Friday, March 18, 2011

သားသုံးမျိုးအဓိပ္ပါယ်

ဝမ်းတွင်းပျက်ကြေ၊ဖွားဆဲသေနှင့်
သက်ရှည်သားဆိုး၊ဤသုံးမျိုးတွင် 
နှစ်မျိုးရှေ့သား၊ကောင်းမြတ်ငြား၏ 
နောက်သားမမြတ်၊ရှေ့နှစ်ရပ်လည်း
ပြုတတ်ဆင်းရဲ၊တစ်ကြိမ်ထည်းတည့်။ 
မိုက်မဲသက်ရှေ(ရှည်)၊သားလူပေကား 
ဖ၀ါးထပ်ခြေထပ်၊ညှဉ်းဆဲတတ်၏ 

သားမြတ်ဂုဏ်ရှင်၊တစ်ယောက်ပင်လဲ 
မိုးတွင်လနှယ်၊မိုက်မှောင်ပယ်၍ 
တင့်တယ်ဖိုးထိုက်၊

သားဆိုးမိုက်တို့၊မိုး၌ကြယ်လား
ရာထောင်များလည်း၊အလကားပင်
ကျိုးမထင်သည်၊မစင်မိဘ ညစ်ကြေးတည်း...........(မဃဒေ၀)