင်လာနေတယ်....
လောဘဒေါသမကြီးကြဖို့ ပြောနေကြတာလဲ လူတွေပဲ
လောဘဒေါသတွေလွမ်းမိုးပြီးလုပ်ချင်ရာလုပ်နေကြတာလဲလူတွေပဲ..
တခြားတိရိစ္ဆာန်လောကသားတွေသာစကားပြောတတ်ရင်
ခင်ဗျားတို့လူတွေကိုဘယ်နေရာမှာများယုံကြည်စရာရှိသေးလဲလို့မေးကြမှာအသေချာပဲ..တဲ့