Sunday, October 30, 2011

မှတ်လိုက..မှတ်လေ

အိန္ဒိယအကြောင်းဆက်ရေးပါဦးမည်။
အိန္ဒိယနိုင်ငံသည်လူဦးရေသန်းပေါင်း(1.21)သန်းကျော်ရှိသည်။
၂၀၁၁.အင်တာနက်စစ်တမ်းဖော်ပြချက်အရ(1,210,193,422)ဟုသိရ သည်။ဤမျှလောက်များပြားလှသောလူဦးရေအတွက်စားဝတ်နေရေးကို
ဖြေရှင်းရန်မှာမလွယ်ကူပေ။သို့အတွက်ကြောင့်ဆယ့်နှစ်ရာသီစိုက်ပျိုး
ကြရပေမည်။တစ်နေ့တစ်ခြားလူဦးရေတိုးပွါးများပြားနေသည်နှင့်အမျှ၊
နည်းပညာများလည်းတိုးတက်ခေတ်မှီအောင်ကြံ ဆောင်တီထွင်ပြုလုပ်နေကြသည်။လူတိုင်းလူတိုင်းလက်ကိုင်ဖုန်းသုံးစွဲ
နိုင်စေရန်မိုလ်ဘိုင်းဖုန်းများကိုလည်းဈေးနှုန်းချိုသာ၊သက်သက်သာ
ဖြင့်နေရာတကာဝယ်ယူသုံးစွဲနိုင် ကြသည်။အစိုးရတက္ကသိုလ်နှင့်ကောလိပ်ကြီးများ၊အထက်တန်း
ကျောင်းများ၊ပရိုတ်ဗိတ်ကျောင်းများနေရာတိုင်းတွင်တည်ထောင်ဖွင့်
လှစ်ထားကြသည်။စားဝတ်နေရေးအတွက်လူတိုင်းချွေတာစုဆောင်းကြ
သည်။အစိုးရဘဏ်များ၊ပုဂ္ဂလိကဘဏ်များတွင်တိုးမပေါက်
အောင်ကြိတ်ကြိတ်တိုး၍ငွေသွင်း၊ငွေထုတ်လုပ်နေသူများမှာစနေ၊
တနင်္ဂနွေပိတ်ရက်များမှအပ၊နေ့စဉ်နှင့်အမျှပင်။နေစရာအိမ်တို့ကို
များသောအားဖြင့်ပြီးစီးအောင်မဆောက်လုပ်ကြ။ အဆောက်အဦးပြီးလျင်နိုင်ငံတော်ကိုအခွန်ဆောင်ရသည်ဟုပြောသံ ကြားဖူးသည်။နေအိမ်ကိုအုတ်များဖြင့်အကြမ်းထည်သာတည်
ဆောက်ထားတတ်ကြပြီး၊အပြင်ဘက်ခြမ်းကိုနောက်ချီး(နွားချီး)
အပြားလေးများကပ်ထားသည်မှာအိန္ဒိယ၏ဟုမ်းတက်ကရေးရှင်း
တစ်ခုသဘွယ်။နံရံဆေးသုတ်၍ကြော်ငြာဆိုင်းဘုတ်လုပ်ထားသည် များမှာနေရာအနှံ့အပြားတွင်တွေ့နိုင်သည်။စားစရာအတွက်ဂျုံမုန့်
(အာသာ)ကိုရေနှင့်အလောတော်၊မနည်းမများ၊ကွက်တိကျအောင်
ရောသမ၍၊နယ်ပြီးလျင်၊ဒယ်အိုးကင်းအပြားပေါ်တွင်ဖုတ်ကင်ရသော
ရိုတီ(ခေါ်)ချာပါတီကိုဆပ္ပဂျီခေါ်သောအာလူး၊ကုလားပဲ၊
မဆလာများများ၊ငရုပ်သီးစပ်စပ်၊ဆီမပါဘဲချက်ထားသည့်သက်
သတ်လွတ်ဟင်းလျှာဖြင့်မြိန်ရှက်၊နှစ်သက်စွာပွဲတော်တည်နေကြသည်မှာ၊ မြင်သူသွားရည်ကျစရာပါပေ။ပြီးလျင်...
ရေတစ်ဖလားကိုခေါင်းမော့၍၊အာမထိလျှာမထိ၊တစ်ဂွပ်ထဲဂွပ်ချ
လိုက်တတ်သည်။ကုလားထီးများကတော့၊ ခိုင်နီး(တန်ဗာကူ)ဆေးရွက်ကြီးကိုသေးသေးမြင်မြင်လှီးဖြတ် ထားသောအရာအား၊ဘယ်လက်ဝါးပေါ်တင်၊ညာဘက်လက်မလေးဖြင့်၊
ကျူနား(ထုံး)အနည်းငယ်ဖြင့်နှစ်မိနစ်ခန့်ထိုးခြေပွတ်နှိပ်ပြီးလျင်၊
ပါးစောင်တွင်ထည့်ကာ၊ဆိုင်ရာအလုပ်ဆီသို့ဒိုးကြလေကုန်၏။
ကျာဝါးခေါ်ဆန်ထမင်းကိုတော့ည(၁၀)နာရီနောက်ပိုင်းတွင်သာ
စားကြသည်ကများသည်။စားပြီးလျင်တော့ကျိုးပေရောပေါ့။
ထူးဆန်တာတစ်ခုတော့တွေ့ရသည်။ ထိုအရာကားဈေးများတွင်ကဗလာခေါ်အဝတ်စားများနှင့်
အန်ဓ(ကြက်ဥ)ကလွဲရင်၊ မည်သည့်အရာဖြစ်ဖြစ်ချိန်ခွင်ထဲချိန်ရောင်းတတ်ကြသည်။
ဖရဲသီး၊ပန်းသီး၊ဂေါ်ဖီထုပ်၊သရက်သီး၊မြေပဲဆံ၊ငရုပ်သီး၊
မုန်လာဥဘာဖြစ်ဖြစ်၊အလုံးလိုက်ရောင်းသည်မရှိ။
ငှက်ပျောသီးပင်အလုံးရေဖြင့်မရောင်း၊ချိန်ခွင်နှင့်ချိန်ရောင်းကြသည်။
အုန်းတံတံမြက်စီး(နာလိယဂျာရူး) ကိုပင်ချိန်ခွင်တွင်ချိန်ရောင်းသည် မှာထူးဆန်းအံ့ဘွယ်ပါလားကိုကုလားတို့ရယ်၊
အိန္ဒိယသားကုလားများသည်အလုပ်လုပ်ရာတွင်၊ဘယ်သောခါမျှ၊ရေးကြီးသုတ်ပြာ၊ အလျင်စလိုမြန်မြန်ဆန်ဆန်မလုပ်ကြပါ။'အေးရာအေးကြောင်း၊ဒါမျိုးပဲကောင်း၊"
ဆောင်ပုဒ်လက်ကိုင်ထားလေသလားမသိ။ရုံးများ၌Tomorrowသည်
တပတ်လောက်ကြာချင်ကြာတတ်ပြီး၊နှစ်ပတ်လည်းဖြစ်ချင်ဖြစ်နိုင်သည်။
ဧမိနစ်(ခဏ)ဆိုလျင်တစ်နာရီလောက်ကြာမည်ဟု။ ဂဏှာဟိ=မှတ်လေလော့။မယုံမရှိလေနဲ့၊ကိုယ်တွေ့။