Monday, July 19, 2010

မင်းမှန်တယ်(သို့သော်)သူငယ်ချင်း

ပို့စ်အသစ်တင်မယ်စိတ်ကူးတိုင်း ဘာမှရေးမရအောင်ဖြစ်နေတယ်ဗျာ.ကန်းကုန်အောင်မိုက်တဲ့သစ်ပင်..ဆိုတဲ့ဇာတ်ကားထဲက ဦးကျော်ပြောသလို" ဒီဂေါင်းကို အံ့သြတယ်ဗျာ...ဂေါင်းထဲမှာ အရောင်တွေတွေ့နေရတယ်။အနီရောင်တွေ အနက်ရောင်တွေ အစိမ်းရောင်တွေပြာပြာတာတာအရောင်တွေ...အာ....အရောင်တွေမှမျိုးစုံပဲ"။ တဲ့...
သူပြောတာပါ။ကျုပ်ဂေါင်းထဲမှာတော့ ဘာအရာင်မှရှာမတွေ့ဘူးဖြစ်နေတယ်။ဒီကြားထဲ အင်တာနက်လိုင်းကမကောင်းတော့ ဘာမှကိုလုပ်လို့မရတော့ဘူးကွာ၊ဘာမှကိုလုပ်လို့မရတော့ဘူးကွာ၊
ဘာမှကိုလုပ်လို့မရတော့ဘူးကွာ...လို့ပဲ.ဦးကျော်ကြီးအော်သလို အော်လိုက်ချင်တော့တယ်...အဟုတ်........ဒါကြောင့် အိမ်လွမ်းသူမှာရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုပဲ တင်လိုက်တယ်...

  သူငယ်ချင်း.... 
မင်းဘက်ကကြည့်တော့
ယပလက်
ငါ့ဘက်ကတော့
က...ကြီး
နံပါတ်သရီးလို့သူကပြော
ဟော...ကြားကလူမှာ ဒ..ဒွေးပါတဲ့။.....
 ဂငယ်ပါဆိုနေမှ
ပစောက်ဖြစ်လိုဖြစ်
တစ်လို့ပြောလိုပြော
ရှစ်လို့ပြောလိုပြော
ဟော...စီလို့အခေါ်တပ်သူတွေလဲ
မနည်းပါလား......
ကဲပါ....သူငယ်ချင်း..
ရှင်းမရတဲ့ပုစ္ဆာတော့မဟုတ်ဘူး
အထူးအထွေမဟုတ်တာကို
အရူးတွေလိုငြင်းနေမလား.....
ဘယ်သူမှား ဘယ်သူမှန်သလဲ
သဲကွဲတဲ့အဖြေတစ်ခု
ကိုယ့်ရှု့ဒေါင့်ကိုမှန်တယ်...

တကယ်တော့ကွာ...
ကြက်ဥအစရှာမရသူအတွက်
တူတစ်လက်နှင့်ခွဲကြည့်
အစရှိတယ်ဆိုတာသိလိမ့်မယ်...
လွယ်နေတာကိုရှုပ်အောင်လုပ်
ရှုပ်နေတာကိုထပ်မရှင်း
အခန်းကျဉ်းထဲအိပ်နေမယ်ဆိုရင်
စိတ်လေတယ်သူငယ်ချင်း....
အချင်းချင်းတွေပဲကွာ
အတင်းအဖျင်းတွေအတွက်
သက္ကရာဇ်တွေဆွဲစား
လွဲမှားလွန်းပါတယ်သူငယ်ချင်း....
သို့သော်......
မင်းမှန်တယ်သူငယ်ချင်း...




Monday, July 12, 2010

ဆရာကြီးလုပ်လိုက်သည်.....

စာလေးတစ်ပိုဒ်ဖတ်ထားဖူးတာရှိတယ်။ဘာတဲ့.....
လောကမှာတန်ဘိုးအရှိဆုံးက.....အချိန်ပါတဲ့၊
အရေးအကြီးဆုံးကတော့.........စိတ်ဓါတ်ပါတဲ့၊
အဲ...အကြီးမားဆုံးသောအရာကတော့....မိဘကျေးဇူးတဲ့။
စာရေးဆရာကတော့ မြတ်မင်းခန့် လို့ထင်တာပဲ။ဘယ်မှာဖတ်ဖူးပြီး၊
ဘယ်တုံးကဖတ်ခဲ့တာလဲဆိုတာတော့...မမှတ်မိတော့ဘူး။စာရေးသူရဲ့စေတနာ
ကြောင့်ထင်ရဲ့ ရင်ထဲစွဲနေခဲ့တာလေ။အထွေအထူးပြောဖို့မလိုပါဘူး....လူတိုင်းကပြောနေကြတာပဲ။
အချိန်ဟာတန်ဘိုးကြီးတယ်။အချိန်နှင့်ဒီရေဆိုတာလူကိုမစောင့်ဘူး။
အချိန်ဆိုတာရွှေပဲ။အချိန်ဆိုတာငွေပဲ။အချိန်ဆိုတာဘ၀ပဲလေ။
ဆရာအောင်သင်းကလဲခဏခဏသတိပေးပြောနေခဲ့တာပဲဗျာ။

"မင်းတို့တွေမှတ်ထားကြကွ...ဘ၀ဆိုတာ အချိန်ပဲ။
အချိန်မပါပဲ ဘ၀ဖြစ်လို့မရဘူး။ဘ၀ကိုတန်ဘိုးထားရင်...အချိန်ကိုတန်ဘိုးထားရမယ်။
အချိန်ကို ဖြုန်းပစ်တာဟာ....ဘ၀ကိုဖြုန်းပစ်တာပဲကွ"။တဲ့.....သူကမျိုးဆက်သစ်လူငယ်တွေ
သိပ်တိုးတက်စေချင်တာလေ။မျိုးဆက်သစ်တိုးတက်ရစ်ဖို့...ဆိုပြီးစာအုပ်တွေရေး၊
ဟောပြောပွဲတွေဘာတွေလုပ်ပြီးအမြဲတမ်းပြောနေခဲ့တာပေါ့။

တကယ်တော့ ခင်ဗျားတို့ကျုပ်တို့တွေက ကျွဲပါးစောင်းတီး၊နွားနီးပုလွေမှုတ်ဆိုတာလိုပဲ။
ဘာကိုမှလေးလေးနက်နက်မထားချင်ကြဘူးမဟုတ်လား။တကယ်တော့အချိန်နှင့်အခြေအနေ
ကို မျက်ခြေမပြတ်သင့်ဘူး။အမြဲတမ်းအမှတ်ရနေသင့်တယ်။လုပ်ဆောင်သင့်တဲ့အရာတွေကို
ကိုယ်စွမ်းရှိသလောက်အသုံးချသင့်တယ်လေ။တကယ်တော့ ကျုပ်တို့တွေဟာ ကိုယ့်ကိုကိုယ်
သိပ်သနားလွန်းတယ်၊သိပ်ညာလွန်းနေတယ်လို့ထင်တာပဲ။လုပ်သင့်တယ်ထင့်အရာတွေထဲက အကုန်အားလုံးလုပ်ဖို့မဖြစ်နိုင်ရင်တောင် သုံးချိုးတစ်ချိုးလောက်တော့    လုပ်ခဲ့ကြမယ်ဆိုရင် လူဘ၀ဟာ အနေမြတ်ကျေနပ်ဖို့ကောင်းတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ကြမှာမလွဲဘူး။

  အတိတ်ကဖြစ်ရပ်တွေကိုပြန်လည်တွေးတောသတိရ ပူဆွေးသောကရောက်နေကြတာကလဲ
မဟုတ်သေးဘူး။အတိတ်ဆိုတာ အရိပ်လိုလိုက်ပါတတ်တယ်ဆိုတာမှန်မှာပါပဲ။မေ့ပျောက်အောင်လုပ်ရင်
မေ့နိုင်ကြပါတယ်။နောက်မှဖြစ်လာမဲ့ အနာဂါတ်ကို စိတ်ကူးယဉ်တွေးတောလို့ ငေးမောဖို့လဲ မလိုအပ်ပါဘူး။ အနာဂါတ်ရည်မှန်းချက် နှင့် စိတ်ကူးယဉ်အိပ်ဆိုတာတော့ရှိသင့်ပါတယ်။ ရှိဖို့လဲလိုအပ်ပါတယ်။အရူးစိတ်ကူးလို...မုတ်ဆိတ်မွေးတွေက ဆံပင်ကနေဆင်းလာတဲ့ရေသောက်မြစ်
တွေလား...ဘယ်ကလာတာပါလိမ့်ဆိုပြီးမေးစေ့ပွတ်စဉ်းစားနေရင်တော့လဲ  အလကားစိတ်ကူးပဲ
မဟုတ်ပါလား.....ဒီတော့ဗျာ.......လုပ်သင့်တဲ့အလုပ်၊တွေးသင့်တဲ့စိတ်ကူးလေးတွေကို ခုချိန်ကစလို့တွေးကြစို့၊လုပ်ကြပါစို့လား...
                        ကဲ......ဘာဖြစ်ဖြစ်.....အခုလောလောဆယ် အချိန်လေးဟာ
အရာအားလုံးထက်အကောင်းဆုံးပါပဲဗျာ။ ပြောကြည့်တာပါ။............

Thursday, July 1, 2010

ဒီည......

ညကအိပ်လို့မရ။တောင်တွေးမြောက်တွေး၊မိုးကရွာပြီလို့ဆိုပေမဲ့
တနွေလုံးပူလောင်ခဲ့သမျှ၊ခုလိုမိုးတပေါက်နှစ်ပေါက်ရွာလိုက်တော့ အိုးကင်းပူပေါ်ရေလောင်းသလိုဖြစ်ကုန်သည်။
နေ့အခါပူသည်ကနေရောင်ခြည်ကြောင့်နေပူရှိန်ကြောင့်ဆိုတော့ လက်ခံနိုင်ဘွယ်ရှိသေးသည်။ညအခါပူသောအပူကမှနေပူမရှိပါပဲ နေ့ခင်းကအပူတွေပျံ၍ပူလောင်အိုက်စပ်လျက်ရှိသည်က
ဆိုးရွားလွန်းသည်ထင်သည်။

အိပ်မရ၊မီးကပျက်လေကငြိမ်ချက်သားကောင်းနေသေးတော့သည်။hostel တစ်ခုလုံးတိတ်ဆိပ်ငြိမ်သက်လျှက်၊တစ်ခါတစ်ခါ ရေကြက်နှင့်ကျီးကန်းငှက်တို့၊
ထထအော်သံကစိတ်ချောက်ခြားဘွယ်ဆူဆူညံညံ
ထွက်ပေါ်လာတတ်ပြန်သည်။
အခန်းကျဉ်းထဲဟိုလိမ်းဒီလှည့် နှင့်ပင် ဒီတစ်ညတော့ ကုန်ဆုံးရပေတော့မည်။

ချစ်သူရဲ့ ဒို့တတွေည အိပ်မပြစ်ရက်အောင်လှ။

ဆိုတဲ့သီးချင်းထဲကလို့အိပ်မပြစ်ရက်အောင်ညကမလှပပါလေ။
ခြင်ကိုက်သောည၊မီးပျက်သောညပူအိုက်သောညစိတ်ကုန်လွန်းပါတယ်.... လို့သာညစ်ညစ်နှင့်ဟစ်ပြစ်လိုက်ချင်ပါတော့သည်ကော... အတွေးတွေကတောင်စဉ်ရေမရ၊ရောက်ချင်ရာရောက် ၊တွေးချင်ရာတွေးဖြစ်ကုန်သည်။စိတ်သည်တစ်နေရာတည်းမှာ
ကြာရှည်တည်နေ။နာရီတွေက၊တရွေ့ရွေ့နှင့်သူ့
အလုပ်သူလုပ်လျက်ရှိတော့သည်။
နာရီကြည့်လိုက်တော့ မနက်၎နာရီထိုးရန်၁၅မိနစ်တဲ့။
အိပ်မရသူအတွက်ညတာသည်ရှည်လွန်းတော့သည်။
နာရီစက္ကန့်သံတို့ကပင်နားတွင်ဝုန်းဒိုင်းကြဲဆူညံနေသလားအောက်မေ့ရသည်။
ညအိပ်ရာဝင်ခါနီး ကော်ဖီမသောက်ခဲ့မိတာလဲ သိနေသည်။

ဟို.....ထူးအိမ်သင်ရဲ့သီချင်းတစ်စလို
တရေးနိုးတဲ့ညတွေဆိုပြန်အိပ်မရပါ...သူရောပဲကိုယ့်လိုပဲ ယောင်ရမ်းပြီးတမ်းတနေမလား...ဆိုပီးပါးစပ်ကတောင်ညီးမိမလိုဖြစ်ရသေးသည်။
အိပ်မရတာလဲရောဂါတခုများလား? ဘာလားညာလား စဉ်းစားမိပြန်သည်။
ရေသောက်ပြန်သည်။မျက်စိကို
ဇွတ်အတင်းမှိတ်၍အိပ်စက်ရန်ကြိုးစားကြည့်သည်။မရပါ။ခဏကြာတော့ ဆီးသွားချင်လာသည်။ဆီးသွားရပြန်သည်။မိုးသာလင်းသွားခဲ့ပါပြီ။
ငါ့ရဲ့အိပ်စက်ခြင်းကိုဘယ်သူလုယူသွားခဲ့ပါသလဲ...?
တချို့က ညနှင့်ပတ်သက်ပြီးသီချင်းဖွဲ့ဆိုကြသည်။

"အိပ်၍မပျော်သော ညတညရဲ့ ည၀ယ် သံသရာရှည်....ဆိုလား
အိပ်မရတဲ့ညများစွာရယ်............

ရထားဥသြသံလေးများကြားရင်
အိမ်ြပြန်ချင်တဲ့စိတ်လေးတားမရဘူး...၀ူးဝူး..


အချစ်.....မင်းကို...လွမ်းရတဲ့ညတွေလွန်ပါစေ....

နေညိုညို လမ်းလေးထက်ကနေ့စဉ်စောင့်နေမယ်..
မျှော်လင့်ခြင်းများရယ်...အိမ်ပြန်ချိန်ညရယ်"


ဘာညာဘာညာ နှင့် အိပ်မရတဲ့ညတွေကို အမျိုးမျိုး ဖွင့်ဟသီကျူးခဲ့ကြသည်ပေါ့။

အဲ..ဒီတညတော့ မင်းရင်ခွင်ကိုအိပ်စက်ဖို့လဲရောက်မလာပါလား...
နှိပ်စက်ဖို့ပဲရောက်လာပါသလားကွယ်.....

Tuesday, June 29, 2010

မဝေးတော့သော....

ခုတလော စာမေးပွဲကိစ္စ ဗီဇာပတ်စပို့ ကိစ္စတွေနှင့် နှပန်းလုံးရင်း
လူလဲတော်တော်ဖလက်ပြသွားသည်။ကျန်းမာရေးကပုံမှန်လေးလည်ပတ်နေလို့
တော်ပေသေးတော့သည်။ကုလားပြည် အပူဒါဏ်ကို တနွေလုံးလိမ့်နေအောင်ခံလိုက်ရသည်။
စားစရာတွေကလဲရှားပါးတော့ ကင်းမုန်သီးဆိုတာ အသံပင်မကြားချင်အောင်မုန်းနေတော့သည်။
ဘ၀ဆိုတာဒီလိုပဲ ဖြစ်ပါလိမ့်မည်။လူအလိုဆန္ဒကိုလည်း နတ်တို့ကမလိုက်နိုင်မှန်းနားလည်ရပြန်သည်။
ယုံကြည်ချက်ကို စက်နိုးရင်း ဆီရေ လေ ၀ိုင် တွေကို မကြာခဏ စစ်ဆေးနေရပေမည်ပေါ့။

အိပ်မက်များစွာကို ဆက်လက် မက်ခွင့်ရှိသေးသည်ပဲ။လက်တွေ့ဘ၀ဆိုတာအိပ်မက်ပေါင်းများစွာကိုအခြေခံ
တည်ဆောက်ကြရတာမဟုတ်လား... လေ့လာရင်း မှတ်းသားရင်းနှင့် လဲကျတိုင်းပုလဲမခအောင် စိတ်ဓါတ်တွေကို တင်းထားရသည်။ကိုယ်ယုံကြည်ရာကို ရွက်လွှင့်လို့ ခရီးနှင်ရသည်ကပင် ကျေနပ်စရာ
တစ်ခုဟု ယူဆသည်။ လူတစ်ယောက်မှာယုံကြည်မျှော်လင့်ချက်တို့တော့ရှိနေသင့်သည်ပင်မဟုတ်ပါလား..
လူနေခြုံကြား စိတ်နေဘုံဖျားဆိုတဲ့ စကား အရှိသားပဲလေ။
တစ်နေ့ အဲဒီလူ ဘာဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှတပ်အပ်သေချာမပြောနိုင်ဘူး။ မမြင်နိုင်တဲ့ စွမ်းအင်
သတ္တိတွေကို ဘယ်နတ်ဘုရားကဖန်ဆင်းထားသလဲ။ ဘယ်တန်ခိုးရှင်တွေက စီမံနိုင်သလဲ။
လောကမှာ မိမိကိုယ်သာ အားကိုးရာ။မိမိသည်သည်သာ ကံကြမ္မာရဲ့ အရှင်သခင်။ မိမိသည်သာ ဘ၀ရဲ့
မာလိန်မှူး ပဲ့ကိုင်ရှင်ဆိုတာ လက်ခံယုံကြည်ထားရပေမည်။

ဘယ်လိုပင် ဖြစ်ပါစေ.....မိမိအနာဂါတ်လှပသာယာကြလျှင် တော့လူသားလောကကြီးအတွက်
ကောင်းကျိုးများစွာဆောင်ရွက်နိုင်ကြပေတော့မည်။ မကြာမီ အနာဂါတ်သည်အလိုလိုရောက်လာတော့မည်။
နွေးနွေးထွေးထွေးလက်ကမ်းကြိုဆိုလိုက်ကြပါစို့...........

Thursday, April 22, 2010

ကျုပ် အမြင်လေးပါ

ခုတစ်လော တစ်ချို့ဘလောဂါကြီးတွေက IT နည်းပညာတွေကို အသုံးချပြီး
ဘာသာရေးကို ခုတုံးလုပ်။ပွဲဆူအောင် အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းဖို့ကြိုးစားနေကြတယ်။
ဆဲသံ ဆိုသံ တွေကလဲ ပွက်လောကိုရိုက်နေတာပါပဲ။ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှု ဘာသာဆိုတာ
နိုင်ငံတိုင်း တိုင်းပြည်တိုင်း လူမျိုးတိုင်းရှိကြတာပါပဲ။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိကြရမှာပေါ့၊

တစ်ချို့ဘာသာရေးတွေ ကတော့မိုင်းမိသွားရင် ပြန်ထွက်ဖို့မလွယ်တော့ဘူး။ မြုံးမိတဲ့ ငါးလို ၊ဆူးကြား
ကဗူးခါးလို ရုန်းထွက်လွတ်မြောက်ဖို့တော်တော်ခက်တတ်ပါတယ်။လူတိုင်းလူတိုင်းကတော့ ကိုယ့်ကိုးကွယ်
ယုံကြည်ရာဘာသာက အမြတ်ဆုံး အမှန်ကန်ဆုံးလို့ ကိုယ့် အဘိဓါန်ကိုပဲ ကိုးကားပြီး ရှေးက အစဉ်အဆက်
ပြောစကားကို လက်ညိုးထောင် ခေါင်းညိတ်ခဲ့ကြတာများတယ်မဟုတ်လား။

ဒါကိုပဲ ခင်ဗျားတို့ ကျုပ်တို့က မိရိုးဖလာ လို့ ခေါင်းစဉ်တပ်လိုက်ကြတာလေ၊လူဆိုတဲ့သတ္တ၀ါကလဲ
ကိုယ်တိုင် ဝေဖန် ဆန်းစစ် လေ့လာ ဖို့ထက်၊ သူများပြောတာကိုပဲ အလွယ်တကူ လက်ခံလိုက်ချင်ကြတာလေ။ဒီတော့လဲ ဘာသာရေးဆရာကြီးတွေရဲ့ လက်ကိုင် ဒုတ်တွေ၊ ကြိုးဆွဲရာ
ကရတဲ့ ရုပ်သေးတွေ ဘ၀ရောက်မှန်းမသိရောက်ကုန်ကြရော။

စာမှာပါတဲ့ တပုဒ် တစ်ပိုက် တစ်အုပ်လောက်ကို လိုရာဆွဲယူပြီး၊အချင်းချင်း သတ်ဖြတ်တာတွေဖြစ်လာကြရော။ဘာသာရေးတွေ အစွန်းရောက်ပြီး ဘာသာမတူရန်သူဆိုပြီး
လူလူချင်းရက်စက်စွာ သတ်ဖြတ် နေကြတာတွေ ကမ္ဘာမှာ ကြားရတာနှလုံးနာစရာပေါ့။

တကယ်တော့ ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက သူများမြေကိုလည်း တပေလေးမှမလိုချင်သလို
ကိုယ်မြေကိုလည်းမြေကိုလည်း တလက္မလေးမှမပေးချင်ကြပါဘူးဗျာ။အေးအေးဆေးဆေး ထမင်းကြမ်းခဲယပ်ခပ်စားနေကြတဲ့ရိုးသားတဲ့လူတွေပါ။ကျုပ်တို့နိုင်ငံမှာလူတိုင်းတန်းတူအခွင့်အရေးရှိကြ
ပါတယ်။တရုတ်ရယ်ကုလားရယ်လို့ခွဲခြားမှုတွေမရှိခဲ့ဘူးလေ။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ ဒီလိုအခွင့်
အရေးမရကြပါဘူးဗျာ။

ကျုပ်ပြောချင်တာ မြန်မာအမျိုးသမီးတွေလည်း ကိုယ့်ဘာသာ ကိုယ်လူမျိုး ကိုယ့်ရိုးရာ ကိုယ်ယဉ်ကျေးမှုတွေကို တန်ဘိုးထားတတ်စေချင်တယ်။တွေ့ကရာလူကိုအိမ်ထောင်ဖက်အဖြစ်မရွေးချယ်
သင့်ပါဘူး။
"နွားလားရာထောင် ခွန်အားဆောင်လည်း
တစ်ကောင်နွားမ မရှိကလျင်
ပျက်ရမျိုးနွယ် နွားဇာတ်ကွယ်လိမ့်။"
ဆိုတဲ့ ပညာရှိသူတော်ကောင်းကြီးတွေရဲ့ ဆုံးမစကားကို အမှတ်ရသင့်ကြပါတယ်။ကိုယ့်ရဲ့
မျိုးဆက်သစ်တွေဟာ ကြက်မရောက် ကျီးမရောက်  အာကလိအောက်တွေ မဖြစ်စေသင့်
ဘူးပေါ့။ ကျုပ်တို့ မြန်မာလူမျိုးတွေကလဲခက်ပါတယ်။နိုင်ငံခြားဆို ဇွတ်ကိုအထင်ကြီးတတ်ကြတာကို။


တကယ်တော့ "ဘယ်နိုင်ငံမှာနေနေ ဘာတွေကိုလုပ်လုပ် မင်းအမြဲမှတ်ပါ မင်းမြန်မာ "ဆိုတဲ့ စကားလေးကိုတော့ မမေ့သင့်ပါဘူး။

 ဒါပေမဲ့  အဲဒီသီချင်းကိုဆိုခဲ့သူကိုယ်တိုင်က နိုင်ငံခြားဖြစ်ကိုအထင်ကြီးနေသူလေ။
သူ့သားသမီးတွေ ၀တ်တာစားတာ  နေတာထိုင်တာ သီးချင်းဆိုတာတွေက  ဘယ်မှာ 
မြန်မာဆန်လို့လဲ။အဲဒီကောင်မြန်မာအစစ်ပါဗျလို့တောင် ဘုရားစူး
မိုးကြိုးပစ်ကြိမ်ရမလိုဖြစ်နေတယ်လေ......

အမှန်တော့ ကျုပ်တို့ ဗုဒ္ဓဘာသာ အမည်ခံ မြန်မာလူမျိုးတချို့ကြောင့်လဲ မြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာက
ညိုးမိန်နေရတာလေ။ နိုင်ငံခြားကိုလွတ်အထင်ကြီးတတ်တဲ့စိတ် ကိုယ်လူမျိုးကိုယ့်ဘာသာဆို အထင်သေးတဲ့
စိတ် အချင်းချင်းမနာလို ၀န်တိုတဲ့စိတ် အချင်းချင်းမညီညွတ်ကြတဲ့ စိတ် ဒီစိတ်ဓါတ်တွေ ကြောင့်လဲ
ကျုပ်တို့မြန်မာလူမျိုးတွေ ကမ္ဘာ့ရှေ့တန်းကိုမရောက်နိုင်ကြတာပေါ့.....


အချုပ်တန်းဆရာဖေ ဆဲသလိုပြောလိုက်ချင်တော့တယ်........အဟုတ်ပါ......
     " မြန်မာတွေစည်းကမ်းဖောက်လို့
      ထီးနန်းပျောက်ဖြစ်ပြီ
      မှီငြမ်းထောက်အသစ်မီတယ်
      ညစ်ပလီလူမျိုး
      မိပြစ်လို့ ဖရှောင်သွေတယ်
      ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး
     မြန်မာချင်းကြွားကြချင်
     ဓားမြအသွင်လူဆိုး
     ခုမြေရှိုးပုန်းရှောင်
     မိုက်မနော်ပြုမဟေးတို့က
     သူ့ပထွေးတော့ ခွေးသို့မယောင်
     ပြောရော့ရဲ့ရာဇ၀င်ပြောင်အောင်
    စာဇင်တောင်ဦးချလို့
    ပလူးရပြေးကြို့ခါခါ
   ခွေးသို့ပမာ
   တွေးမိတိုင်း အရိုးပါနာသည်
                                                   အမျိုးပါဆဲချင်ပေါ့လေး"........... 
တဲ့ .....ဟုတ်တယ်....ဆရာဖေဆဲချင်လဲဆဲစရာပဲ
သူပြောတဲ့အတိုင်းတထေရာတည်းကိုဖြစ်ပျက်နေကြပြီလေ..
ခင်ဗျားရောဘာပြောစရာရှိလဲ...ကျုပ်ကတော့ ဆရာဖေကြီးနှင့်
တထပ်ထဲပါပဲဗျာ............. 

 

Tuesday, April 20, 2010

အဲဒါ ကံတရား

ဟိုတစ်ဘက်ခန်းက မျိုးကြီးရဲ့ "ငါ့ဘေးမှာ မင်းရှိရင် ကော်ဖီဆိုင်သွားဖို့ သိပ်မလွယ်ဘူး" တဲ့
ပြီးတော့ ဘ၀....ဒီမှာငါ.. တစ်ယောက်ထဲ.....စိတ်ဓါတ် ကျတယ် ဆိုပြီးတော့ ဆောင့်ဆောင့် အော်နေပြန်ရော..
အော်....ကုလားပြည်ပူရတဲ့ အထဲ ဒီငနဲကလဲ  ဘာတွေ မကျေမနပ်ဖြစ်ပြီး အော်နေပါလိမ့်.....
လို့ ကျုပ် စဉ်းစားမိတယ်.....

တကယ်တော့လဲ  လူ့ဘ၀ဆိုတာ  လာတုန်းကလဲ  တစ်ယောက်ထဲ....
ပြန်သွားတော့လဲ တစ်ယောက်ထဲပါပဲ ........အမွာပူးတွေကတော့ လာတုန်းကနှစ်ယောက်လာတာပါလို့
မင်းမကပ်နဲ့လေ။ ကံတရားကို ဥာဏ်များလို့မရဘူးကွာ....သူ့ကံနှင့်သူလာပြီး
သူပြုခဲ့တဲ့ ကံတရားအရ သွားကြမှာပဲ။

ကံတရားကို  ခံစားကြည့်ဖို့  နာမ်စားမရှိဘူးဆိုတာကိုတော့  မယုံလို့မရဘူးမဟုတ်လား။
ကံယုံလို့ ဆူးပုံနှင်းရင် ဆူးစူးမှာပေါ့လို့ လို့ ပြောရင် ကံမခိုင် သံတိုင် အိမ်ဆောက်လဲ
နာဂစ်နှင့် တွေ့တော့ ဘာတတ်နိုင်သေးလဲ...........


ဘုရားဟောရှိတယ်လေ.......သဗ္ဗေသတ္တာ ကမ္မသကာ=ကံလျင်ဥစ္စာ၊သတ္တ၀ါ၊သူငါရှိကြသည်။
ကံလျင်အမွေ၊ခံစံပေ၊ ခွဲဝေယူကြသည်၊
ကံလျင်အကြောင်း၊ဆိုးအကောင်း၊ အကြောင်း မှန်လှသည်။
ကံလျင်ဆွေမျိုး၊ကောင်းအဆိုး၊ကြောင်းအကျိုးမှန်လှသည်။
ကောင်းဆိုးကံသာ၊ကိုးကွယ်ရာ၊သေချာမှန်လှသည်။
ယုတ်မြတ်နှစ်ပါး၊ကံတရား၊ခွဲခြားကျိုးပေးသည်။ 
ကမ္မံသတ္တေ ၀ိဘဇ္ဇတိ ၊ယဒိဒံဟီနပ္ပဏီတတာယ'တဲ့ကွ...

လူတွေမှာ မမြင်နိုင်တဲ့ ကံ အစွမ်းသတ္တိတွေရှိကြတယ်။
မွေးကတည်းကပါလာကြတယ်။ အဲဒီ...ကံအစွမ်းကို ချည်းအားကိုးနေလို့မရဘူး၊
လက်ရှိပစ္စုပ္ပန်မှာလဲ အကျိုးပေးတွေထက်မြက်လာအောင်တော့ ကုသိုလ်ကောင်းမှုတွေ
နှင့် ကြားကန်ပေးရမယ်မဟုတ်လား.....လုလ္လ ၀ီရီယတွေလဲ အမှ်တကယ်လိုအပ်တာပါပဲ။
မပြုပဲလှတယ်ဆိုတဲ့ ကံတရားတော့ မရှိနိုင်ဘူးလေ....... 

ရန်ကုန် ကမ္ဘာအေးမှာနေခဲ့စဉ်က ပြန်/ပွား ဌာနမှူးဆရာတော်ကပြောဖူးတယ်
လောကမှာ လုပ်ကြံဖန်တီးမှုမပါရင် ရှေ့တန်းကိုမရောက်နိုင်ဘူးကွတဲ့....
ကြာလေကြာလေ သဘောတရားနှင့်လက်တွေ့ဟာ ကွာဟလာတယ်
"သဘောတရားပိုင်းက လက်တွေ့ကိုဆန့်ကျင်လာနေတယ်....
လောဘဒေါသမကြီးကြဖို့ ပြောနေကြတာလဲ လူတွေပဲ
လောဘဒေါသတွေလွမ်းမိုးပြီးလုပ်ချင်ရာလုပ်နေကြတာလဲလူတွေပဲ..
တခြားတိရိစ္ဆာန်လောကသားတွေသာစကားပြောတတ်ရင်
ခင်ဗျားတို့လူတွေကိုဘယ်နေရာမှာများယုံကြည်စရာရှိသေးလဲလို့မေးကြမှာအသေချာပဲ..တဲ့

 

Monday, April 19, 2010

ဒီလိုပါပဲ

ကျုပ်ရဲ့ကွန်ပျူတာအစုပ်လေးကလဲ တော်တော် ဒုက္ခပေးပါသည်။
အရေးအကြောင်းဆိုပျက်နေတာက များပါသည်။
ဒါကြီးကိုစိတ်လဲညစ်လှပါပြီ။ သံယောဇဉ်လဲတွယ်နေမိပြန်သည်။
ကုလားကိုပေးရတာလဲ အသစ်တလုံးစာလောက်မက နှစ်လုံးစာလောက်ရှိရော့မည်။


ဘာဖြစ်ဖြစ် ချစ်နေမိတော့လဲ..မခွဲနိုင်မခွါရက်ဖြစ်နေမိသည်။
လူစိတ်သည် နားလည်ရန်ခက်ပါသည်။ တွယ်မိတွယ်ရာ တွယ်တတ်သည့်
သဘောရှိသည်။ရောက်ရာဘ၀လေးကို မြတ်နိုးနေတတ်ပြန်သည်။
အမှိုက်တရားများကို ခုံခုံမင်မင်တရှိုက်မက်မက်ရှိတတ်ပြန်ပါသည်။

ကိုယ်ယုံကြည်ရာကို စွဲလမ်းတတ်သည်။
မှားသည်မှန်သည်ကို ဂရုမစိုက် ကိုယ်ထင်ရာ ကိုယ်လုပ်နေရလျှင်
ပျော်မွေ့နေတတ်ပါသည်ကော...

ကျုပ်ကလဲ ဘလောဂါဖြစ်ချင်လွန်း၍ ဘလော့ တစ်ခု ဖန်တီးလိုက်သည်။
ကိုယ့်ဘလော့ ကို ဘယ်သူမှဝင်မကြည့်သော်လဲ ...ကွန်ပျူတာအစုပ်လေးနှင့် တစ်ယောက်
ထည်း တဂျောက်ဂျောက် နှင့် အလုပ်တွေ ရှုပ်နေတတ်ပါသည်။

ခုတစ်လော ကျန်းမာရေးက ကွန်ပျူတာရောလူပါ ဆေးစား ဆေးထိုးခြင်းဖြင့် ခရီးဆက်နေရသည်။
ဒါလဲခပ်ကောင်းဖြစ်တော့သည်။ အိပ်ချိန်စားချိန် မှန်လာသည်။ သို့သော်လဲ...
အင်တာနက်ချိတ်ဆက်ထားသဖြင့် သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ(၀ါ)
သုံးသုံး မသုံးသုံး လစဉ်ကြေးရူပီး(၃၀၃) ရူပီးကိုတော့ ကိုရွှေကုလားကို ဆက်သရသည်။

တော်တော်လေးလဲ ကောင်းပါသည်။(စိတ်ပျက်ဖို့)
လိုင်းကောင်းတာ မကောင်းတာသူအလုပ်မဟုတ်။

Monday, March 29, 2010

ပန်းပိတောက်ကိုမမြင်သော်လည်း......

ခုတစ်လော ခိုင်ထူးရဲ့ ....နွေအကြို ရွှေဥသြ ပန်းပိတောက်ကိုမြင်မှ နွေရောက်တာ...သိတယ်
သြော်..............နွေတဲ့လား?........ဆိုတဲ့သီချင်းက ကန်လန့်ကြီးနားထဲတိုးဝင်နေသည်။

ကုလားပြည်ကနွေက ပန်းပိတောက်လဲမမြင်ရပါပဲ၊ ပူပဲပူနိုင်လွန်းသည်။ဥသြတွေက တော့
နားကြားပျင်းဘွယ် အော်နေတတ်သည်။
ခိုင်ထူးကတော့ ရင်သို့ တိုးဝှေ့နေသောခိုင်ကို နွေရောက်လို့ရောက်မှန်းပင်မသိအောင်
ရှိခဲ့ပေမည်။

ကုလားပြည်မှာတော့  နွေကို ဘာတွေနှင့် သင်္ကေတပြုကြသည်မသိ။
ကုလားတွေကတော့ နေ့အခါ တကိုယ်လုံး တဂေါင်းလုံး ဒီုတီခေါ်သောနံငယ်ပိုင်း
ဖြင့် ရစ်ပတ်၍ မျက်လုံးဖေါ်ရုံထားကာသွားလာလုပ်ရှားနေကြသည်။
ညနေဘက်မှာတော့ အင်္ဂျီမပါ ဗလာကိုယ်တီးဖြင့် နေကြသည်။ပူချက်ကတော့
လန်ထွက်နေအောင်ပူသည်။ ရာဇဂြိုဟ်မြို့ရှိ ဂရမ်ပါနီ(ခေါ်) ရေပူစမ်းသည်
ဘုရားရှင် လက်ထက်တော်အခါက တပေါဒါမြစ်ဖြစ်ခဲ့သည်။
ရေပူခြင်းမှာ လောဟကုမ္ဘီငရဲကို ဖြတ်ကျော်၍စီးဆင်းခဲ့သောကြောင့် ဟုမှတ်သားဖူးသည်။
 ခုတော့ ကုလားတို့ ဤရေကို သောက်သုံးချိုးလျင် အပြစ်ဟူသမျှ ကင်းပျောက်ပြီး။
ရောဂါဘယတို့ ပျောက်ကင်း၍ အသက်ရှည်ကျန်းမာသည်ဟု ယုံကြည်နေကြသည်။
နေ့စဉ်နေ့တိုင်း ရပ်ဝေးရပ်နီးမှ ကုလားအထီး အမ၊ ပုပုရွရွ ၊ဘုစုခရု မက ယောက်သွား
တွေရော ဂဏန်းတွေပါ မကျန် လာရောက်ရေချိုးနေကြသည်က ပျော်စရာပင်ကောင်းလွန်းတော့
သည်။ ပွဲတော်ရက်များဆိုလျင် ကြက်ပျံမကျ၊တိုးမပေါက်စည်ကားသည်။မစည်ကားပဲနေနိုင်ရိုးလား၊
ကုလားပြည် မှာ လူမစည်တဲ့နေရာဘယ်မှာရှိလို့တုန်း။

ဈေးထဲလဲဈေးထဲမို့လို့၊ ဘုရားကျောင်းလဲ ဘုရားကျောင်းမို့လို့၊မြို့လဲမြို့မို့၊တောရွာကလဲတောရွာ
မို့လို့ များလိုက်တဲ့ ကုလား..ပေါလိုက်တဲ့ကုလား.... ကမ္ဘာပြားပြားကြီးတစ်ခုလုံး  ကုလားတို့ဖြင့်
ဖုံးထားသလားလို့ထင်ရသည်ပေါ့....


ထားပါတော့ .....ကုလားနွေပူတာကနေ ကုလားပြည် လူများတဲ့ဆီရောက်သွားတယ်။
ဗမာပြည်ပူတာက ပူရုံပူတာထင်ရဲ့၊ ကုလားပြည်ပူတာက ပူရုံမက လောင်ပါလောင်တတ်သည်။
အပူလိုင်းလို့ခေါ်ကြသည့် အပူလောင်ခံရရင်တော်တော်နှင့် မပျောက်တတ်၊ ယားကယားသေးသည်။
နားတွေကားလို့..မျက်လုံးတွေပါ ပိတ်ကုန်သည်အထိဆိုးသါးသည်။
တိုက်လိုက်သည့်လေက လေပူတွေ။လေပူနှင့်အတူ ဘက်တီးရီးယားပိုးတွေ ပါလာသည်။
နေပူထဲ မထွက်ပါပဲ လဲ အပူလိုင်းဖြတ်တာခံရတတ်သည်။
အခန်းထဲအောင်းနေလျင်လည်း ရေနွေးအိုးထဲ အပြုတ်ခံထားရသလိုဖြစ်နေတတ်သည်။
ညနေ(၅)နာရီမထိုးမချင်း အခန်းအပြင် မထွက်ရဲပဲ တခါးပိတ်၍ အောင်းနေကြရသည်။
ကိုရွှေကုလားတို့တော့ ဘာမှ မဖြစ်ကြ၊


ဆန်းတော့ ဆန်းသည်။ ကုလားတွေကြတော့ ဘာမှမဖြစ်ပါလား...လို့ သူငယ်ချင်းကို ပြောတော့
ကုလားပါဆို...လူမှမဟုတ်တာပဲကွ...ဟုပြန်ဖြေတော့ ပြုံးမိသေးသည်။သူကဆက်ပြောပြန်သည်
ဝိနည်းမှာ သင်ခဲ့ရတဲ့ ဥဏှသမယ ပူသောအခါ၊ ပရိဠာဟသမယ အိုက်သောအခါ ဆိုတာ ရှိတယ်မဟုတ်လား...ဒီကပူတာပြီး အိုက်တဲ့လက ဆက်လာမှာ ကိုယ့်လူ မပူနဲ့တဲ့။


ဘာဖြစ် ဖြစ် နွေရောက်တာကို ပန်းပိတောက်ကိုမြင်မှ သိရသော ခိုင်ထူးကို ကုလားပြည်၌
ပန်းပိတောက် ကိုမမြင်ပါပဲ နွေရောက်တာကို သိနိုင်ကြောင်း ပြောချင်နေမိပါတော့သည်။
 

Friday, March 26, 2010

ကဲ ဘာလုပ်ကြမလဲ........

နည်းပညာတွေကလဲ တစ်နေ့တစ်ခြားကို တိုးတက်ပြောင်းလဲနေတော့တာပဲ။
သူတို့ရဲ့နည်းပညာတွေကို နောင်လာနောက်သားတွေဘယ်လိုများအမှီလိုက်ကြမလဲသိဘူး။
ထူးဆန်းလိုက်တာ.....မယုံကြည်နိုင်စရာတွေလဲ အများကြီးပဲ။
နည်းပညာရပ်ဝန်းမှာ သွားလာလှုပ်ရှားနေရတာကလဲ မျက်ကန်းလမ်းလျောက်သလိုပါပဲ။
အရာအားလုံးက ၀ိုးတိုးဝါးတားရယ်ပါ။

ဝါးတားတားဖြစ်နေလို့ ဆက်မလျောက်ရင်လဲ ကိုယ်ပဲ နောက်ကောက်ကျနေရစ်ခဲ့မှာ
အသေအချာပေါ့။ သူများကွန်ပျူတာဆိုတော့ တာလိုက်ပေါ့။
သူများမိုဘိုင်းတော့ ဘိုင်းလိုက်ပေါ့။ သူများ အင်တာနက်ဆိုတော့လဲ နက်လိုက်တာပါပဲလေ။
အရာအားလုံးမှာ နည်းပညာကရှေ့တန်းရောက်လာတော့ နည်းပညာတွေကို ဥပေက္ခာပြု
လျစ်လျူ ရှု့ရဲရင်တော့ စိတ်ချမ်းသာမှာတော့ သေချာတယ်။

ဒါပေမဲ့ လူတွေကြားထဲတော့ နေလို့ရမယ်မထင်ဘူး။
နေရာတကာအိုင်တီ အိုင်တီနှင့် တတီထဲတီနေကြပြီမဟုတ်လား။အနည်းဆုံတော့
ကလေးတစ်ယောက်လို လေးဘက်ထောက်ပြီးလဲ သွားနေရမှာပါပဲ။တရွတ်တိုက်လဲ
သွားဆိုသွားရမှာပဲ......... လမ်းမှမလျောက်တတ်သေးပဲကိုးနော့။
တစတစ ဒီလိုပဲ ဖြည်းဖြည်းချင်း လှမ်းရင်းလျောက်၊လျောက်ရင်းလှမ်းရမှာပဲပေါ့။
အိပ်ပျော်နေရင်လဲ နိုးလဲ့ပါ။ လမ်းပျောက်နေရင်လဲ လှမ်းမှန်ကိုညွန်ကြပါ။
ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကြတာဟာ လူသားဆန်ပါတယ်နော်။

ကိုယ့်ရဲ့ပညာတွေကိုတော့ မှိုတက် မခံနှင့်ပေါ့။ရှယ်ယာလုပ်ပေးတော့ကုသိုလ်လဲရပါတယ်။
လူ့လောကကောင်းကျိုးကိုလဲ ကျေပွန်သူ အဖြစ်သမိုင်းပေးတာဝန်ကျေသူရယ်လို့
ကိုယ့်ကိုကိုယ် ကျေကျေနပ်နပ်ကြီး ခံယူနိုင်ပေတာပေါ့။

တကယ်တော့လဲ။လောကကြီးမှာ ပညာရှင်တွေသာမပေါ် ပေါက်ခဲ့ရင် ကျုပ်တို့
ဘာမှလုပ်ဖို့  မလိုပါ ဆိုတဲ့ အူကြောင်ကြောင် ဖလော် မျိုးကိုတော့ ဘယ်သူကမှမနှစ်သက်
တာ အမှန်။

ဒီတော့ကျုပ်တို့တစ်တွေ ခေတ်သစ်နည်းပညာ ကမ္ဘာကြီးမှာ အတူတူလျောက်ကြမယ်လေ..

ဘေလာ့ဂ္ဂါဆိုတာသူပဲ