လူရွင်တော်တွေရဲ့ဟာသပြက်လုံးတွေကို ကျုပ်ကြည့်ဖူး ကြားဖူးတယ်...
"ပခုံးနှစ်ဘက်ကြားခေါင်းပေါက်နေပေမဲ့ ဦးနှောက်နှင့်ဆုံးဖြတ်တတ်ရမယ်ကွတဲ့..
နောက်တယောက်ကတော့ ဦးနှောက်နှင့်ဆုံးဖြတ်ပေမဲ့ ရင်ဘတ်ထဲကပါဖို့တော့လိုမယ်ကွတဲ့".....ဟုတ်တယ်..စကားလုံးလှလှတွေက နားထောင်ရတာ
သိပ်ပြီးတော့ ကဏှသုခဖြစ်ပါတယ်....ဒါကြောင့်နုတ်ချို သျိုတပါးလို့ပြောကြတာပေါ့...
ကျုပ်တို့ ခင်ဗျားတို့ စကားချိုချိုလေးတွေ ပြောတတ်အောင်တော့ သင်ယူကြရတော့မယ်နော်..
ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်လို့ ဆိုတာကိုလဲမမေ့သင့်ပါဘူး..
ခြေချော်သည်ထက် နုတ်ချော်ခက် လို့လဲဆိုသေးတာကိုး......
စကားပြောတယ်ဆိုတာအတတ်ပညာတခုပဲ၊ဒေါသ နှင့်ပြောရင်..
.ရေရှည်မှာအောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့
ကျုပ်တို့လက်ခံထားရတော့မယ်..ဘယ်စကားကိုဆိုဆို ရင်ထဲကမပါရင်တော့ နားထောင်လို့တော့
ကောင်းနိုင်ပါတယ်...အတွင်းစိတ်ဓါတ်မမှန်ရင်တော့ မစင်ထုပ်တဲ့အိတ်တစ်လုံးလို မသိခင်တော့
ဖက်တွယ်ကြလိမ့်မယ်...သိလာတဲ့ တနေ့မှာ ဘယ်သူကများတန်ဘိုးထား သိမ်းဆည်းထားတော့မှာလဲ...
ဒါပေမဲ့....အချိန်တော့ မမီတော့ဘူးပေါ့.....ကုန်လွန်ခဲ့တာတွေကိုလည်း နောင်တတွေနှင့် နပမ်းလုံးကြပေမပေါ့...ရွေးချယ်ခွင့်ရှိတဲ့အရာကို ကိုယ်သိလျက်နှင့် မမြင်တတ်တာကတော့ ကျုပ်တို့ ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုတွေပါပဲ....လူတွေရဲ့သဘောက အများယောင်ရင်လိုက်ယောင်တတ်ကြတယ်။တောင်မှန်းမြောက်မှန်းမစဉ်းစားချင်တော့ဘူး။
ဦးအောင်သင်းကပြောဘူးတယ်။မင်းစဉ်းစားတွေးခေါ်မလား? သေမလားဆိုရင် သေမယ်လို့ပြောမဲ့
သူတွေကအများကြီးပဲ တဲ့။ကျုပ်တို့တွေမှာ မျက်စိတစ်ဆုံးမကြည့်တတ်ကြဘူးလေ။ဒီလိုသာ..
ဘာသိဘာသာဆက်သွားကြရင်..အသာနေ၊အသာနေ ဒီကိစ္စငါနှင့်မဆိုင်ဘူး။သူလုပ်လိမ့်မယ်ဆိုပြီး
ရေသာခို၊အချောင်လိုက်နေကြမယ်ဆိုရင်....တစ်နေ့ အဲဒီတစ်နေ့ဆိုတာ မဝေးတော့ဘူး။သူကတော့
စောင့်နေပြီ။ရင်ဆိုင်ဖို့...သတ္တိသာမွေးထားကြပေရော။သူနာမည်က...လူတိုင်းသိတယ်...နောင်တ...
No comments:
Post a Comment
သင့်ရဲ့အမြင်နဲ့ သုံးသပ်ပေးပါဦး