Sunday, January 31, 2010

ငိုသူ

ဂုဏ်ဝါမကောင်း၊မျက်နှာရောင်း၍၊
တောင်းသောသူသည်၊ငိုသောမည်၏၊
မကြည်မဖြူ၊မပေးသူလည်း၊
ထို့တူခေါ်လေ့၊ပြန်၍ငိုသည်၊
သူပင်မည်၏။
စိတ်ကြည်မနူး၊နှစ်ဦးနှစ်ဝ၊
တူအမျှပင်၊ဒေါမနသတ်၊
ဖြစ်သတတ်ကြောင့်၊
သူမြတ်သူလျာ၊သူတော်စွာတို့၊
ပဉ္စာပြည့်ရှင်၊တကာစဉ်လျက်၊
လက်တွင်ကိုင်ယူ၊တောသလူရွက်၊
သက်သက်တထပ်၊လွာဖိနပ်မျှ၊
လိုအပ်လျက်ကဲ့၊ခံတွင်းမဲ့သို့၊
ဆယ်နှစ်နှစ်ကျော်၊တိုင်အောင်သော်လဲ၊
နုတ်တော်မလစ်၊မတောင်းဖြစ်တည်း။
(မဃဒေ၀)

No comments:

Post a Comment

သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး