Monday, February 22, 2010

ကျုပ်ဖျားရခြင်းအကြောင်းအရင်း

ကျုပ်ငယ်ငယ်ကအကြောင်းတွေဆက်ပြောဦးမယ်..ကျုပ်ကလဲငယ်ငယ်ရှိသေးတာကိုနော့၊ကဲ...ထားလိုက်ပါစို့...
ဒီလိုပါတဲ့ဗျာ၊ရွာမှာလေးတန်းအောင်တော့ ငါးတန်းကိုမော်လူးမှာသွားတတ်ရတယ်လေ။အခုလိုကျုပ်တို့ရွာမှာ
အလယ်တန်းကျောင်းမှမရှိသေးတာကိုးဗျ။ရွာနှင့်မော်လူးကနှစ်မိုင်လောက်ပဲဝေးတာပါ။
ခြေလျင်သွားရင်နာရီဝက်သာသာ၊45မိနစ်ပေါ့။ကျုပ်အကိုစိုးလွင်က ရှစ်တန်းကျောင်းသား။အိမ်မှာက စက်ဘီးကတစ်စီးထဲရယ်...
ရှိတဲ့ဘီးကလဲလူကြီးတွေစီးတဲ့ဘီး။ကိုယ့်ခြေထောက်နှင့်လဲမမီ။ကိုယ်လဲမစီးတတ်။အကိုကလဲ ကျုပ်ကိုမတင်နိုင်။ကျုပ်ကိုတင်ပြီးနင်းတဲ့အခါနှစ်ယောက်လုံး ကျွမ်းထိုးမောက်ခုံတွေဖြစ်၊နဖူးကွဲလိုကွဲ၊ဒူးပြဲလိုပြဲ......ပြီးရင်ဖုတ်တက်ခါ ပြီး..မင်းနောက်ကငြိမ်ငြိမ်ထိုင်မစီးလို့လဲရတာကွ...မင်းကလက်ကိုင်ကိုမှမနိုင်တာပဲ...ဘာညာနှင့်တစ်ကို
တယောက်ကို တစ်ယောက်အပြစ်ဖို့၊နောက်တော့ ထုံးစံအတိုင်း လမ်းဘေး ကြိုးဝိုင်းမဲ့ ဒိုင်လူကြီးမရှိတဲ့ လက်ဝှေ့ပွဲလေးတခုဖြစ်သွားရတာပဲလေ။ ကျုပ်ကလဲ ဘက်တူရင်လူမရွေးတတ်ဗျ။အဟဲ...သိတဲ့အတိုင်း ဘော်ဘော်တို့ရဲ့ဇာတ်လိုက်ကျော် တော်တော်လေး အီစလံဝေသွားခဲ့ရတာပေါ့။ကျုပ်အဲဒီကစပြီး...စက်ဘီးကို
မုန်းတယ်။စာသင်ကျောင်းကို အမြင်ကတ်တယ်။အဲဒီစက်ဘီးကြောင့်....အဲဒီ စာသင်ကျောင်းကြောင့် ညီအကိုအရင်းတွေ နပန်းလုံးထိုးသတ်ခဲ့ရတာမဟုတ်လား၊ဒီလိုနဲ့ နှစ်ကုန်တော့စာမေးပွဲတွေဖြေကြပြီး...
ကျောင်းကြီးတွေပိတ်တော့နွေရာသီသင်္ကြန်မီရှင်ပြုပွဲကြီးလုပ်ကြတယ်...အဲဒီမှာ.ရွှေထီးဆောင်းရတော့တာပါပဲ။ကျုပ်ကမောင်ရင်လောင်းလေ။
စာသင်ကျောင်းနှင့်ကျုပ်ဘ၀လဲလက်ပြနုတ်ဆက် ရာသက်ပန်လမ်းခွဲလိုက်ကြတယ်လေ...ရွာဦးကျောင်းဆရာတော့် ခြေတော်ရင်းဝပ်စင်းလို့လဲရောက်ပါရော့..
မျောက်လိုအဆော့သန်တဲ့ကျုပ် တုပ်တုပ်တောင်မလှုပ်ရဲ...လှုပ်ရဲလှုပ်ကြည့်ပေါ့။ကျောကော့ချင်လား?
ခေါင်းဖုချင်လား?ကြိုက်တာရွေးထားလိုက်ပေါ့...ကျုပ်ကလဲ ..နေ့လေးညခြောက်၊ထမင်းစားပြီးတစ်၊လူလစ်လစ်သလို..စာဆိုအတိုင်း (အဓိပ္ပါယ်တော့ သေသေချာမသိပါ)
ဘုန်းကြီးလစ်ရင် တက်ပုတို့ ကုလားတန်တို့ကို လိုက်စတော့တာကိုဗျ။ကံဆိုးချင်တော့ ဘုန်းကြီးနှင့်တည့်တည့်ကြီးမက ထိပ်တိုက် ပေါ်တင် ဘလိုင်းကြီးအပီအပြင်ကိုတွေ့တော့တာလေ။
ဒါဆိုခင်ဗျားသိလောက်ရော့ပေါ့။ဘယ်လောက်ကော့ပြန်လန်ထွက်နေအောင် ဆော်ပလော်တီးလိုက်မလဲဆိုတာလေ။အဲဒီအချိန်ကစပြီး ရွာဦးကျောင်းဆရာတော်ဘုရားဆိုရင် ကျုပ်ဖျားသွားတာ အဲဒီကစတာပဲမောင်။