Sunday, January 31, 2010

မိဘကျေးဇူးဆပ်

ဖြောင့်မှန်သဒ္ဓါ၊မရှိရှာသည့်
မာတာပိတ၊ထိုနှစ်ဝကို
ရတနာသုံးပါး၊ဆည်းကပ်ငြား၍
ပွားများသဒ္ဓါ၊ရှိစေပါလော့

သီလမရှိ၊ဖနှင့်မိကို
ပြည့်စုံသီလာ၊ရှိစေပါလော့

မလှူဒါန်းလို၊နှမြောပို၍
ဝန်တိုလေဘိ၊ဖနှင့်မိကို
စွမ်းသည့်အခါ၊လှူစေပါလော့

ပညာကင်းဘိ၊ဖနှင့်မိကို
တတ်သိပညာ၊ရှိစေပါလော့
မဟာဗုဒ္ဓ၊မိန့်မှာပြသည်
ကျမ်းလှအင်္ဂုတ္ထိုရ်မှာတည်း

ငိုသူ

ဂုဏ်ဝါမကောင်း၊မျက်နှာရောင်း၍၊
တောင်းသောသူသည်၊ငိုသောမည်၏၊
မကြည်မဖြူ၊မပေးသူလည်း၊
ထို့တူခေါ်လေ့၊ပြန်၍ငိုသည်၊
သူပင်မည်၏။
စိတ်ကြည်မနူး၊နှစ်ဦးနှစ်ဝ၊
တူအမျှပင်၊ဒေါမနသတ်၊
ဖြစ်သတတ်ကြောင့်၊
သူမြတ်သူလျာ၊သူတော်စွာတို့၊
ပဉ္စာပြည့်ရှင်၊တကာစဉ်လျက်၊
လက်တွင်ကိုင်ယူ၊တောသလူရွက်၊
သက်သက်တထပ်၊လွာဖိနပ်မျှ၊
လိုအပ်လျက်ကဲ့၊ခံတွင်းမဲ့သို့၊
ဆယ်နှစ်နှစ်ကျော်၊တိုင်အောင်သော်လဲ၊
နုတ်တော်မလစ်၊မတောင်းဖြစ်တည်း။
(မဃဒေ၀)