Friday, January 29, 2010

ကိုညီမင်းခသို့

ကျုပ်ရဲ့ဘလော့ လေးတော့ ကိုညီမင်းခ ရဲ့ကောင်းမှုကြောင့် တော်တော်လေးလန်းသွားပြီဆိုပါတော့..
ကျေးဇူးကမ္ဘာပါ ကိုညီမင်းခ...လမ်းကြုံရင် ဂျမ်းပုံတို့အိမ် မှာ အစွမ်းကုန်ပြုစုချင်ပါသေးတယ်...
ဂျမ်းပုံဆိုတာ ကျုပ်ရဲ့တူမ ၃၅ ၀မ်းကွဲလေ..အဟဲ 
နောက်တာနော်..စိတ်ဆိုးမသွားနှင့်အုံး..ကျူးကျော်ရပ်ကွက်ထဲက..ကျူပ်ရဲ့ဘလော့တဲစုပ်လေးကို
ခြေထောက်နှင့် ဘယ်ပြန်ညာပြန်ကန်ထည့်လိုက်လို့....ဟုတ်ပေ့ဖြစ်နေပါဦးမယ်...
တကယ့်ကို ရင်ဘတ်ထဲ အသည်းထဲ ကလီစာ ထဲကနေကို ပစ်စလက်ခတ် သောက်ရမ်းကို
ကျေးဇူးတင်နေရတာပါနော့....
ကျုပ်မှာလဲဒုက္ခပ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်းကြိုက်နေမိသကိုးဗျ။ အဲဒါကရောဂါလေ..
ဘာပဲဖြစ်ဖြစ် ကိုညီမင်းခရေ...အခုလိုကူညီပေးတဲ့အတွက်ကိုတော့  တကယ့်ကိုကျေးဇူးပါ။
ကြော်စား ပြုတ်စားလို့တော့ မရဘူးပေါ့ဗျာနော်...နောက်နောင်ကိုလဲ ဆက်တိုက် ဒုက္ခပေး
နိုင်တဲ့ သူအဖြစ်တော့..အသိအမှတ်ပြုပေးပါ။
"မိတ်ဆွေဆိုတဲ့ ဝေါဟာကိုအနက်ဖွင့်ရရင် ...အကူအညီတောင်းသူလို့ပဲ...
အဓိပ္ပါယ်ရတယ်မဟုတ်လား? သူလိုချင်တဲ့အရာတွေကို အကူအညီတောင်းမယ်..
လမ်းစရိတ်၊ ဆေးဖိုးဝါးခ၊ထမင်းဖိုး စတာတွေကိုတောင်းလိမ့်မယ်....အဲ ..
အဆိုးဆုံးကတော့...တန်ဘိုးဖြတ်မရတဲ့ မင်းရဲ့အချိန်တွေနှင့် အကြောင်းအကျိုးမဲ့
တရားတွေပါ ပွနးပဲ့ ပါသွားတတ်တာပဲ''့....ဆရာသစ္စာနီ ကပြောခဲ့တာပါ။