Thursday, April 22, 2010

ကျုပ် အမြင်လေးပါ

ခုတစ်လော တစ်ချို့ဘလောဂါကြီးတွေက IT နည်းပညာတွေကို အသုံးချပြီး
ဘာသာရေးကို ခုတုံးလုပ်။ပွဲဆူအောင် အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းဖို့ကြိုးစားနေကြတယ်။
ဆဲသံ ဆိုသံ တွေကလဲ ပွက်လောကိုရိုက်နေတာပါပဲ။ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှု ဘာသာဆိုတာ
နိုင်ငံတိုင်း တိုင်းပြည်တိုင်း လူမျိုးတိုင်းရှိကြတာပါပဲ။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိကြရမှာပေါ့၊

တစ်ချို့ဘာသာရေးတွေ ကတော့မိုင်းမိသွားရင် ပြန်ထွက်ဖို့မလွယ်တော့ဘူး။ မြုံးမိတဲ့ ငါးလို ၊ဆူးကြား
ကဗူးခါးလို ရုန်းထွက်လွတ်မြောက်ဖို့တော်တော်ခက်တတ်ပါတယ်။လူတိုင်းလူတိုင်းကတော့ ကိုယ့်ကိုးကွယ်
ယုံကြည်ရာဘာသာက အမြတ်ဆုံး အမှန်ကန်ဆုံးလို့ ကိုယ့် အဘိဓါန်ကိုပဲ ကိုးကားပြီး ရှေးက အစဉ်အဆက်
ပြောစကားကို လက်ညိုးထောင် ခေါင်းညိတ်ခဲ့ကြတာများတယ်မဟုတ်လား။

ဒါကိုပဲ ခင်ဗျားတို့ ကျုပ်တို့က မိရိုးဖလာ လို့ ခေါင်းစဉ်တပ်လိုက်ကြတာလေ၊လူဆိုတဲ့သတ္တ၀ါကလဲ
ကိုယ်တိုင် ဝေဖန် ဆန်းစစ် လေ့လာ ဖို့ထက်၊ သူများပြောတာကိုပဲ အလွယ်တကူ လက်ခံလိုက်ချင်ကြတာလေ။ဒီတော့လဲ ဘာသာရေးဆရာကြီးတွေရဲ့ လက်ကိုင် ဒုတ်တွေ၊ ကြိုးဆွဲရာ
ကရတဲ့ ရုပ်သေးတွေ ဘ၀ရောက်မှန်းမသိရောက်ကုန်ကြရော။

စာမှာပါတဲ့ တပုဒ် တစ်ပိုက် တစ်အုပ်လောက်ကို လိုရာဆွဲယူပြီး၊အချင်းချင်း သတ်ဖြတ်တာတွေဖြစ်လာကြရော။ဘာသာရေးတွေ အစွန်းရောက်ပြီး ဘာသာမတူရန်သူဆိုပြီး
လူလူချင်းရက်စက်စွာ သတ်ဖြတ် နေကြတာတွေ ကမ္ဘာမှာ ကြားရတာနှလုံးနာစရာပေါ့။

တကယ်တော့ ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက သူများမြေကိုလည်း တပေလေးမှမလိုချင်သလို
ကိုယ်မြေကိုလည်းမြေကိုလည်း တလက္မလေးမှမပေးချင်ကြပါဘူးဗျာ။အေးအေးဆေးဆေး ထမင်းကြမ်းခဲယပ်ခပ်စားနေကြတဲ့ရိုးသားတဲ့လူတွေပါ။ကျုပ်တို့နိုင်ငံမှာလူတိုင်းတန်းတူအခွင့်အရေးရှိကြ
ပါတယ်။တရုတ်ရယ်ကုလားရယ်လို့ခွဲခြားမှုတွေမရှိခဲ့ဘူးလေ။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ ဒီလိုအခွင့်
အရေးမရကြပါဘူးဗျာ။

ကျုပ်ပြောချင်တာ မြန်မာအမျိုးသမီးတွေလည်း ကိုယ့်ဘာသာ ကိုယ်လူမျိုး ကိုယ့်ရိုးရာ ကိုယ်ယဉ်ကျေးမှုတွေကို တန်ဘိုးထားတတ်စေချင်တယ်။တွေ့ကရာလူကိုအိမ်ထောင်ဖက်အဖြစ်မရွေးချယ်
သင့်ပါဘူး။
"နွားလားရာထောင် ခွန်အားဆောင်လည်း
တစ်ကောင်နွားမ မရှိကလျင်
ပျက်ရမျိုးနွယ် နွားဇာတ်ကွယ်လိမ့်။"
ဆိုတဲ့ ပညာရှိသူတော်ကောင်းကြီးတွေရဲ့ ဆုံးမစကားကို အမှတ်ရသင့်ကြပါတယ်။ကိုယ့်ရဲ့
မျိုးဆက်သစ်တွေဟာ ကြက်မရောက် ကျီးမရောက်  အာကလိအောက်တွေ မဖြစ်စေသင့်
ဘူးပေါ့။ ကျုပ်တို့ မြန်မာလူမျိုးတွေကလဲခက်ပါတယ်။နိုင်ငံခြားဆို ဇွတ်ကိုအထင်ကြီးတတ်ကြတာကို။


တကယ်တော့ "ဘယ်နိုင်ငံမှာနေနေ ဘာတွေကိုလုပ်လုပ် မင်းအမြဲမှတ်ပါ မင်းမြန်မာ "ဆိုတဲ့ စကားလေးကိုတော့ မမေ့သင့်ပါဘူး။

 ဒါပေမဲ့  အဲဒီသီချင်းကိုဆိုခဲ့သူကိုယ်တိုင်က နိုင်ငံခြားဖြစ်ကိုအထင်ကြီးနေသူလေ။
သူ့သားသမီးတွေ ၀တ်တာစားတာ  နေတာထိုင်တာ သီးချင်းဆိုတာတွေက  ဘယ်မှာ 
မြန်မာဆန်လို့လဲ။အဲဒီကောင်မြန်မာအစစ်ပါဗျလို့တောင် ဘုရားစူး
မိုးကြိုးပစ်ကြိမ်ရမလိုဖြစ်နေတယ်လေ......

အမှန်တော့ ကျုပ်တို့ ဗုဒ္ဓဘာသာ အမည်ခံ မြန်မာလူမျိုးတချို့ကြောင့်လဲ မြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာက
ညိုးမိန်နေရတာလေ။ နိုင်ငံခြားကိုလွတ်အထင်ကြီးတတ်တဲ့စိတ် ကိုယ်လူမျိုးကိုယ့်ဘာသာဆို အထင်သေးတဲ့
စိတ် အချင်းချင်းမနာလို ၀န်တိုတဲ့စိတ် အချင်းချင်းမညီညွတ်ကြတဲ့ စိတ် ဒီစိတ်ဓါတ်တွေ ကြောင့်လဲ
ကျုပ်တို့မြန်မာလူမျိုးတွေ ကမ္ဘာ့ရှေ့တန်းကိုမရောက်နိုင်ကြတာပေါ့.....


အချုပ်တန်းဆရာဖေ ဆဲသလိုပြောလိုက်ချင်တော့တယ်........အဟုတ်ပါ......
     " မြန်မာတွေစည်းကမ်းဖောက်လို့
      ထီးနန်းပျောက်ဖြစ်ပြီ
      မှီငြမ်းထောက်အသစ်မီတယ်
      ညစ်ပလီလူမျိုး
      မိပြစ်လို့ ဖရှောင်သွေတယ်
      ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး
     မြန်မာချင်းကြွားကြချင်
     ဓားမြအသွင်လူဆိုး
     ခုမြေရှိုးပုန်းရှောင်
     မိုက်မနော်ပြုမဟေးတို့က
     သူ့ပထွေးတော့ ခွေးသို့မယောင်
     ပြောရော့ရဲ့ရာဇ၀င်ပြောင်အောင်
    စာဇင်တောင်ဦးချလို့
    ပလူးရပြေးကြို့ခါခါ
   ခွေးသို့ပမာ
   တွေးမိတိုင်း အရိုးပါနာသည်
                                                   အမျိုးပါဆဲချင်ပေါ့လေး"........... 
တဲ့ .....ဟုတ်တယ်....ဆရာဖေဆဲချင်လဲဆဲစရာပဲ
သူပြောတဲ့အတိုင်းတထေရာတည်းကိုဖြစ်ပျက်နေကြပြီလေ..
ခင်ဗျားရောဘာပြောစရာရှိလဲ...ကျုပ်ကတော့ ဆရာဖေကြီးနှင့်
တထပ်ထဲပါပဲဗျာ.............