Saturday, January 30, 2010

ကျင်းတူးသူများ

နိုင်ငံတိုင်း တိုင်းပြည်တိုင်းရဲ့ အဖိုးထိုက်တန်ဆုံး

သယံဇာတ ဟာ ရေနံလည်းမဟုတ်ဘူး။

တွင်းထွက်ကျောက်မျက်ရတနာတွေလည်းမဟုတ်ဘူး။

သစ်တောတွေလည်းမဟုတ်ဘူး။

နိုင်ငံတိုင်းမှာ အရးအကြီးဆုံးအရာတွေဟာ"ကလေးတွေပါ" ။

အရေးကြီး တန်ဘိုးကြီးတဲ့ ကလေးတွေရဲ့စိတ်ထဲကို

ကြောက်စိတ်သွင်းလိုက်တာဟာဖြင့်


အတွက် ကျင်းတူးပေးလိုက်တာပဲ။

ထူးဖေသစ် (တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ မှ)

ယမကာလုလင်တို့၏ဆင်ခြေများ

အဲ...ဘယ်သူ့ကိုမှရည်ရွယ်ပြီးရေးတာဟုတ်ဖူးနော်...
တိုက်ဆိုင်မှုရှိရင်ဆောရီးပါ..ဖတ်ဖူးတဲ့ စာလေးပါ။
ဘယ်အထဲမှာလဲတော့မသိတော့ဘူး....
ယမကာလုလင်တွေဟာတဲ့..ပျော်လို့ပါကွာဆိုပြီးတော့လဲ
သောက်တတ်ကြတယ်။ပျင်းလို့ပါကွာ ဆိုပြီးတော့လဲသောက်ပြန်ရောတဲ့။
စိတ်ညစ်လို့သောက်တယ်..
နေပူတော့လဲ နေပူခံလေးပါ..
မိုးအေးတော့လဲ  အအေးမပတ်အောင်..
ဆောင်းတွင်းကျတော့  အချမ်းပြေ..
မနက်မိုးလင်းအိပ်ယာထတော့  ညကများသွားလို့ ခေါင်းကိုက်ဖြေတာ...
ညနေဘက်ကျပြန်တော့...
ကိုယ်ကနေညိုရင် လေခိုတတ်လို့ပါတဲ့....
ထမင်းမစားခင်တော့...စားကောင်းသောက်ကောင်းအောင် တခွက်တဖလားချရမယ်ဆိုပဲ။
ထမင်းစားပြီးတော့လဲ ကိုယ့်လူရေ အစာပိတ်လေး နှိပ်လိုက်ဦးစို့ရဲ့ တဲ့။
အပေါင်းအသင်းတွေနှင့် ဆုံပြန်တော့လဲ ကြုံတုန်းဆုံတုန်းမို့ပါ။
တစ်ယောက်ထဲ ကျတော့လဲ ကိုယ်လူရေ ယောင်ချာချာနှင့်ဟ။ကိုယ့်ကိုအဖော်
လုပ်မဲ့သူက သူဘဲရှိတာတဲ့။
အင်း....ဟုတ်မှာပါပဲ..ကျုပ်တို့ကသိဘူးဗျ...
ဘာရယ် ညာရယ်လို့မဟုတ်ပါဘူးပျော်ရအောင်လို့ရေးလိုက်တာပါ။
ခင်ဗျားပြုံးနေတာ ကျုပ်မြင်နေရတယ်..ဟော ခင်ဗျားကျုပ်ကိုဆဲချင်နေပြီမဟုတ်လား?
ရပါတယ်ကွ...ပေါက်ပြီးသားပါ...

စာ(၃)မျိုး

စာပေအမျိုးအစား(၃)မျိုးရှိတယ်တဲ့။ကြားဖူးတာ.... ကြားဖူးတာ....
မကြားဖူးသေးရင်လဲ မှတ်ထားကြကွယ့်....အဟင်းအဟင်း...
(ဆရာကြီးစတိုင်လ်အပြည့်ဖြင့်)
နံပါတ်(၁)ကွမ်းစားစာပေတဲ့...ကွမ်းယာကိုလူတွေဝါးကြတယ်။
အရည်ကိုထွေးထုတ်ပစ်သလို..အဖတ်ကိုလဲ မြိုမချကြဘူးလေ။
သူတို့ပြောတာတော့ အရည်မရ အဖတ်မရပေါ့ကွာ။ဒီလိုပဲသူငယ်ချင်း
အချို့အချို့သော စာပေတွေဟာ စာတပုဒ် စာတအုပ်အဖြစ်သားရေးထားပေမဲ့
အနှစ်သာရကြတော့ဘာမှရှာမရတဲ့ စာပေမျိုးပေါ့ကွာ။....
နံပါတ်(၂)ကြံစုပ်စာပေတဲ့.....အားလုံးသိကြတဲ့အတိုင်းပါပဲ။
ကြံကိုစားသူ ကြံကိုစုပ်သူတွေဟာ ကြံရဲ့အတွင်းမှာရှိတဲ့ အလွန်
ချိုမြိန်ကောင်းမြတ်တဲ့ ကြံရဲ့အရည်ကို စုပ်ယူသောက်သုံးပြီးရင်
ကြံခွန်ကြံဖတ်ကိုတော့ ထွေးထုတ်လင့်ပစ်လိုက်ကြသလို...
အချို့အချို့သော စာပေတွေဟာလည်း စာတပုဒ် စာတအုပ်အဖြစ်ရေးထားပေမဲ့
လိုက်နာပြုကျင့် မှတ်သားဘွယ်အနှစ်သာရကြတော့ ကြံကနေ ကြံရည်ထုတ်ရသလို
အနည်းငယ်ပါတဲ့စာပေမျိုးပေါ့။
အဲနံပါတ်(၃)ကတော့ မလိုင်ထောပတ်တွေပြည့်နေတဲ့ အလွန်ကောင်းမွန် အရသာထူး
တဲ့ ဖာလူဒါ လိုစာပေမျိုးတဲ့။ အရည်သက်သက်သောက်ရင်လဲ ဂွတ်တာပဲ။ အဖတ်သက်သက်
ကိုင်လိုက်ရင်လဲ ရှယ်တာပဲ...ဆိုတဲ့ဟာမျိုးပေါ့။အားလုံးက အနှစ်တွေပြည့်နေတယ်ဆိုပါတော့။
အဲဒီလိုစာပေမျိုးကတော့.......ဗုဒ္ဓရဲ့ အဆုံးအမဒေသနာတော်တွေပဲ ဖြစ်တယ်မဟုတ်ပါလားခင်ဗျာ......