Saturday, January 30, 2010

ယမကာလုလင်တို့၏ဆင်ခြေများ

အဲ...ဘယ်သူ့ကိုမှရည်ရွယ်ပြီးရေးတာဟုတ်ဖူးနော်...
တိုက်ဆိုင်မှုရှိရင်ဆောရီးပါ..ဖတ်ဖူးတဲ့ စာလေးပါ။
ဘယ်အထဲမှာလဲတော့မသိတော့ဘူး....
ယမကာလုလင်တွေဟာတဲ့..ပျော်လို့ပါကွာဆိုပြီးတော့လဲ
သောက်တတ်ကြတယ်။ပျင်းလို့ပါကွာ ဆိုပြီးတော့လဲသောက်ပြန်ရောတဲ့။
စိတ်ညစ်လို့သောက်တယ်..
နေပူတော့လဲ နေပူခံလေးပါ..
မိုးအေးတော့လဲ  အအေးမပတ်အောင်..
ဆောင်းတွင်းကျတော့  အချမ်းပြေ..
မနက်မိုးလင်းအိပ်ယာထတော့  ညကများသွားလို့ ခေါင်းကိုက်ဖြေတာ...
ညနေဘက်ကျပြန်တော့...
ကိုယ်ကနေညိုရင် လေခိုတတ်လို့ပါတဲ့....
ထမင်းမစားခင်တော့...စားကောင်းသောက်ကောင်းအောင် တခွက်တဖလားချရမယ်ဆိုပဲ။
ထမင်းစားပြီးတော့လဲ ကိုယ့်လူရေ အစာပိတ်လေး နှိပ်လိုက်ဦးစို့ရဲ့ တဲ့။
အပေါင်းအသင်းတွေနှင့် ဆုံပြန်တော့လဲ ကြုံတုန်းဆုံတုန်းမို့ပါ။
တစ်ယောက်ထဲ ကျတော့လဲ ကိုယ်လူရေ ယောင်ချာချာနှင့်ဟ။ကိုယ့်ကိုအဖော်
လုပ်မဲ့သူက သူဘဲရှိတာတဲ့။
အင်း....ဟုတ်မှာပါပဲ..ကျုပ်တို့ကသိဘူးဗျ...
ဘာရယ် ညာရယ်လို့မဟုတ်ပါဘူးပျော်ရအောင်လို့ရေးလိုက်တာပါ။
ခင်ဗျားပြုံးနေတာ ကျုပ်မြင်နေရတယ်..ဟော ခင်ဗျားကျုပ်ကိုဆဲချင်နေပြီမဟုတ်လား?
ရပါတယ်ကွ...ပေါက်ပြီးသားပါ...

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး